Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်...
ကျတော် အခု အနည်းငယ် ပြင်ထားတဲ့ template design မှာ Post title ရဲ့ နောက်မှာ နောက်ခံပုံ ကနုတ်လေးထည့်ထားပါတယ်… အဲဒါမျိုး ပုံတွေကို ထည့်ချင်တယ် ဆိုရင်… ပထမဆုံး လုပ်ရမှာက post title နောက်မှာ ထည့်မယ့် ပုံကို အရင် ဖန်တီးထားပါ… ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ… ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ… ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး post h3 ကိုရှာပါ… post h3 ရဲ့ css code ထဲမှာ အောက်က ဖော်ပြတဲ့ စာကြောင်းလေး ကို ထပ်ထည့်ပေးပါ…
background-image: url( URL ADDRESS );
ဥပမာ မူရင်းရှိနေတဲ့ post h3 ရဲ့ css code က အောက်က အတိုင်း ဆိုပါတော့…. .post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; }
အဲဒီ code တွေထဲကို post title ရဲ့ နောက်မှာ ပုံပေါ်မယ့် css code ထည့်ဖြည့်ထားပါတယ်… အောက်မှာ နမူနာ ကြည့်ပါ…
.post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; background-image: url( URL ADDRESS ); }
သုံးထားတဲ့ template ပေါ်မူတည်ပြီး post title ဟာ .post h3 မဟုတ်ဘဲ အခြားဟာများလဲ ဖြစ်နိုင်ပါတယ်…
ရက်စွဲကို လည်း ကျတော် တပ်ထားတဲ့ အတိုင်း လုပ်ချင်တယ်ဆိုရင်… ရက်စွဲနောက်မှာ ခံချင်တဲ့ ပုံကို အရင် ဖန်တီးပါ… ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ… ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ… ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး h2.date-header ကိုရှာပါ… h2.date-header မူရင်း css code တွေကို copy ကူးပြီး သိမ်းထားပါဦး… မူလ css code တွေ နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ css code တွေနဲ့ အစားထိုးလိုက်ပါ…
h2.date-header { font-family: “ZawGyi-One”, ZawgyiOne, Zawgyi1; font-size: 10px; float: right; width: 56px; height:48px; background-image: url( URL ADDRESS ); color: #E6E6E6; text-align: center; margin-top: 1em; margin-right: 1em; margin-bottom: 1em; margin-left: 1em; font-weight: normal; }
URL ADDRESS ကို တော့ ပုံတင်ထားတဲ့ လိပ်စာပြောင်းပေးပါ… ဥပမာ မိမိ ပုံတင်ထားတဲ့ URL ADDRESS က http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG ဆိုပါတော့… background-image: url( http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG ); လို့ ပြောင်းပေးပါ…
မောင်လှဒိုင်ယာရီ
ပြန်ခေါက်ရန်...
ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် ဆီပုံးထဲ ..လျှောက်ပြေးချင် ရင်. ဆီပုံးထဲ..ပြေးချင်သူများ အတွက်.(ဆီပုံး ထဲတွင်သာ) [scroll]ကိုယ်ပြောချင်သောအရာ[/scroll] ဒါပါ ဘဲဗျာ.(အစဉ်ပြေ သလိုသုံးနိုင်ပါသည်) အားလုံး မသောက်ဘဲ မူးနိုင်ကြပါစေ. ကိုပါဂနာ ဘလောခ့်မှ ကူးယူဖော်ပြပါသည်။
ပြန်ခေါက်ရန်...
