April 3, 2008

အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်


အခုတလော Blog တွေမှာ အပြောင်းအလဲတွေတော်တော်ဖြစ်လာပါတယ်ဘလော့ဂါ တစ်ချို့ကတော့
အရှုံးပေး လက်မြှောက်သွားကြသလိုတစ်ချို့လဲ လမ်းပြောင်းပြီး မူလစခဲ့တဲ့ အချစ် နဲ့ စိတ်ကူးယဉ်ဘက် ပြန်ရောက် သွားကြပါတယ် သူတို့ကိုလုံးဝနားလည်ပါတယ် ဘလော့ရေးတယ်ဆိုတာ စိတ်ကူးလေးတွေကို ဝေမျှပေးချင်တဲ့ အနုပညာ စိတ်ကြောင့်ပါဘဲ ဒီတော့ ခုချိန် မှာ သွေးတွေနဲနဲကျဲသွားကြတာ သဘာဝကြတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ

ဒါပေမယ့် သွေးမအေးသွားတာ ပြည်တွင်းကလူတွေပါ ခုထိသူတို့သွေးတွေ ဆူနေတုန်း…
နာကျည်းမှုတွေမှာ သွေးညှီနံ့ စိုနေတုန်း…

ဒါကြောင့်ကျွန်တော့်ကို ပြည်တွင်းက ညီ.. ညီမလေး.. တွေဆက်သွယ်လာခဲ့ကြတယ် သူတို့ ခံစားရတာလေးတွေ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေ ယုံကြည်မှုလေးတွေကိုယ်စီနဲ့ပေါ့ဗျာ ရေးအခင်းတလျှောက်လုံးလဲ သူတို့ဘဲ ကျွန်တော့်ကို သတင်းတွေပေးခဲ့ကြတာပါ

ဒါပေမယ့် ဘလော့တော်တော်များများ မှာ အရှိန်အဟုန်ကျဆင်းလာတာနဲ့အမျှ စိတ်ဝမ်းကွဲခြင်း အားလျော့လာခြင်းတွေရှိနေပါပြီ ဒီအချိန်မှာ တိုင်းပြည် အတွင်းက ညီ...ညီမ... ငယ်တွေ အားကိုးနေရတဲ့ ဘလော့ဂါတွေ မှာ ယိုယွင်းလာတဲ့ အသွင်ကို ပြခြင်းအားဖြင့် ခလေးတွေကို စိတ်ဓါတ်ကျဆင်းစေနှိုင်ပါတယ်

ဒီတော့ ကျွန်တော်တို့ မျိုးချစ်မြန်မာ ဘလော့ကနေပြီးတော့ ပြောပြချင်တာတစ်ခုရှိပါတယ်
ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကလေးတွေကို ဦးဆောင်ပေးဖို့ ကူညီဖို့ လမ်းပြပေးဖို့ ညွှန်ကြားပေးဖို့ အတွက် အကိုအမတွေအနေနဲ့ ကျွန်တော်တို့ ဘလော့ဂါတွေမှာ လုံးဝတာဝန်ရှိတယ်လို့ ယူဆပါတယ် အခုလို ကလေးတွေကို ဦးဆောင်သူမဲ့ နေတဲ့ အချိန်မှာ ကျွန်တော်တို့ ကနေပဲ့ကိုင်ပေးပြီး ဖေးမပေးဖို့လိုအပ်နေပါပြီ ခုချိန်ကစပြီး ကျွန်တော့်ရဲ့ မိတ်ဆွေတွေအားလုံးကို တစ်ခုအသိပေးလိုပါတယ် နောက်ဆုံးတော်လှန်ရေးအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ကျွန်တော်တို့ ဦးဆောင်ကူညီဖြေရှင်းပေးသွားမယ် ကျွန်တော်တို့ကိုလဲ မိမိတတ်နှိုင်သမျှ ကူညီပေးကြပါ ငွေရေးကြေးရေး နဲ့ လုံးဝမကူညီပါနဲ့ ဘယ်သူ့ပိုက်ဆံမှ မလိုချင်ပါဘူး ကျွန်တော်တို့လိုချင်တာ စာနာမှု နဲ့ ကိုယ်ချင်းစာတရားပါဘဲ
ဒီတော့ လှုပ်ရှားမှုအရှိန်အဟုန်ကို ပြည်တွင်းမြေအောက် တော်လှန်ရေး အဖွဲ့တွေကနေ စတင်တော့မှာဖြစ်ပါတယ် ပူးပေါင်းကူညီလိုသူများ ဆက်သွယ်ကြစေလိုပါတယ်

ကျွန်တော့်ကိုဆက်သွယ်ရင် ကျွန်တော်မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ကျွန်တော်ကိုတခုနားလည်ပေးစေချင်ပါတယ် ကျွန်တော့်လူတွေ လုံခြုံရေးအတွက်မို့ မေးစရာရှိတာတွေ ပြတ်ပြတ်သားသား မေးရပါလိမ့်မယ် ဒါကိုနားလည်ပေးကြပါ နောက်တစ်ခုက ဒီကိစ္စ ကို ကျွန်တော့် CBox ထဲမှာ လုံးဝမေးမြန်းခြင်းမပြုပါနဲ့ ဒီကိစ္စကို ဆီဘောက်ထဲမှာ ဘာမှဆွေးနွေးလို့မရပါဘူး
စိတ်ဝင်စားသူများ ကျွန်တော့်ကို အမည် နေရပ်လိပ်စာ ကိုယ်ရေးရာဇဝင် အပြည့်နဲ့ ဆက်သွယ်ပါ
အဲဒါတွေမပေးနှိုင်ဘူးဆိုရင် ဘာမှလဲလုပ်စရာမလိုပါဘူး ကျွန်တော် နားလည်ပါတယ်
ကျွန်တော်တို့ မိတ်ဆွေရဲ့ Biography မသိဘဲ လုံးဝ လက်မခံနှိုင်ပါဘူး
Biography ရလဲ တထစ်ချတော့ မယုံသေးပါဘူး ပြန်လိုက်ရဦးမှာပါ
ဘာလို့လဲဆိုတော့ ဆက်သွယ်သူတွေထဲမှာ နအဖ လူက အများစုပါနှိုင်လို့ပါ

အဲဒါအားလုံးကို မိတ်ဆွေတို့ လက်ခံနှိုင်မယ်ဆိုရင်တော့ တစ်ခုပြောချင်ပါတယ်

အကောင်းဆုံး မြေသြဇာ ၏ လှုပ်ရှားမှုများ အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်




0 ယောက်ရဲ့ အမြင်: