Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။
လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။
Adobe® Photoshop Express ကို ( ဒီနေရာလေးမှာ ) စမ်းကြည့်ပါ။
Adobe® Photoshop Express ရဲ့  ကောင်းခြင်းကတော့ other sites ဆိုတဲ့နေရာမှာ (Facebook) (Picasa) (Photobucket) တို့ ကိုတပြိုင်ထဲ ၀င်ရောက်လို့ ရပါတယ်။
(Photobucket) ကတော့ Image web hosting ရပါတယ်။
Adobe® Photoshop Express beta ကို ( ကိုတေဇာ )ဘလော့က ရခဲ့တာပါ။
ဧည့်မှတ်တမ်း
တူစဉ်ရာ
- Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်… (1)
- ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား (1)
- ငါးလောင်းပြိုင်လူသတ်မှု (1)
- နအဖ ခိုင်းဖတ် ထိုင်းအစိုးရသစ်၏ လုပ်ရပ် (1)
- နအဖ ဆန္ဒခံယူပွဲ သို့ ကန့်ကွက်မဲ သွားပေးစို့ (1)
- ကြက်မိုက် (1)
- ဗီဒီယို (1)
- ဘယ်သူ့ကြောင့်လဲ (1)
- ဖြန့်ဝေခြင်း (2)
- မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ထုတ်ပြန်ကြေညာချက် (1)
- ရခိုင်လူငယ် တဦး ဓါးထိုးခံ၍ သေဆုံး (1)
- ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ (1)
- သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက် (1)
- သတင်း (15)
- ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်ထိန်းသိမ်းခံရ (1)
- ဟာသ (1)
- အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက် (1)
- ကြော်ငြာ (2)
ပိုစ့်အသစ်တင်တိုင်းမေးလ်ပို့မယ်
Blog Archive
-
▼
2008
(52)
-
▼
April
(11)
- Adobe® Photoshop Express
- Firefox အတွက် Zawgyi Setting နည်းလမ်းသစ်
- သီးလေးသီး စင်ကာပူ ဖျော်ဖြေပွဲ
- မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်...
- ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွင်းဖို့ အာဏာပိုင်တွေ စိုင်...
- အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလ...
- ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရနှင့်ပူးပေါင်းသည့်သတင်း
- ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ဒေါက်တိုင်များ
- ခင်မင်ရပါသော ညီအစ်ကို၊ညီအစ်မတို့ ခင်ဗျား။
- မြန်မာ့ ရုပ်ရှင်လောကသားများကိုယ်စား တုံ့ပြန်ကြေငြာ...
- ဂျပန် အိုင်တီ ကုမ္ပဏီ မြန်မာပြည်မှာ ရင်းနှီးမြှုပ်န...
-
▼
April
(11)
April 10, 2008
Adobe® Photoshop Express
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
2:41 PM
2
ယောက်ရဲ့ အမြင်
တူစဉ်ရာ ကြော်ငြာ
April 9, 2008
Firefox အတွက် Zawgyi Setting နည်းလမ်းသစ်
ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်....
firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ..
ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး..
ကဲ... ရှိစေတော့... ရှိစေတော့...
ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ... ကဲ... firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်..
Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့...
Advanced... ဆိုတာ ကိုနှိပ်လိုက်...
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..
ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့...
အခုမှ တကယ့် နည်းသစ် စမှာ...
address bar မှာ
about:config
ဆိုတာရိုက်လိုက်...
serif.x-unicode
ဆိုပြီး Filter မှာ ရိုက်လိုက်...
font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်
ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်....
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ...
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..
မှုရင်း ကိုစေတန်
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
5:31 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ ကြော်ငြာ
April 6, 2008
သီးလေးသီး စင်ကာပူ ဖျော်ဖြေပွဲ
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
8:23 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ ဗီဒီယို
April 4, 2008
မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်းခံရ
ချင်းမိုင်။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့တန်းမြို့တွင် ကျေးရွာတရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စီးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။
ချင်းမိုင် ခေါ် ဇင်းမယ်ခရိုင်အတွင်း၌ ရှိသော မဲ့တန်းမြို့ နောင်ဖိန်မိုင် ကျေးရွာအုပ်တွင် နေထိုင်သူများ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပါဝင်သောအဖွဲ့ကြီးက ကြာသပတေးနေ့ နံနက် ၅ နာရီခန့်လောက်က လာရောက် ဖမ်းဆီးသွားခဲ့သည်။
"ရဲက ဒီမှာ အလုပ်သမား လက်မှတ် မရှိတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သတင်းကြားတယ်။ အဲဒါ လာစစ်ဆေးတယ် ။ နောက် လက်မှတ် မရှိတဲ့လူတွေရယ် နောက် ထောက်ခံစာ မရှိဘဲနဲ့ နယ်ကျော်ပြီးတော့ အလုပ် လုပ်ကိုင်နေတဲ့ လူတွေကိုပါ ဖမ်းသွားတာပဲ" ဟု ရွှေ့ပြောင်းလုပ်သားများအကျိုး ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ ပရာဒီထာ ပရီယာ ကယော့ဖ က မဇ္ဈိမကို ပြောသည်။
"ဒီရွာလေးမှာ ခြုံအလုပ်၊ တောင်ယာအလုပ်၊ ပန်းရံ အလုပ်တို့နဲ့ လုပ်လာတာ ၃ နှစ်လောက် ရှိပြီ ဒီလိုဝင်ဖမ်းတာ တခါမှမရှိဘူး။ အခု ဒီလိုဖမ်းတာဟာ ပထမဦးဆုံးဖြစ်တယ်" ဟု သူမ က ဆက်ပြောသည်။