ယခင်က စိတ်ဓါတ်စစ်ဆင်ရေးအကြီးအကဲ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏အာဏာ တည်မြဲ ရေးနှင့် နိုင်ငံကို အကြောက်တရားဖြင့် ဆက်လက်အုပ်ချုပ်ထားနိုင်ရေး အပေါ်တွင်သာ အာရုံထားနေသည်။ သူက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအပေါ် စိတ်ဝင်စားမှု မရှိသလို၊ ၀မ်းနည်းကြောင်းမှတ်တမ်းလည်း ဖော်ပြခဲ့ခြင်း မရှိ၊ မုန်တိုင်းကပ်ဘေးသင့် ဒေသများသို့ လှည့်လည်ကြည့်ရှုခြင်းလည်း အလျဉ်း မရှိပါ။ လွန်ခဲ့သည့် ၆-ရက် နာဂစ် ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ၏ အဓိကကျသော ဒေသများကို ဖြတ်သန်းတိုက်ခတ်ပြီးသည့် အချိန်မှစ၍ ဗိုလ်ချုပ်မှူးကြီး လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏မိသားစုဝင်များ၊ ခေါင်းမာဂိုဏ်းသား နောက်လိုက်များက သူတို့ကံကောင်းထောက်မစွာ နေပြည် တော်သို့ ကြိုတင်ပြောင်းရွှေ့ထားနိုင်ခဲ့သည့်အပေါ်တွင်ပင် ဂုဏ်ယူချီးကျူးနေကြပေလိမ့်ဦးမည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ၎င်းနေရာသို့ ၂၀၀၅ ခုနှစ်က လူထုကို ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓါတ်ငွေ့နှင့် သဘာဝ အရင်းမြစ်များရောင်းရငွေများဖြင့် သူက ဒေါ်လာ သန်း ၁,၀၀၀ ကျော် သုံးစွဲ၍ တောတောင်ထဲတွင် မြို့တော်သစ်တည်ခဲ့သည်။ ရန်ကုန်တွင်ဆက်နေလျှင် သဘာဝကပ်ဘေးဒဏ်၊ လူထု မငြိမ် မသက်မှုများ ကြုံရနိုင်သည်၊ သို့အတွက်ကြောင့် ဤသို့ မြို့သစ်တည်ရန်လည်း သူ၏အခါပေး ဗေဒင်ယတြာဆရာများက ယခုလို တိုက်တွန်းခဲ့ကြသည်ဟု ကောလာဟလများက ဆိုကြသည်။ ဗိုလ်ချုပ်သန်းရွှေ ဆိုင်ကလုန်းနာဂစ်ဒဏ်မှ လွတ်မြောက်ခဲ့သော်လည်း၊ သူ၏ နောက်ဆုံးနေ့ရက်များဖြစ်နေပြီ ဆိုသည့် အချက်ကိုမူ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများကို သင့်လျော်သည့် မုန်တိုင်းသတိပေးမှုများ လေးလေးနက်နက် ဆောင်ရွက် ရန် ပျက်ကွက်ခဲ့ပြီးနောက်၊ ယခုအခါ ဗိုလ်ချုပ်သန်းရွှေက ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးသင့် ပြည်သူများသို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီမရောက်နိုင်အောင် ပိတ်ပင်တားဆီးနေခြင်းဖြင့် လူသားချင်းစာနာမှုကို ချိုးဖောက်သည့် ရာဇ၀တ်မှုကြီးကို ထပ်မံကျူးလွန်နေပြီ ဖြစ်သည်။ ဤလုပ်ရပ်ဖြင့် သူက မည်သည့်လူစားမျိုး ဖြစ်သည်ကို ကမ္ဘာက သိရှိအောင်ပြသခဲ့ပြီး၊ စိတ်ဖောက်ပြန် အာဏာရူးနေသူ ဖြစ်ကြောင်းလည်း သိစေခဲ့သည်။ သူ့လူထုများကို ဓားစာခံအဖြစ် သေနတ်ထောက် ချုပ်ကိုင်ထားသူတဦးဖြစ်ပြီး၊ နိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် လုံးဝမသင့်တော်တော့သူ တဦးလည်း ဖြစ်သည်။ ဤဆိုင်ကလုန်းမုန်တိုင်းက ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်နေကြသည်ဟု ကြွေးကြော်နေ သော ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရ၏ မျက်နှာဖုံးကိုလည်း