အဖမ်းခံရသူများအနက် ၂၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် ထိန်းသိမ်းထားပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ရှိသူ ၂၇ ဦးကိုတော့ အာမခံပေးမည်ဟု စုံစမ်း သိရှိရသည်။
နောင်ဖိုန်မိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၁ဝဝ ခန့် ရှိ၍ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျက် ရှိသည်။
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
8:51 PM
1 ယောက်ရဲ့ အမြင်
တူစဉ်ရာ သတင်း
ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွင်းဖို့ အာဏာပိုင်တွေ စိုင်းပြင်း
မေလ လူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ အာဏာပိုင်တွေက ပြည်သူတွေ ဆန့်ကျင် ကန့်ကွက်တာမျိုး အဓိကရုဏ်းတွေဖြစ်လာရင် နှိမ်နင်းမှုတွေလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်မှုတွေကို ရန်ကုန် ဦးဝိစာရလမ်း၊ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ဆက်တိုက်ပြုလုပ်
နေပြီး လူထုကို ခြောက်လှန့်နေတယ်လို့ မြို့ခံ တွေကပြောပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မေလလူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ၊ အဓိကရုဏ်းလုပ်တာမျိုးတွေ ဖြစ်မယ်ဆိုရင် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အဓိကရုဏ်းနှိမ်နင်းဖို့ ပြင်ဆင်ချက်တွေကို ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ည ၁၂ နာရီနောက်ပိုင်းတွေမှာ ပြုလုပ်နေတယ်ဆိုပြီး ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ဟုတ်ကဲ့ ကျနော်တို့ တွေ့နေရတယ်။ မနေ့ကဆိုရင် ကြည့်မြင်တိုင်လမ်းတလျှောက်ပေါ့။အဓိကရုဏ်း တခုဖြစ်လာရင် နှိမ်နင်းဖို့၊ စစ်သားတွေရော၊ ရဲတွေရော။ အရှေ့ ကနေ အရပ်ဝတ်တွေနဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ သူတို့က ပြေးလိုက်၊ နောက်က လိုက်ရိုက်လိုက်၊ ခဲနဲ့ ပြန်ပစ်လိုက်ပေါ့။ အရင်ရက်တွေကလည်း ရွှေဂုံတိုင်လမ်း၊လှည်းတန်းတို့ ဦးဝိစာရလမ်းတလျှောက်တို့မှာ အမြဲတမ်းကြုံနေရတယ်။ လမ်းတွေ
ပိတ်ပြီးလုပ်တယ်။ ကားတွေလည်း သွားလို့မရဘူး။ နောက်တခုက ကားကြီးတွေနဲ့ မီးတွေထိုးထားပြီး လုပ်ကြတယ်။ အဲဒီမှာ သူတို့ပြောနေတာကတော့ တကယ့် အဓိကရုဏ်း ဖြစ်လာရင် နှိမ်နင်းဖို့ပေါ့။ နှိမ်နင်းမယ်။ ဒီလိုဖြစ်ရင် ဒီလိုနှိမ်နင်းမယ်။ နောက်တခုကလည်း ဒီဟာကို သူတို့ တပ်လှန့်တဲ့သဘောပါပဲ။ ကြိုပြီးခြောက်ထားတဲ့ သဘောပေါ့။ ပြည်သူက ဒီလိုလုပ်ရင် သူတို့ဘက်က ဒီလိုပဲ တုံ့ပြန်မယ်ဆိုတာတွေကို သူတို့ လုပ်နေကြတယ်။”
အာဏာပိုင်တွေအနေနဲ့ တညတညကို လူစည်ကားနိုင်မယ့် နေရာနှစ်ခုလောက်မှာ အခုလို လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဦးဝိစာရနဲ့ ပြည်လမ်းတလျှောက်မှာ လေ့ကျင့်တဲ့ညကဆိုရင် လမ်းထဲကကားတွေ ထွက်လို့မရသလို အပြင်က၀င်လာတဲ့ ကားတွေရော၊ လူတွေရော ၀င်လို့မရအောင် ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် ဖြစ်နေကြရပါတယ်။
လေ့ကျင့်နေတဲ့ပုံစံတွေကလည်း အရေးအခင်းတခု ဖြစ်နေသလိုမျိုး ဒိုင်းတွေကာ၊ ကျားတက်ထိုးတဲ့ပုံစံတွေနဲ့ အော်ဟစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ လေ့ကျင့်မှုမှာ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေက ဆန္ဒပြသူတွေလို သရုပ်ဆောင်ပြီး ပြေးလွှားနေရပါတယ်။ ရဲနဲ့စစ်တပ်ကတော့ နောက်ကနေ ပစ်ခတ်နေသလိုမျိုးတွေ လုပ်နေတာမျိုး၊ ဆန္ဒပြသူတွေက ခဲလုံးတွေနဲ့ ပစ်ပေါက်နေတဲ့ပုံစံမျိုး
လုပ်နေတာကို စစ်တပ်နဲ့ရဲက ဘယ်လိုပုံစံနဲ့ နှိမ်နင်းမလဲဆိုတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်နေရ တယ်လို့ ဆိုပါတယ်။
အရှေ့ရွှေဂုံတိုင်လမ်းနဲ့ လှည်းတန်းလမ်းမှာလုပ်တဲ့ညကဆိုရင် ပြည်သူတွေက အိမ်ထဲ တွေကနေ ပွဲကြည့်သလို ကြည့်နေကြပြီး ဒီလေ့ကျင့်မှုကို စစ်တီအီးကား ဆယ်စီး၊ဆယ့်ငါးစီးခန့်က မီးတွေထိုးပေးပြီး လေ့ကျင့်နေတယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်မှုတွေမှာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်နေတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
VOA သတင်းဌာန
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
12:13 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ သတင်း
April 3, 2008
အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်
အခုတလော Blog တွေမှာ အပြောင်းအလဲတွေတော်တော်ဖြစ်လာပါတယ်ဘလော့ဂါ တစ်ချို့ကတော့
အရှုံးပေး လက်မြှောက်သွားကြသလိုတစ်ချို့လဲ လမ်းပြောင်းပြီး မူလစခဲ့တဲ့ အချစ် နဲ့ စိတ်ကူးယဉ်ဘက် ပြန်ရောက် သွားကြပါတယ် သူတို့ကိုလုံးဝနားလည်ပါတယ် ဘလော့ရေးတယ်ဆိုတာ စိတ်ကူးလေးတွေကို ဝေမျှပေးချင်တဲ့ အနုပညာ စိတ်ကြောင့်ပါဘဲ ဒီတော့ ခုချိန် မှာ သွေးတွေနဲနဲကျဲသွားကြတာ သဘာဝကြတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ
ဒါပေမယ့် သွေးမအေးသွားတာ ပြည်တွင်းကလူတွေပါ ခုထိသူတို့သွေးတွေ ဆူနေတုန်း…
နာကျည်းမှုတွေမှာ သွေးညှီနံ့ စိုနေတုန်း…
ဒါကြောင့်ကျွန်တော့်ကို ပြည်တွင်းက ညီ.. ညီမလေး.. တွေဆက်သွယ်လာခဲ့ကြတယ် သူတို့ ခံစားရတာလေးတွေ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေ ယုံကြည်မှုလေးတွေကိုယ်စီနဲ့ပေါ့ဗျာ ရေးအခင်းတလျှောက်လုံးလဲ သူတို့ဘဲ ကျွန်တော့်ကို သတင်းတွေပေးခဲ့ကြတာပါ
ဒါပေမယ့် ဘလော့တော်တော်များများ မှာ အရှိန်အဟုန်ကျဆင်းလာတာနဲ့အမျှ စိတ်ဝမ်းကွဲခြင်း အားလျော့လာခြင်းတွေရှိနေပါပြီ ဒီအချိန်မှာ တိုင်းပြည် အတွင်းက ညီ...ညီမ... ငယ်တွေ အားကိုးနေရတဲ့ ဘလော့ဂါတွေ မှာ ယိုယွင်းလာတဲ့ အသွင်ကို ပြခြင်းအားဖြင့် ခလေးတွေကို စိတ်ဓါတ်ကျဆင်းစေနှိုင်ပါတယ်
ဒီတော့ ကျွန်တော်တို့ မျိုးချစ်မြန်မာ ဘလော့ကနေပြီးတော့ ပြောပြချင်တာတစ်ခုရှိပါတယ်
ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကလေးတွေကို ဦးဆောင်ပေးဖို့ ကူညီဖို့ လမ်းပြပေးဖို့ ညွှန်ကြားပေးဖို့ အတွက် အကိုအမတွေအနေနဲ့ ကျွန်တော်တို့ ဘလော့ဂါတွေမှာ လုံးဝတာဝန်ရှိတယ်လို့ ယူဆပါတယ် အခုလို ကလေးတွေကို ဦးဆောင်သူမဲ့ နေတဲ့ အချိန်မှာ ကျွန်တော်တို့ ကနေပဲ့ကိုင်ပေးပြီး ဖေးမပေးဖို့လိုအပ်နေပါပြီ ခုချိန်ကစပြီး ကျွန်တော့်ရဲ့ မိတ်ဆွေတွေအားလုံးကို တစ်ခုအသိပေးလိုပါတယ် နောက်ဆုံးတော်လှန်ရေးအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ကျွန်တော်တို့ ဦးဆောင်ကူညီဖြေရှင်းပေးသွားမယ် ကျွန်တော်တို့ကိုလဲ မိမိတတ်နှိုင်သမျှ ကူညီပေးကြပါ ငွေရေးကြေးရေး နဲ့ လုံးဝမကူညီပါနဲ့ ဘယ်သူ့ပိုက်ဆံမှ မလိုချင်ပါဘူး ကျွန်တော်တို့လိုချင်တာ စာနာမှု နဲ့ ကိုယ်ချင်းစာတရားပါဘဲ
ဒီတော့ လှုပ်ရှားမှုအရှိန်အဟုန်ကို ပြည်တွင်းမြေအောက် တော်လှန်ရေး အဖွဲ့တွေကနေ စတင်တော့မှာဖြစ်ပါတယ် ပူးပေါင်းကူညီလိုသူများ ဆက်သွယ်ကြစေလိုပါတယ်
ကျွန်တော့်ကိုဆက်သွယ်ရင် ကျွန်တော်မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ကျွန်တော်ကိုတခုနားလည်ပေးစေချင်ပါတယ် ကျွန်တော့်လူတွေ လုံခြုံရေးအတွက်မို့ မေးစရာရှိတာတွေ ပြတ်ပြတ်သားသား မေးရပါလိမ့်မယ် ဒါကိုနားလည်ပေးကြပါ နောက်တစ်ခုက ဒီကိစ္စ ကို ကျွန်တော့် CBox ထဲမှာ လုံးဝမေးမြန်းခြင်းမပြုပါနဲ့ ဒီကိစ္စကို ဆီဘောက်ထဲမှာ ဘာမှဆွေးနွေးလို့မရပါဘူး
စိတ်ဝင်စားသူများ ကျွန်တော့်ကို အမည် နေရပ်လိပ်စာ ကိုယ်ရေးရာဇဝင် အပြည့်နဲ့ ဆက်သွယ်ပါ
အဲဒါတွေမပေးနှိုင်ဘူးဆိုရင် ဘာမှလဲလုပ်စရာမလိုပါဘူး ကျွန်တော် နားလည်ပါတယ်
ကျွန်တော်တို့ မိတ်ဆွေရဲ့ Biography မသိဘဲ လုံးဝ လက်မခံနှိုင်ပါဘူး
Biography ရလဲ တထစ်ချတော့ မယုံသေးပါဘူး ပြန်လိုက်ရဦးမှာပါ
ဘာလို့လဲဆိုတော့ ဆက်သွယ်သူတွေထဲမှာ နအဖ လူက အများစုပါနှိုင်လို့ပါ
အဲဒါအားလုံးကို မိတ်ဆွေတို့ လက်ခံနှိုင်မယ်ဆိုရင်တော့ တစ်ခုပြောချင်ပါတယ်
အကောင်းဆုံး မြေသြဇာ ၏ လှုပ်ရှားမှုများ အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
8:09 PM
0
ယောက်ရဲ့ အမြင်
April 2, 2008
ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရနှင့်ပူးပေါင်းသည့်သတင်း
စစ်အစိုးရအပေါ် သဘောထားပြတ်သားသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဆေးခွင့်ဖြင့် အနားယူနေသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရ
နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်နေမှုအပေါ် NMSP က အတည်မပြုနိုင်သေးဟု ပြောသည်။
NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက လက်နက်ချလိုက်သည်ဟု ကောလာဟလများ ထွက်နေမှုအပေါ် ဗိုလ်ချုပ်အောင်နိုင်နှင့် အဆက်သွယ်မရရှိသေးသဖြင့် အတည်မပြုနိုင်ကြောင်း၊ သူသည် မွန်ပြည်သစ် လွတ်မြောက်ရေးတပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် လက်နက်ချမည်ဟု မယုံကြည်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ ဆေးကုရန် သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်နိုင်သည် လက်ရှိအချိန်အထိ NMSP နှင့် အဆက်သွယ်ပြုလုပ်ခြင်း မရှိသေးပေ။
နိုင်အောင်မငေးက “ကျနော်တို့ လှမ်းပြီး စုံစမ်းတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဘားအံမြို့နယ်၊ ခယားကျေးရွာဘက်ခြမ်းမှာ သူရောက်နေတယ်လို့ မြေပြင်သတင်းကြားရ တယ်။ ကျနော်တို့သွားပြီးစုံစမ်းတော့ သူမရှိတော့ပြန်ဘူး ဖြစ်နေတယ်လေ” ဟု ပြောသည်။
ပြီးခဲ့သည့် လလယ်ပိုင်းက ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရထံမှ လက်နက်အကူအညီအပြင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းတချို့ အကူအညီဖြင့် မွန်နယ်မြေတွင် ပြန်လည်အခြေချ မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
အဆိုပါကိစ္စအပေါ် နိုင်အောင်မငေးက “ကျနော်တို့ ဗဟိုကော်မတီဝင်ဟောင်းတွေဖြစ်ကြတဲ့ နိုင်တင်အောင်ရော၊ ကိုစိုးမြင့်ကိုရော တိုက်ရိုက်ဆက်သွယ်တယ်။ သူတို့က ဒီကိစ္စမှာ လုံးဝ
ပါဝင်ပတ်သက်မှု မရှိဘူး၊ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမျိုးသား သစ္စာဖောက်တယောက် ဖြစ်နေမှာမို့လို့ ဒီကိစ္စမှာ ပါဝင်ကူညီမှုမရှိဘူးလို့ သူတို့ကပြောတယ်”
ဟု ပြောသည်။
စစ်အစိုးရသည် ၎င်းတို့အပေါ် ဆန့်ကျင်သော အဖွဲ့အစည်းမှန်သမျှကို ဖဲ့ထုတ်စည်းရုံးခြင်း
အပါအ၀င် နည်းမျိုးစုံနှင့် သတ်လျှိုဖြိုခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနဌာနမှ ဦးဌေးအောင်က ပြောသည်။
၎င်းက “ဥပမာအားဖြင့် ကေအန်ယူမှာဆိုလို့ရှိရင်လည်း ဗိုလ်ချုပ်ထိန်မောင်တို့ဖြစ်ခဲ့တဲ့ သာဓ ကတွေ၊ တခြားလူတွေမှာလည်း ဖြစ်ခဲ့တဲ့သာဓကတွေ အများကြီးရှိတယ်။ မွန်ပြည်သစ်ပါတီ မှာလည်း အလားတူ သူတို့ထိုးဖောက်ပြီးတော့ သဘောထားကွဲလာအောင်၊ အချင်းချင်းကြား ထဲမှာ မညီမညွတ်ဖြစ်လာအောင်၊ လုပ်နိုင်တဲ့အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်တယ်”