ဆွဲခွါချလိုက်သည်။ ဤသို့ နိုင်ငံအပေါ် မုန်တိုင်းကျရောက် ဖျက်ဆီးစေ ခဲ့မှုအတွက် သူတို့တွင် လုံးဝတာဝန်ရှိပြီး၊ ဤကိစ္စအတွက် တရားသဖြင့် စီရင်ခံကြရမည် ဖြစ်သည်။ ဤစစ်အစိုးရ ပြိုကျပျက်စီးသွားပြီးနောက် မည်သို့ ဖြစ်ပေါ်လာမည်နည်းဟူသည့် မိုးပြိုမည်ကို တွေးကြောက်နေသည့် မေးခွန်းများဖြင့်လည်း စိုးရိမ် ကြောက်လန့်နေဖွယ် မရှိတော့ပါ။ နိုင်ငံတော်ကြီး ပြိုကွဲလိမ့်မည်၊ မည်သူက ဦးဆောင်ပါမည် နည်းဟူ၍လည်း ပူပန်နေရန် မလိုတော့ပါ။ ဤမေးခွန်းများကို နိုင်ငံရပ်ခြား ကျွမ်းကျင်သူများနှင့် စစ်အစိုးရ အလိုကျလိုက်ပြောနေသူများ၊ ဗိုလ်ချုပ်သန်းရွှေ အလိုကျ ဘောင်းတော်ညိတ် စိတ်တော်သိ လုပ်နေသူ အခွင့်အရေးသမားများ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘယ်အခါမှ မပျက်ကွက်ခဲ့ကြသူ ငို့ဘသမားများ ဆက်လက် ဆွေးနွေးငြင်းခုန်ကြရန် ထားလိုက်သည်က ပိုကောင်းပါသည်။ သေချာသည့်အချက်မှာ မြန်မာပြည်သူများက ဖိနှိပ်အုပ်ချုပ်နေသည့်၊ အကြင်နာတရားလုံးဝမရှိဘဲ ပြည်သူကို ဂရုမစိုက် လျစ်လျူရှုထားသည့် စစ်အစိုးရမျိုး ကို မလိုလားကြတော့ပါ။ လူထုများ၏ ဒေါသရေချိန်ကို တွက်ဆရန် အကဲဖြတ်လေ့လာ ရေးအသင်းများ၊ အကြံပေးများ စေလွှတ်နေရန် မလိုတော့ပါ။ မြန်မာပြည်သူတို့က အလွန်အကျူး စိတ်ပျက်နေကြပြီး၊ စစ်အစိုးရကို ချက်ချင်းလက်ငင်း ဖြုတ်ချဖယ်ရှားလိုနေကြပါသည်။ မိမိတို့ အဓိကထားပြောနေသည်မှာ လက်နက်ကိုင် တပ်သားများအပါအ၀င်ဖြစ်သည့် မြန်မာပြည်သူလူထု ၅၄ သန်းကို ချုပ်ကိုင်ထားသည့် တဒါဇင်မျှသော ခေါင်းမာဂိုဏ်းသားများနှင့် သူတို့၏ လက်ဝေခံများ ဖြစ်သည်။ အကယ်၍ ဤအုပ်စုကို သာ မြင်ကွင်းမှ ဖယ်ရှားလိုက်ပါက မြန်မာပြည်သူများအတွက် ဒုက္ခအပေါင်းမှ အများကြီး သက်သာသွားလိမ့်မည် ဖြစ်သည်။ သာမန်စစ်သားများနှင့် အရာရှိများလည်း လွတ်လပ် ပေါ့ပါးသွားကြပါလိမ့်မည်။ စိုးရိမ်ပူပန်နေဖွယ် မရှိပါ။ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရရှိ ခေါင်းဆောင်များနေရာတွင် အစားထိုးနိုင်ပြီး၊ နိုင်ငံကို စီမံခန့်ခွဲနိုင် သူ များစွာ ရှိနေပါသည်။ ထိုသူများမှာ လူမသိ သူမသိ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုသူများမှာ နိုင်ငံ၏ နိုင်ငံ ရေး၊ စီးပွားရေး အကျပ်အတည်းကာလများကြားထဲမှ မွေးဖွားပေးလိုက်သူများ ဖြစ်ပါသည်။ ဤနိုင်ငံခေါင်းဆောင်သစ်များသည် အိမ်အကျယ်ချုပ်၊ ထောင်အတွင်းနှင့် ပြည်ပတွင် ရှိနေကြပြီး၊ လက်ရှိ မုန်တိုင်း ကပ်ဘေးသင့် ပြည်သူများကို ကူညီနေကြသူများထဲတွင်လည်း ရှိနေကြပါသည်။ အမည်အချို့ ချရေးကြည့်ကြပါစို့။ မြန်မာပြည်တွင်းရှိနေကြသည့် ခေါင်းဆောင်အလာအလာရှိနေသူ အချို့ကို ဖော်ပြရလျှင်... ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ အလုပ်သမား အရေး လှုပ်ရှားနေသူ မစုစုနွေး၊ ရှမ်း အမျိုးသားခေါင်းဆောင် ခွန်ထွန်းဦး၊ ရခိုင် နိုင်ငံရေးခေါင်းဆောင် ဦးအေးသာအောင်... စသဖြင့် ရှိနေကြပါသည်။ အခြားခေါင်းဆောင်များတွင် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန်၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှ ဦးထောင်ခိုထန်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင် များလည်း အပါအ၀င် ဖြစ်သည်။ ထိုမျှမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ပရောက် အစိုးရ အဖွဲ့ဝင်များသည်လည်း မြန်မာပြည်သစ် ပြန်လည်မွေးဖွားပေါ်ထွန်းရေးအတွက် တတပ်တအား ဦးဆောင်ကြိုးပမ်း နိုင်သူများ ဖြစ်ကြပါသည်။ ပြည်ပရောက်နေသူများအနက် ရှမ်း အမျိုးသမီးလှုပ်ရှားသူ နန်းချမ်ထောင်း၊ "မြန်မာနိုင်ငံ၏ မာသာ ထရီဇာ" ဟု လေးစားစွာ တင်စားခေါ်ဆိုနေကြသည့် ဒေါက်တာစင်သီယာမောင်၊ ထင်ရှားသည့် နိုင်ငံရေးသမားများနှင့် လှုပ်ရှားသူများဖြစ်ကြသည့် ဒေါက်တာသောင်းထွန်း၊ ကိုအောင်ဒင်၊ ဒေါက်တာဇော်ဦး၊ ဦးသန့်မြင့်ဦး၊ ဦးဟန်ညောင်ဝေ၊ ကိုအောင်နိုင်ဦး၊ ကိုဝင်း မင်းတို့သည်လည်း ပြည်လည်တည်ဆောက်ရေးလုပ်ငန်းတွင် အဆင်သင့် ပူးပေါင်းပါဝင်နိုင်သူများ ဖြစ်ကြပါသည်။ ဤစာရင်းများ ဆက်ရလျှင် နည်းပညာပံ့ပိုးပေးမည့် ပညာရှင်များအပိုင်းတွင် စီးပွားရေးပညာရှင်များ၊ သံအမတ်ဟောင်းများ၊ ယခင် တပ်မတော်တာဝန်ယူဖူးကြပြီး လက်ရှိစစ်အုပ်စုနှင့် ခပ်ကင်းကင်း နေနေကြသည့် စစ်တပ် အရာရှိဟောင်းများ ရှိနေ ကြပြီး ထိုသူများကလည်း မြန်မာပြည်သစ် ပြန်လည်တည်ဆောက်ရေးအတွက် ကူညီလိုကြပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထဲ၌ပင် ယခင် အဆင့်မြင့်တာဝန်ယူဖူးကြသူများ၊ စစ်အရာရှိဟောင်းများ ပါဝင်နေပြီး ထိုသူများက အပြောင်းအလဲဖြစ်ပေါ်စေရန် ရုန်းကန်လှုပ်ရှားနေကြပါသည်။ (NLD) ပါတီ၏ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ယခုအခါ အိမ်အကျယ်ချုပ် ကျခံနေရပြီး၊ အခြား အဆင့်မြင့်ခေါင်းဆောင်များနှင့် အတူ ပါတီကို ဦးဆောင် နေကြပါသည်။ ထိုမျှမက များစွာ ရှိနေပါသေးသည်။ သေချာသည့်အချက်မှာ ထိုသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိသားစုနှင့် လက်တွဲဆောင်ရွက်နိုင် ကြရာ မြန်မာပြည်သူများ၏ အသက်ကို ကာကွယ်နိုင်ရုံမျှမက ဒီမိုကရေစီ၊ လွတ်လပ်ခွင့်များနှင့် ကြွယ်ဝချမ်းသာမှုများကို လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဆောင်ကျဉ်းပေးနိုင်သူများ ဖြစ်ကြပါသည်။ ထိုမျှမက အကယ်၍ အရေအတွက် ၂, ၀၀၀ မျှရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားများကိုသာ ယနေ့ ပြန်လွှတ်ပေး ခဲ့ပါက မြန်မာနိုင်ငံကို ဦးဆောင်နိုင်သူ အမျိုးသား၊ အမျိုးသမီးများစွာ ပေါ်ထွက်လာဦးမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မည်သို့ရှိမည်နည်း။ သူက နောက်ဆုံးပြုခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံရေးအာဏာအတွက်၊ ရာထူးအတွက် မမက်မောကြောင်း