ဟု ပြောသည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကန့်ကွက် သည့် တခုတည်းသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည်။ ။
ခေတ်ပြိုင်
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
12:27 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ သတင်း
ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ဒေါက်တိုင်များ
လူမှုရေးအဖွဲ့အစည်း အမည်ခံထားသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ဆောင် ချက်အမှန်ကို ပြည်သူများ သိရှိစေရန်အတွက် ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ ဒေါက် တိုင်များအမည်ရှိ စာအုပ်ကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (NDD) သုတေသန
နှင့် မှတ်တမ်းတင်ဌာနက ယမန်နေ့၌ ဖြန့်ချိ လိုက်သည်။
လူမှုရေးအဖွဲ့အစည်းအမည်ခံ အဆိုပါအဖွဲ့သည် စစ်အာဏာရှင်များ၏ အသုံးချခံဒေါက်တိုင်များ ဖြစ်နေသည့်အခြေအနေများအား ဖော်ပြထား သည့် အဆိုပါစာအုပ်တွင် ဓာတ်ပုံမှတ်တမ်းများ
နှင့် အခန်း (၅) ခန်းပါရှိသည်။
NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ကြီးကြပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်က “ဒီအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် အစစ်အမှန်တွေကို လူထုအများစု ထဲထဲဝင်ဝင် မသိကြဘူး။ အဖွဲ့ထဲ စိတ်မပါဘဲ အသုံးချခံဖြစ်နေရတဲ့ လူတွေ၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေ၊ ဝန်ထမ်းတွေလည်းပဲ စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်နောက်ကွယ်မှာ လှုပ်ရှားနေတာကို မသိကြဘူး။ အဲဒါကိုအမှန်အတိုင်း သိရှိအောင် ကျနော်တို့စုဆောင်းထားတဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံအချက်အလက်တွေ၊ ပြည်တွင်းက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ထောက်ပြပြီး သူတို့အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ရည်ရွယ်ထုတ်ဝေရတာဖြစ်တယ်” ဟု
ပြောသည်။
၁၉၉၃ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့သည် လူမှုရေး အသင်းအဖွဲ့ဖြစ်သော်
လည်း အသင်းနာယကမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး အဖွဲ့ဝင်များမှာ ထိပ်တန်းခေါင်း ဆောင်များ၊ စစ်တိုင်းမှူးများ ပါရှိကြောင်း၊ အသင်းကို နေ့စဉ်စီမံခန့်ခွဲနေသည့် အတွင်းရေးမှူး များအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် လက်ရှိ နအဖဗိုလ်ချုပ်များ၊ ဒု-ဝန်ကြီးများ၊ မြို့တော်ဝန်များကို တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အသင်းတလျှောက်လုံး လုပ်လာခဲ့မှုများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများမဟုတ်ဘဲ စစ်
အစိုးရ၏ နိုင်ငံရေးဦးတည်ချက်များအား ထောက်ခံ၊ အကောင်အထည်ဖော်ပေးသည့် လုပ်ရပ် များသာဖြစ်ကြောင်း၊ အထင်ရှားဆုံးအချက်မှာ မကြာခင်မှာပြုလုပ်မည့် စစ်အာဏာရှင်စနစ်ကို အတည်ဖြစ်စေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံလူထုဆန္ဒခံယူပွဲ၊ ၂၀၁၀ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတို့ အတွက် ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး ပြည်သူလူထုကို ခြိမ်းခြောက်စည်းရုံးမှုများလုပ်နေ
သည်ဟု ဦးဌေးအောင်က ပြောသည်။
ယင်းသို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ယင်းစနစ်၏ ဒေါက်တိုင်အဖြစ် နအဖက အကောင်အထည်ဖော်နေမှုများကို အများသိရှိရန် ယခုကဲ့သို့ စာအုပ်ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
စာအုပ်အလိုရှိသူများ NDD-DRD စာတိုက်သေတ္တာအမှတ် ၁၇၉၊ မဲဆောက် စာပို့သင်္ကေတ
၆၃၁၁၀ နှင့် အီးမေးလ်လိပ်စာ ndddrd07@csloxinfo.com သို့ ဆက်သွယ်နိုင်သည်။ ။
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
12:21 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ သတင်း
April 1, 2008
ခင်မင်ရပါသော ညီအစ်ကို၊ညီအစ်မတို့ ခင်ဗျား။
ခင်မင်ရပါသော ညီအစ်ကို၊ညီအစ်မတို့ ခင်ဗျား။
ကျွန်တော်တို့ အချိန်မရှိတော့ပါ။ ထိုအတူကွဲပြားနေသောအခြေအနေတွေအမျိုးမျိုးကြောင့်လည်း ရန်သူမှာတဖြေးဖြေးချင်း
ကျွန်တော်တို့ ရဲ့ နယ်မြေကိုလိုက်လံသိမ်းပိုက်သလို တစ်ခုပြီးတစ်ခု လိုက်လံသိမ်းပိုက်ထိုးစစ်ဆင်နေသည်ကိုတွေ့ ရ၊ မြင်ရပါသည်။
ကျွန်တော်မြင်သောအမြင်ကိုသေသေချာချာဆန်းစစ်လေ့လာပြီး ပြည်သူကိုပြတ်ပြတ်သားသား လိုရင်းတို ရှင်း ပွိုင့် တစ်ခုတည်းကိုသာအခြေခံ၍
ဘာကြောင့် ကျွန်တော်တို့  ရွေးကောက်ပွဲကို NO VOTE လုပ်ရတယ်၊ VOTE NO ကိုလုပ်ရတယ် ဆိုတာကို ပါ။
ရှည်ဝေးသော၊အခင်းတွေကိုလည်းမခင်းချင်တော့ပါခင်ဗျား ၊ NO VOTE ဟုပြောကြသော်လည်း အခြေအနေမှာ စစ်တပ်က ၄င်းတို့ ၏လက်ကိုင်ဒုတ်များမှတဆင့် ကြောက်ရွံ့  ခြင်း၊ တွေဝေခြင်း၊ငတ်မွတ်ခြင်းဖြစ်ပေါ်ခံစားနေရသော
ပြည်သူတို့အပေါ်တွင် မသမာသောနည်းပေါင်းစုံဖြင့် တရားသည်မတရားသည်ကို လည်းမမှုဘဲ လုပ်ဆောင်ခြင်းကိုပြင်းထန်စွာလုပ်ဆောင်လာပါက
ပြည်သူများက မဲရုံသို့ မဲသွားပေးသည့်အခါ VOTE NO ဖြင့်ဆက်လက်ဆန့် ကျင်ရန်ဆိုသော မှုကိုချထားကြရသည်ကိုတွေ့ ရသည်။
( သိုသော်လည်း နိုင်ငံရဲ့ လက်ရှိပကတိအဖြစ်အပျက်ကိုသေသေချာချာသိရင်ဖြင့် ပြည်တွင်းမှကိုယ်တိုင်မျက်မြင်တွေ့ ရသော
ပြည်သူတွေရဲ့ ဘ၀မှာနင်းပြားဘ၀မှာထက်ပို၍ပင်ဆိုးသောအခြေအနေကို ရောက်နေကြပေသည်၊မကျေနပ်သောလည်းဘာမှ