ရှင်းလင်းစွာ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။ ကုလသမဂ္ဂ အထူးသံ အီဗရာဟင် ဂမ်ဘာရီက တိတ်တဆိတ် ခိုးထုတ်ယူဆောင်လာရသည့် သူမ၏ ထုတ်ပြန်ကြေညာ ချက်တွင် " ဒီမိုကရေစီ လူမှုလူ့ဘောင်အတွင်းရှိ နိုင်ငံရေးပါတီများ၏ အရေးပါသည့် အခန်းကဏ္ဍကို လုံးဝအသိအမှတ် ပြုပါသည်။ မိမိပါတီဝင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှုများကိုလည်း လေးစားချီးကျူးပါသည်။ ပါတီ၏ အထွေထွေအတွင်းရေးမှူး တဦးအနေဖြင့် မိမိကို ပါတီ၏ မူဝါဒများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လိုလားချက်များက လမ်းညွှန်နေပါသည်။ သို့ရာတွင်လည်း ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအတွင်း ညီညွတ်ရေးနှင့် သွေးစည်းညီ ညွတ်ရေး လိုအပ်နေသည့်အချိန်ဖြစ်ရာ မိမိအနေဖြင့် ဖြစ်နိုင်သမျှသော အကျယ်အပြန့်ရှိနေသည့် နိုင်ငံရေး အင်အားစုများ၏ အမြင်သဘောထားများနှင့် အကျိုးစီးပွားများကိုလည်း အမြဲတစေ လေးနက်စွာ ထည့်သွင်းစဉ်းစားရမည် မှာ မိမိတာဝန် ဖြစ်ပါသည်။ အထူးသဖြင့် မိမိတို့နိုင်ငံ၏ တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒကို ထည့်သွင်း၍ လေးနက်စွာ စဉ်းစားရန် ဖြစ်ပါသည်" ဟု ဖော်ပြထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်သန်းရွှေကို မနှိုင်းအပ်ပါ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အနေဖြင့် အာဏာကို မျှော်မှန်း ထားခြင်းလည်း မရှိပါ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍက ထိုထက်ပို၍ ကြီးမြင့်ပါသည်။ အမျိုးသား ရင်ကြားစေ့ရေးလုပ် ငန်းများတွင် အဓိက အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်ပါသည်။ နိုင်ငံကို ပြောင်းလဲလိုသည့် စစ်တပ်အတွင်းရှိ သဘော ထားပျော့ပြောင်းသူ စစ်အရာရှိများ၊ ဖက်ဒရယ် ပြည်ထောင်စုအတွက် တောင်းဆိုနေသူ တိုင်းရင်းသားခေါင်းဆောင်များ အကြား ဆွေးနွေးညှိနှိုင်းပေးနိုင်ပါသည်။ တိုင်းမ် (Time Magazine) မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး လူ (၁၀၀) စာရင်းတွင် မကြာသေးမီက ထည့်သွင်း ရွေးချယ်ဖော်ပြခဲ့ပြီး၊ ယခုတိုင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ကြွယ်ဝချမ်းသာရေးနှင့် ညီညွတ် ရေးကိစ္စများတွင် လမ်းပြအလင်းတန်းသဖွယ် ဖြစ်နေပါသေးသည်။ မကြာသေးမီက အဖြစ်အပျက်များကိုကြည့်လျှင် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု လျာထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း၍၊ မြန်မာစစ်အစိုးရက ကြောက်မက်ဖွယ် ဆိုက်ကလုန်းမုန်တိုင်း ကပ်ဘေးဆိုးကြီး သင့်ခဲ့ရသူများအတွက် ကယ်ဆယ်ရေး၊ သက်သာချောင်ချိရေး ကိစ္စများကို အပူတပြင်း ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါ သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း မြန်မာပြည်သူများ သက်သာချောင်ချိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး၊ စစ်အစိုးရက ဆန္ဒခံယူပွဲ ရှေ့ဆက်ဆောင်ရွက်မည်ဟူသည့် ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ချ ခဲ့ပါသေးသည်။ စစ်အစိုးရ မုန်တိုင်းဒဏ်ခံရသည့် နေရာအချို့တွင် ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းခြင်းမှအပ ကျန်နေရာများတွင် ဆက်လုပ်ခဲ့ပါသည်။ " ယနေ့ မြန်မာနိုင်ငံ ကြုံတွေ့ခံစားနေရသည့် ကပ်ဘေးဒုက္ခ အတိုင်းအဆကို ကြည့်ခြင်းအားဖြင့်၊ မည်သို့ဆိုစေ၊ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ယုံကြည်သည်မှာ ရရှိနိုင်သမျှသော အရင်းအမြစ်များ၊ စွမ်းအားများကို အရေးပေါ် တုံ့ပြန်ကူညီရေးကိစ္စများတွင်သာ စုစည်းအာရုံထားဆောင်ရွက်သည်ကသာ ပို၍ လက်တွေ့ကျ အဓိပ္ပါယ်ရှိပေ လိမ့်မည်" ဟု ကုလသမဂ္ဂ အကြီးအကဲက ထုတ်ပြန် ပြောဆိုခဲ့ပါသည်။ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်ကြေညာချက်တွင်လည်း မြန်မာ စစ် အစိုးရအနေဖြင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားသင့်ကြောင်းနှင့် အကူအညီပေးရေး ကြိုးပမ်းချက်များ ကို ပိတ်ဆို့နေမှုများ ရပ်တန့်သင့်ကြောင်း၊ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသို့ ကန့်သတ်ထားချက်များကို ဖယ်ရှား ရုပ်သိမ်းပေးသင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။ သို့မှသာ ၎င်းတို့က အသက်ရှင်ကျန်ရစ်သူများအတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။ သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရက နားမ၀င်ခဲ့ပါ။ ဤသို့ ကျိုးကြောင်းဆီလျော်သည့် မေတ္တာရပ်ခံချက်များကို နားမထောင်နိုင်ကြပါ။ ရန်ကုန်မြို့ အပါအ၀င်၊ ဆိုင်ကလုန်း မုန်တိုင်းကပ်ဘေး အပြင်းအထန်သင့်ခဲ့ရသည့် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့နယ် (၄၇) ခုတွင် မေလ ၂၄ ရက်နေ့မှ မဲပေးရန် ရွှေ့ဆိုင်းခဲ့ခြင်းသာ ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ ကပ်ဘေးဒုက္ခများ ခံစားနေရစဉ်မှာပင် ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ ခေါင်းမာဂိုဏ်းသား ဗိုလ်ချုပ်များ၊ ၀န်ကြီးများက သူတို့အလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုရေး လိုလားနေကြပါသေးသည်။ ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဆက်လက်တွယ်ဖက်နေပြီး၊ ၎င်းပြည်သူများ၏ တောင်းဆိုချက်များကို ငြင်းပယ်နေသမျှ၊ လူအများနှင့် တူတူတန်တန်ဖြစ်သည့် ရည်မွန်မှု ပြသရန် တောင်းဆိုနေသည့် ယဉ်ကျေးမှုရှိသော လူ့ကမ္ဘာ အသိုင်းအ၀ိုင်း ၏ တောင်းဆိုချက်များကို လျစ်လျူရှုနေသမျှ၊ မြန်မာပြည်သူများ၊ ကမ္ဘာ့ မိသားစုဝင်များ၊ အစိုးရများ ပူးပေါင်းဆောင်ရွက်၍ မြန်မာပြည်သားများ၏ အသက်များ၊ ဘ၀များနှင့် မြန်မာပြည်တခုလုံးကို ကယ်တင်နိုင်ရန် အခြားဖြစ်နိုင်သည့် နည်းလမ်း များဖြင့် ကြိုးပမ်းကြရတော့မည့် အရေးအကြီးဆုံး အချိန်သို့ ဆိုက်ရောက်နေပြီ ဖြစ်ပါကြောင်း..။