မလုပ်နိုင်ပါ၊ စကားနည်းရန်ဆဲဆိုသောမှုကိုကိုင်ကာ နောက်ဆုံးအချိန်တွင်ကပ်ပြီးတော့ လုပ်မည်ဆိုသောနည်းကိုသာလျှင်
ကျင့်သုံးတော့မည်သာဖြစ်သည်ကိုတွေ့ ရသည်)
ကျွန်တော်တို့ မှာ တစ်လမ်းဘဲရှိပါတော့သည်၊ နိုင်ငံရေးသိပ္ပံစကားလုံးများဖြင့်ပြည်သူကိုချပြနေရမဲ့ အချိန်မဟုတ်သလို ၊
အခင်းအကျင်း နိုင်ငံရေး သိပ္ပံမဟာဂုဏ်ထူးတန်း အောင်များရဲ့ အပြောအဆို များရဲ့ အသံကိုလေလှိုင်းပေါ်မှနေစဉ်ရက်ဆက်
ချပြနေသောလည်း ပြည်ပသော်၎င်း၊ ပြည်တွင်းသော်၎င်း တနိုင်ငံလုံးအတိုင်းတာနှင့် ပညာတတ်အသိုင်းဝိုင်းများရဲ့ ၂% ပြည့်အောင်ပင်
နားထောင်တွေးတောစဉ်းစားနေကြသောလူများလည်းမရှိကြပါ။
အဘယ်ကြောင့်ဆိုသောဆိုးဝါးသောနေ့ တဓူဝ မိမိအိမ်ထောင်စု အသက်ဆက်ရှင်သန်ရေး၊ ဘိုးပိုင်၊ကိုယ်ပိုင်ပစ္စည်းကိုမင်းမဲ့ ဥပဒေအောက်တွင် လုံခြုံအောင်ထိန်းရေး၊
ကိုယ်ကျန်းမာရေးကိုကိုယ်ဂရုစိုင်ရေးနှင့် ၊ကိုယ်မိသားစုဆိုတာကို သာဦးတည်နေရအောင်စစ်အစိုးရမှထောင့်ပေါင်း၊နေရာပေါင်းစုံ၊နည်းပေါင်းစုံဖြင့်
နှစ် ၂၀အတွင်း ကျုံးသွင်းဆောင်ရွက်လာသောကြောင့်ဖြစ်လာသောအခြေခံအကြောင်းတရားကြောင့်ပင်ဖြစ်ပါသည်။
ကျွန်တော်တို့ အနေနဲ့ အများကြီးပြည်သူကိုချပြပြောဆို နေစရာ၊ အခုချိန်မှာမလုပ်သင့်တော့သလို ၊ အခုချိန်မှာနောက်ကြောင်းတွေကို
ပြန်ပြီးတော့ ၊ခိုင်းနိုင်းတင်ပြပြောဆိုရမည့်၊ တခြားနိုင်ငံတကာအခြေအနေ၊စံချိန်၊စံထားတွေနှင့်ယှဉ်တွဲပြောဆိုကာ အချိန်ကုန်၊အချင်းချင်းသွေးဝမ်းကွဲ ရမည့်အချိန်လည်းမဟုတ်တော့ပေ။
ကျွန်တော်တို့ အနေနှင့်ပြည်သူကိုချပြပြောဆိုရမည်မှာတစ်ခုတည်းရှိပြီး၊ထိုတစ်ခုတည်းနှင့်ပင် စစ်အစိုးရရေးဆွဲသောအခြေခံဥပဒေကို ပြတ်ပြတ်သားသား
ကန့်ကွတ်သည်၊ ဆန့်ကျင်သည်ဆိုတာကို ပြောဖို့ ပင်ဖြစ်ပါသည်။
ထို အကြောင်းမှာ " န၀တ၊နအဖ စိတ်ကြိုက်၊ပုလင်းတူ၊ဗူးဆို့များမှ အမျိုးသားညီလာခံမှထွက်လာသော၊ အတည်ပြု ထားသော၊ အခြေခံဥပဒေကို ရေးဆွဲရာတွင်
အဓိကအခြေခံရမဲ့ အကြောင်းများမှ တဆင့် န၀တ၊နအဖ စိတ်ကြိုက်ခေါင်းခေါက်ရွေးချယ်သော အခြေခံဥပဒေရေးဆွဲရေးကော်မတီမှ ရေးဆွဲ ထုပ်လိုက်သော
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေတွင် နိုင်ငံသားတစ်ယောက်၏ အဓိက၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အဓိကဖြစ်သော
နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင်၊လုပ်ပိုင်ခွင့်၊ မဖြစ်မနေခံစားပိုင်ခွင်၊လွတ်လပ်ခွင့်၊ကိုးကွယ်ခွင့်၊ မျှတခွင့်၊ လုံခြုံသောဥပဒေအောက်တွင်နေထိုင်ခွင့်၊စသော
Citizen Individual Right ကိုမတွေ့ ပါ၊
ကျန်သောအချက်များကိုကျွန်တောအနေနှင့် ဥပဒေပညာရှင်လည်းမဟုတ်၊ နိုင်ငံရေးသပ္ပံဆရာလည်းမဟုတ်သောကြောင့် ၀င်ရောက်မဆွေးနွေးမပြောချင်
သောလည်း၊ ကျွန်တော်ပြောချင်သောအချက်မှာ မြန်မာနိုင်ငံတွင်နေထိုင်သောတိုင်းရင်းသားပြည်သူတစ်ဦးတစ်ယောက်ခြင်း၏အဓိကသက်ဆိုင်သော
individual right တစ်ခုမှ၊ ဘယ်အခန်းတွင်မှရေးသားဖေါ်ပြထားခြင်းမရှိပါ။ ထိုအချက်တစ်ခုတည်းနှင့်ပင်ကျွန်တော်တို့ သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော
ကြောင့်ထိုအခြေခံဥပဒေကြီးကို လုံးလုံးလျားလျားဆန့်ကျင်ကန့်ကွက်ကြောင်းပြောကာ န၀တ၊နအဖ ကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒံယူပွဲကို ရိုက်ချိုးလို့ရသည် ၊
ပြည်သူများမှ စစ်အဏာရှင်အစိုးရကို ပြတ်ပြတ်သားသား ပြောဆို ကန့် ကွက်လို့ ရသည်ကို ဟုပြောဆိုရခြင်းဖြစ်ပါသည်။
ခင်မင်လေးစားစွာဖြင့်
စိုင်းမွန်
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
1:42 PM
1 ယောက်ရဲ့ အမြင်
မြန်မာ့ ရုပ်ရှင်လောကသားများကိုယ်စား တုံ့ပြန်ကြေငြာချက်
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာတွေတစ်ချို့က ထောက်ခံမဲထည့်ဖို့ စည်းရုံးလှုံ့ဆော်မယ့် ဝါဒဖြန့်ချိရေးကားတွေ ရိုက်ကူးဖို့ စီစဉ်နေပါတယ် ဆိုပြီး တိတိကျကျကို ဖေါ်ပြထားတဲ့ စာထွက်လာပါတယ်
ဒါကို ဘလော့တစ်ခု မှာ ဒီ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေက ရဟန်းသံဃာတွေ ကျောင်းသားပြည်သူတွေကို သစ္စာဖေါက်သူတွေဆိုပြီး ပြင်းပြင်းထန်ထန် ရေးလာတာလဲ တွေ့ရပါတယ်
ဒါကိုဖတ်ရတော့ ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်
ဘာလို့လဲဆိုတော့ အတွင်းမှာနေထိုင် ရုန်းကန်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ဘဝကို မသိကြတဲ့ လူတွေကြောင့်ပါ
မြန်မာ့ရုပ်ရှင်လောကဟာ ဘယ်တုန်းကမှ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်က မရုံးထွက်နှိုင်ခဲ့ပါဘူး
မဆလ ခေတ် တလျှောက်လုံးကျွန်တော် ရုပ်ရှင်လောက ထဲမှာကြီးပြင်းလာခဲ့တာပါ
အစိုးရက ရုပ်ရှင်လောက သားတွေကို ဖလင်ထုတ်ယူခွင့် ကနေစလို့ ဆင်ဆာခွင့်ပြုမှု ထုတ်ဝေခွင့် က ကြီးကနေ အ အထိပေါ့ဗျာ လိုက်ထိန်းချုပ်ထားခဲ့တာပါ ပြီးတော့ ကြုံရင်ကြုံသလိုလဲ သူတို့ အကျိုးပြုကားတွေ ရိုက်ခိုင်းလေ့ရှိပါတယ်
ကျွန်တော်တို့လဲ မရိုက်ချင်ဘဲ အစိုးရကားတွေ ရိုက်ပေးခဲ့ရတာတွေရှိပါတယ်
သူတို့ရိုက်ခိုင်းရင် ငွေလဲမရတဲ့အပြင် သူတို့ထုတ်ပေးတာမလောက်လို့ ကိုယ်လဲအိပ်ထဲကစိုက်ရ အဆိုးဆုံးက ပြည်သူက အမြင်ကပ်တာလဲခံရလို့ ဘယ်သူမှတော့ရိုက်ချင်တာမဟုတ်ဘူး
ဒါပေမယ့် မရိုက်ပေးဘူးလို့ ငြင်းပြန်ရင်လဲ လူကြီးလူကောင်းခွေးမသားတွေက အငြိုးတကြီးနဲ့ကို ဆော်တော့တာဘဲ
ကိုယ်ရိုက်တဲ့ ကားကျတော့မှ ဇာတ်လမ်းရိုက်ကူးခွင့်ပယ်မယ် ဖလင် ထုတ်ပေးရင် ကန့်သတ်မယ်
(အပြင်ကဝယ်ရိုက်နေရတာဈေးကြီးမှန်းသိလို့..)
နောက်ဆုံးဆင်ဆာတင်တော့လဲ ကပ်ညစ်မယ်
ဒီလို တောက်လျောက်ကိုဆော်တော့တာဗျို့
ဒါတောင်သူတို့ကို ဘာမှ ပြောရ လုပ်ရသေးတာမဟုတ်ဘူး
တခုခုများ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး သူတို့ကိုဆန့်ကျင်တဲ့သူတွေဆိုရင်တော့
လုပ်စားခွင့်တောင် အကန့်အသတ်မရှိပိတ် ပစ်တော့တာဘဲ
အနုပညာ သမားတယောက်ကို အနုပညာနဲ့ လုပ်စားခွင့်က ပိတ်ပင်လိုက်တာဟာ
ငါးကိုရေထဲက ဆယ်ပြီးသောင်ပြင်ပေါ် ပစ်လိုက်သလိုပါဘဲ
ဒီတော့ ကိုယ်ချစ်တဲ့ လောကလေး ကိုမစွန့်ခွာနှိုင်တဲ့အခါ
မချစ်သော်လဲ အောင့်ခါနမ်းပြီး မျက်စိမှိတ် လုပ်ပေးခဲ့ရတာ ခေတ်အဆက်ဆက် ကပါ
ဒါပေမယ့် စုန်းပြူးတွေကလဲ ခေတ်အဆက်ဆက် မှာရှိခဲ့ဖူးပါတယ်
အစိုးရ ကိုမျက်နှာလို အားရလုပ်ပြီး ကိုယ့်ကောင်းကျိုးအတွက် ဖါးခဲ့တဲ့ သူတွေလဲရှိခဲ့ပါတယ်
ပြီးရင် Cell Phone Permit လေးတောင်းလိုက် Car Permit လေး တောင်းလိုက်ပေါ့နော်
တစ်ချို့ကျတော့လဲ တကယ်ကို ဆင်းရဲရှာလို့ ဒီလိုလုပ်ကြရတာပေါ့ဗျာ
တစ်ချို့ကကျတော့ သာကူး လို့ခေါ်တဲ့ သစ္စာဖေါက် အစစ်တွေပေါ့
ဘယ်သူသေသေ ငတေမာရင်ပြီး တဲ့လူတွေကတော့ နေရာတိုင်း အလွှာတိုင်းမှာ ရှိကြစမြဲပေါ့
ဒါပေမယ့်ဗျာ ခုတိုင်းပြည် အနေအထားက မဆလ ခေတ်ထက် အများကြီးဆိုးနေပါပြီ
အရမ်းလဲ ဆင်းရဲနေကြပြီ ငတ်မွတ်နေကြပြီ
ယုံကြည်မှုထက် ကြောက်ရွံ့ခြင်းက အားသာနေပြီ
ဒီကောင်တွေ ခိုင်းတာမလုပ်ရင် ဘာဖြစ်နှိုင်တယ် ဆိုတာလဲ အားလုံးသိနေကြတဲ့အခါ
ကိုယ်နဲ့ ကိုယ့်မိသားစု လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ လုပ်ပေးကြရတော့တာပေါ့
ဒါကို အပေါ်ယံလေး ကြည့်ပြီးတော့ အစိုးရ ကားရိုက်တယ်ဆိုရင် သစ္စာဖေါက်ပဲ ဘာညာစွတ်ပြောလို့ မရဘူးဗျ
ပြည်တွင်းက အနုပညာသမားတွေက သေနပ်ပြောင်းဝ မှာမလူးသာ မလွန့်သာဖြစ်နေတုန်း
ရွေးချယ် ငြင်းပယ်ခွင့် မရှိတဲ့ ဘဝ ကိုနားလည်မပေးဘဲ လက်တစ်ဆုတ်စာရှိတဲ့ သာကူး တစ်ချို့နဲ့ အတူတူ သတ်မှတ်ပြီး
သစ္စာဖေါက် လို့သတ်မှတ်လိုက်မယ်ဆိုရင် အမြင်ကျဉ်းလွန်းရာကြပါတယ်ဗျာ
ရုပ်ရှင် လောက မှာ သေချာ ထဲထဲဝင်ဝင် မနေခဲ့ဘူး လို့ မစာနာတတ်တာလို့ဘဲထင်ပါတယ်
ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး
နောက်ပြီး ကာယကံရှင်တွေ ကိုသေချာမမေးဘဲ လမ်းပေါ်မှာဝေတဲ့စာလေးတစ်စောင် ကို
ကိုးကားပြီး သစ္စာဖေါက် တွေဘာညာခေါ်ဖို့ ဆိုတာ နဲနဲလေး မစောလွန်းဘူးလားဗျာ
မောင်မျိုးမင်းတို့ ညီလာခံကား ရိုက်တုန်းကဆို ကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့ပါတယ်
သူတို့က စေတနာဗလပွနဲ့ ဖါးယားပြီးလုပ်ကြတာပါ
ဒီလိုလူတွေ ကိုတိုက်ခိုက်ဖို့ တော့ ကျွန်တော်ကိုယ်တိုင် အားပေးကူညီမယ်
အခု အရေးအခင်း ဖြစ်ပြီးတော့ အခြေအနေ တွေက မတူတော့ဘူးလေ
အနုပညာလောက သားတွေအားလုံး မလှုပ်ရဲ အောင်ကို ချုပ်ထားကြပါပြီ
လုပ်ရတာနဲ့ ပြန်ခံရမှာ ကို မတန်ဘူး ဆိုတာသိအောင် သူတို့ မှိုင်းတိုက်ထားလိုက်ပြီလေ
ဒါကို သူတို့နေရာမှာ သူတို့နဲ့ တန်းတူ ရင်ဆိုင်နေရတာ မဟုတ်ဘဲနဲ့
ကိုယ်က လွတ်လပ်တဲ့နိုင်ငံမှာ Computer ရှေ့ထိုင်ပြီး Key Board လေးတပြင်ပြင်နဲ့
အလကားရေးရတာဘဲ ရေးလိုက်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ရေးတိုင်းသတင်း မဖြစ်ပါဘူး
ကာယကံရှင်တွေ ဘာကြောင့် ဘယ်လို ရပ်တည်နေရတယ်ဆိုတာ သေချာစုံစမ်းသင့်ပါတယ်
ကျွန်တော်ကတော့ သေချာစုံစမ်းပြီးမှ သုံးသပ်ပြီးရေးတာပါ
ကိုယ်တိုင်လဲ ဆက်သွယ်မေးမြန်းပြီးပါပြီ
ကိုယ်ရေးရပြီးရောရေးတဲ့ သတင်းကတော့ မြန်မာ့အလင်းမှာ ဖတ်ရတာနဲ့ တူတူပါဘဲ
ကျွန်တော် အခုလဲ ဘာမှမပြောတော့ပါဘူး လို့ စဉ်းစားထားရင်း သတိရလာတာရှိလို့ပါ
ကျွန်တော် နိုင်ငံရေးသမား မဟုတ်ဘူး လူမှုရေးသမား
ကျွန်တော် အမိမြေကိုချစ်တယ် မြန်မာတွေကိုချစ်တယ်
ဒီတော့ မြန်မာလူမျိုး တွေ ကိုအသက်ရှိနေသမျှ ကာကွယ်သွားမယ်
ကျွန်တော် ကိုပါချင် ကိုသိချင် မဟုတ်ဘူး အနုပညာ မျိုးဆက် စစ်စစ် ဖြစ်တယ်
အနုပညာ လောကကို အထူးသဖြင့် ရုပ်ရှင်လောက ကိုချစ်တယ်
တတ်ယောင်ကားစိတ်နဲ့
ကျွန်တော့် လူတွေ မြန်မာ့ အနုပညာလောကသားတွေ
ရုပ်ရှင်လောကသားတွေကို တစ်ဖက်သတ် စော်ကားလာရင် ငုံ့ခံမယ့်ကောင်တော့ မဟုတ်ဘူး
သေချာတာတစ်ခုတော့ရှိတယ်
ကျွန်တော် ဒီ Post ရေးတာ လူစိတ်ဝင်စားအောင်တော့မဟုတ်ဘူး
ခံယူချက် ယုံကြည်မှု နဲ့ရေးတာ ဘယ် အမည်မသိ မိတ်ဆွေကြီးကမှ ပေးတဲ့သတင်းမဟုတ်ဘူး
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
12:35 PM
0
ယောက်ရဲ့ အမြင်
တူစဉ်ရာ ဖြန့်ဝေခြင်း
ဂျပန် အိုင်တီ ကုမ္ပဏီ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမည်
ဧရာဝတီ
မြန်မာနိုင်ငံတွင် ဂျပန် နာမည်ကြီး ဒိုင်အာချီ ( DAIICHI COMPUTER RESOURCE CO.,LTD ) အိုင်တီကွန်ပျူတာ ကုမ္ပဏီကြီးက အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရန်ကုန် ကွန်ပျူတာလုပ်ငန်းရှင် အသိုင်းအဝန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ စုံစမ်းသိရှိရသည်။
ကွန်ပျူတာဟတ်ဝဲ(Hardware) အစိတ်အပိုင်းများထုတ်လုပ်သည့်စက်ရုံ တည်ထောင်ခြင်း၊ ဆော့ဖ်ဝဲ( Software ) ဆိုင်ရာသင်တန်းကျောင်းများ တည်ထောင်ခြင်း ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ အတွက် ဆော့ဖ်ဝဲများတီထွင်ရေးဆွဲပြီး အာရှဒေသတွင်းဈေးကွက်များသို့တင်ပို့ရောင်းချခြင်းနှင့် ကွန်ပျူတာ အိုင်တီနည်း ပညာနှင့် ပတ်သက်သောလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်မည့်အဆိုပါကုမ္ပဏီမှာ အရှေ့တောင်အာရှဒေသ ဈေးကွက်ချဲ့ထွင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်ကွန်ပျူတာ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက်ပြောဆိုသည်။
“ဒီလို ဂျပန်နာမည်ကြီးကုမ္ပဏီတခုက မြန်မာနိုင်ငံမှာလာပြီးရင်းနှီးမြှုပ်နှံတာ ဆိုတော့ မြန်မာ့အိုင်တီ လောက အတွက်တော့ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာ ကောင်းတွေရှိလာပြီလို့ ပြောရမှာပဲ” ဟု မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်တဦးက ပြောသည်။
အဆိုပါ ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကွန်ပျူတာအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံကြီးတခု ရန်ကုန်မြို့ တွင် တည်ဆောက်ရန် အသေးစိတ်လေ့လာမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
“ဒီမှာက အလုပ်သမားခ ဈေးပေါတယ်၊ မြေယာငှားရမ်းခကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးနည်းတယ်၊ ပြီးတော့ မြန်မာတွေက သင်ပေးရင်သင်ပေးသလောက် လုပ်နိုင်တယ်၊ အစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု တွေလာဖို့ ဥပဒေ စည်းမျဉ်းတွေ အရမ်းလျှော့ချပေးနေတော့ နိုင်ငံရေးကို မကြည့်ဘဲ စီးပွားဖြစ်ဖို့ အမြတ်ရဖို့ စဉ်းစားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက် လက်မလွှတ်သင့်တဲ့ နိုင်ငံတခုပါပဲ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ဆိုသည်။
ထို့ပြင် အဆိုပါကုမ္ပဏီက မြန်မာအိုင်တီဆော့ဖ်ဝဲပညာရှင်များကို လေ့ကျင့်သင်ကြားပေးပြီး ဂျပန်ရှိ အိုင်တီ နှင့်ဆော့ဖ်ဝဲကုမဏီများထံသို့စေလွှတ်မည့် အစီအစဉ်များရှိခြင်းကြောင့် မြန်မာလူငယ်ကွန်ပျူတာပညာရှင်များက အထူးစိတ်ဝင်စားနေကြကြောင်း ကေအမ်ဒီ ( KMD ) ကုမ္ပဏီမှ ဆော့ဖ်ဝဲ ပညာရှင် လူငယ်တဦးက ပြောသည်။
“ကျနော် ဂျပန်စာကို လေ့လာနေတယ်၊ အဲဒီကုမ္ပဏီက အလုပ်ခေါ်ရင် အဆင်သင့်ဖြစ်နေအောင်လို့ပါ၊ တခြား ဆော့ဖ်ဝဲပညာရှင်တွေလည်း အဲဒီကုမ္ပဏီသတင်းကို ကြားကတည်းက ဂျပန်စာ သင်နေကြတယ်၊ ဂျပန်မှာ ဆော့ဖ်ဝဲပညာရှင်အဖြစ်အလုပ်လုပ်နိုင်ဖို့ဆိုတာ ကျနော် အရမ်းမျှော်လင့်နေတဲ့ အိမ်မက်ကြီးတခုပဲ” ဟု အဆိုပါလူငယ်က ပြောသည်။
သို့ရာတွင် ရန်ကုန်ရှိ ကွန်ပျူတာလုပ်ငန်းရှင်တဦးကမူ မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံသည့် ဂျပန် ကုမ္ပဏီ အနေဖြင့် မကြာမီရင်းနှီမြှုပ်နှံမှုများပြန်လည်းရုပ်သိမ်းသွားမည် ဟုထင်ကြောင်း ၊ အိုင်တီကွန်ပျုတာ ကုမ္ပဏီများအတွက် အင်တာနက်အွန်လိုင်းမြန်ဆန်မှုမှာ လွန်စွာအရေးကြီးကြောင်း၊ စစ်အစိုးရအုပ်ချူပ်သော မြန်မာနိုင်ငံတွင် အင်တာနက်မြန်နှုန်းများကိုထိန်းချူပ် နှေးကွေးထားပြီး ရက်ပေါင်းများစွာကြာသည့်တိုင် ဖြတ် တောက်မှုများရှိသည့်အတွက် ဂျပန်ကုမ္ပဏီအနေဖြင့် ရေရှည်အလုပ်လုပ်နိုင်ရန်မလွယ်ကြောင်း၊ လက်ရှိပြည်တွင်း မြန်မာကုမ္ပဏီများပင် အင်တာနက်မြန်နှုန်းနှေးကွေးခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းမှုများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။
“အစိုးရက စိတ်မထင်ရင်မထင်သလို အင်တာနက်နှေးလိုက်၊ ဖြတ်လိုက်လုပ်နေတာ ဒီအင်တာနက်အခြေခံတဲ့ ကွန်ပျူတာကုမ္ပဏီတွေအတွက် အရမ်းဒုက္ခရောက်တယ်၊၂၀၀၇ စက်တင်ဘာ တုန်းကဆိုရင် အင်တာနက် တွေ ဖြတ်ထားတော့ ကျနော်တို့လုပ်ငန်းတွေအားလုံး ရပ်ပစ်လိုက်ရတယ်၊ ရက်ပေါင်းများစွာကြာအောင် လုပ်ငန်းရပ် လိုက်ရတော့ ကျနော်ကုမ္ပဏီဆိုရင် အပ်ထားတဲ့အလုပ်တွေမပြီးလို့ ကျပ် သိန်းတရာကျော်လောက် ရှုံးတယ်၊ အခုလည်း အင်တာနက်က နှေးနေတုန်းပဲ” ဟုအဆိုပါ လုပ်ငန်းရှင်ကဆိုသည်။
အဆိုပါ ဒိုင်အာချီ ကွန်ပျူတာကုမ္ပဏီသည် ၁၉၆၉ ခု နှစ် ဒီဇင်ဘာအတွင်းက စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ နာဂိုယာမြို့အခြေစိုက်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမပြုလုပ်နိုင်ရန် အီးယူဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင် စုက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း ဂျပန်စီးပွားရေးကုမ္ပဏီအများစုမှာ လုပ်အား ခသက်သာပြီး မြေယာအရင်းအနှီးဈေးပေါသည့်အတွက် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လေ့လာ နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကုန်သွယ်ရေးအဖွဲ့( Japan External Trade Organization ) မန်နေးဂျင်း ဒါရိုက် တာ မစ္စတာအီတာရို ကိုဂျီးမား ( Mr.Eitaro Kojima) က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ်သတင်း ဂျာနယ်များတွင် ဖော်ပြသည်။
အထူးသဖြင့်မြန်မာနိုင်သို့ တရုတ်နိုင်ငံမှ ဂျပန်အထည်ချူပ်စက်ရုံများ ပြောင်းရွှေ့လုပ်ကိုင်ရန် အစီအစဉ်များရှိ သည်ဟု မစ္စတာ ကိုဂျီးမားက ပြောဆိုကြောင်း သတင်းဂျာနယ်များက ဆိုသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် ဂျပန်စီးပွားရေးကုမ္ပဏီစုစုပေါင်း ခြောက်ဆယ်ရှိကြောင်း မြန်မာနိုင်ငံကုန် သည်ကြီးများအသင်းမှ အမှုဆောင်တဦးက ပြောသည်။
၂၀၀၇ ခုနှစ်သံဃာတော်များ ဦးဆောင်သော စက်တင်ဘာလူထုလှုပ်ရှားမှုများကို သတင်းရယူခဲ့သော ဂျပန်နိုင်ငံ သား ဓာတ်ပုံသတင်းထောက် မစ္စတာ နာဂါအိကန်ဂျိ စစ်အစိုးရ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရ သည့်အတွက် ဂျပန်အစိုးရကမြန်မာစစ်အစိုးရသို့ပေးမည့် အမေရိကန်ဒေါ်လာ ၄ . ၇ သန်းတန် အကူအညီတခု ကိုသာ ရပ်ဆိုင်းခဲ့သည်မှအပ တစုံတရာအရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပေ။
ကလောင်ရှင်
အောင်မျိုးမြတ်
ရေးသားချိန်
10:51 AM
0
ယောက်ရဲ့ အမြင်
» မစ်စတြီဇီလျွန်
» ခရမ်းပြာအိပ်မက်
» ဈေးကွက်ဂျာနယ်
» အဖြူရောင်သံစဉ်
» ကလစ်တူးမြန်မာ
» သံလွင်အိပ်မက်
» မဇ္ဈိမ
» အလဲဗင်း
» ဧရာဝတီ
» ဒီဗွီဘီ
» ခေတ်ပြိုင်
» အရိုင်းပန်း
» မင်းသီလ
» ဖိုးဝ
» မြန်မာမြန်မာ
» ပလန်းနတ်
» ပေါ်ပြူလာ
» ယနေ့ မြန်မာ
» မြန်မာတိုမ်းစ်
» ဟစ်တိုင်
» မြန်မာ MP3
» မြန်မာမြူးဇစ်
» shwe အိပ်မက်
» မဇ္ဈူရီ်
» အိပ်မက်
» မိုးမခ
» လမ်းအိုလေး
» မြ၀တီ
» အိုင်စက်စ်ပီ
» တနေ့ မြန်မာ
» မြန်မာဗာမာ
» Alpha Win Unicode
» တင့်ထူးရွှေ
» ကိုအောင်
» နတ်ရှင်နောင်
» တင်နွယ်မောင်
» ဘကြီးဖြိုး
» မောင်အေးချမ်း
» များပြာ
» ညိမ်းညို
» ဖြိုးငယ်
» မင်းကျန်စစ်
» phoxin
» ဝေဟင်
» ဘိုသိန်း
» နေလင်းအောင်
» သူရိန်
» ဦးသိန်း
» မောင်နိုင်
» ထိပေ့သျှင်
» မိုးသောက်
» နေချိုအေး
» စိုးသီဟ ကျန်းမာရေး
» စိုးသီဟ (ချစ်သားငယ်)
» မြစ်ခြေသား
» bluephoenix
» ***Chan Chan***
» ZYH
» » Metroworld
» ကိုမောင်လှ
» ကိုမျက်လုံး
» နေဘုန်းလတ်
» 99စနေ
» စစ်အိမ်
» MMbloggers
» ကိုစိုးထက်
» ညီလင်းဆက်
» ကိုမင်းကျော်
» သီရိလင်္ကာ ရဟန်းတော်များ
» အရှင်မေတ္တာစာရ
» Generation Wave
» ဒေါက်တာလွဏ်းဆွေ
» မိုးသီးဇွန်
» အနက်ရောင်အိပ်မက်
» လင်းလက်ကြယ်စင်
» နှင်းပွင့်လေး
» နှင်းဆီနီ
» ခွန်မြလှိုင်
» Chaos
» Thinker
» အလွမ်းအိမ်
» မီးလေး
» မယ်လိုဒီမောင်
» မင်းတစေ
» အမှတ်တရများ..သို့
» သိုးမလေး
» မဗေဒါ
» ကောင်းကင်ကို
» ကိုလျှာရှည်
» အငွေ့
» မျိုးမြင့်အောင်
» နေလင်း
» ပြည့်စုံ
» မျိုးချစ်မြန်မာ
» လောကအလှ
» ဆုံဆည်းရာ
» ကရ၀ိတ်တေးသံချို
» ဘုရင့်နောင်
» ကိုဖြိုး
» မင်းမြတ်ဘုန်း
» စိန်မမ
» မောင်စေတနာ
» မင်းသားကြီး
» DID Fortwayne
» MM Thinker
» ထူးမြတ်
» ငြိမ်းဝေ
» ညိုကြီး
» ဒေါင်းမာန်ဟုန်
» ဆောင်းယွန်းလ
» ဆောင်းယွန်းလ
» မေဓာဝီ
» လောကနတ်
» မောင်ဒိုင်း
» ကလိုစေးထူး
» ပန်ဒိုရာ
» လင်းဦး
» JACDB (Thailand Base)
» ဇာဂနာ
» ကိုထိုက်
» ခေတ်ပြိုင်
» တီဇက်အေ
» နေနေနိုင်
» ညလေး
» ဘောလုံးပွဲ
» နေမိုး
» အိမ့်ချမ်းမြေ့
» မွန်းသက်ပန်
» ကိုစွမ်း
» မင်းချစ်သူ
» ကံကောင်းခြင်း
» အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း
» မိုးသောက်ကြယ်
» အောင်ဆရာပိုင်
» ညီမင်းကိုနိုင်
» Let It Be
» letsworktogethers
» မိုးကုတ်မီဒီယာ
» ၀င်္ကပါ
» စိုင်ဝဏ္ဏ
» ချစ်ဦး
» ကိုတေဇာ
» mmopenlibrary
» စိုးမင်း
» မင်းနန္ဒာ
» BLANK PAPER
» ၀င်းဇော်
» Soe Mya Nandar Thet Lwin
» Joox
» Korean Movies
» Asian Movies
» Flick Peek
» အရိုင်းပန်း
» ခရမ်းပြာ အိပ်မက်
» Burmeseclassic
» မင်းသီလ
» Youtube
» Metacafe
» Daily Motion
» Badjojo (+18 Only)
» Daily-Warez Forum
» Native Myanmar
» Seventh Technology
» မြန်မာ Blogger Forum
» Myanmar Cupid
» Forum-W
» Movie Rush
» The Best Wallpaper
» St. Augustine
» MMfamily Forum
» Mobile Themes Forum
» Sony Ericsson Softwares
» အချစ်ရွာ (+18 only)
» Crack Me
» Crack Found
» Crack Spider
» အင်္ဂလိပ် MP3 World
» မြန်မာ Mp3
» flashband.net
» atunnel
» freeburma
» လူငယ် နှင့် ပညာရေး
» ကမ္ဘာ့စွယ်စုံကျမ်း
» အင်္ဂလိပ်-မြန်မာ အဘိဓာန်
» အင်္ဂလိပ်စာလေ့လာရန်
» ကွန်ပျူတာတက္ကသိုလ်
» educationinmyanmar
» myanmarscholar
» AutoCAD Drawing
» New Generation of Metropolitan
» ကျန်းမာရေး ဆိုင်ရာ
» လက်ထောက်ဗေဒင်
» တားရော့ဖဲဗေဒင်
» ကဗျာဝိညာဉ်
» အမေ
» ဘလော့ဂါတို့၏ ကဗျာရပ်ဝန်း
» 99
» ဇောင်း
» မော်စီ
» ပြည့်စုံ
» အိတာ
» ကိုကြီး အောင်ကောင်း
» ညမီးအိမ်
» အောင်ဖြိုး
» အိုခိဆု
» J လေး
» ကဗျာ ကောက်တဲ့သူ
» ဖိုးကြယ်
» ဖြိုးငယ်
» ပင့်ဂိုလ်း
» ပန်းခရေ
» မေငယ်
» ကိုရန်အောင်
» ဆောင်းလူ
» အိမ်ဝေးသူ
» ဖိုးသူတော်
» နွေမုန်တိုင်း
» တည်ငြိမ်းကို
» အနက်ရောင်အိမ်မက်
» အောင်သာငယ်
» သွဏ်းသက်တံ့ (သနပ်ခါးမြေ)
» ဝေါသားလေး
» ကောင်းကင်ကို
» ရင်ထဲရှိတာ
» kyawhtet