ပြန်ခေါက်ရန်...
Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။ Adobe® Photoshop Express ကို ( ဒီနေရာလေးမှာ ) စမ်းကြည့်ပါ။ Adobe® Photoshop Express ရဲ့  ကောင်းခြင်းကတော့ other sites ဆိုတဲ့နေရာမှာ (Facebook) (Picasa) (Photobucket) တို့ ကိုတပြိုင်ထဲ ၀င်ရောက်လို့ ရပါတယ်။(Photobucket) ကတော့ Image web hosting ရပါတယ်။ Adobe® Photoshop Express beta ကို ( ကိုတေဇာ ) ဘလော့က ရခဲ့တာပါ။
ပြန်ခေါက်ရန်...
ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်.... firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး.. တခြား font တွေလည်း မမြင်ရတော့ဘူး.. နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ.. ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး.. ကဲ... ရှိစေတော့... ရှိစေတော့... ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ... ကဲ... firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်.. Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့... Advanced... ဆိုတာ ကိုနှိပ်လိုက်... အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး.. ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့.. ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့... အခုမှ တကယ့် နည်းသစ် စမှာ... address bar မှာ about:config ဆိုတာရိုက်လိုက်... serif.x-unicode ဆိုပြီး Filter မှာ ရိုက်လိုက်... font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို Zawgyi-one, Arial ဆိုပြီးပြောင်းလိုက် ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်.... လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ... တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်.. မှုရင်း ကိုစေတန်
ပြန်ခေါက်ရန်...
ချင်းမိုင်။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့တန်းမြို့တွင် ကျေးရွာတရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စီးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။ ချင်းမိုင် ခေါ် ဇင်းမယ်ခရိုင်အတွင်း၌ ရှိသော မဲ့တန်းမြို့ နောင်ဖိန်မိုင် ကျေးရွာအုပ်တွင် နေထိုင်သူများ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပါဝင်သောအဖွဲ့ကြီးက ကြာသပတေးနေ့ နံနက် ၅ နာရီခန့်လောက်က လာရောက် ဖမ်းဆီးသွားခဲ့သည်။ "ရဲက ဒီမှာ အလုပ်သမား လက်မှတ် မရှိတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သတင်းကြားတယ်။ အဲဒါ လာစစ်ဆေးတယ် ။ နောက် လက်မှတ် မရှိတဲ့လူတွေရယ် နောက် ထောက်ခံစာ မရှိဘဲနဲ့ နယ်ကျော်ပြီးတော့ အလုပ် လုပ်ကိုင်နေတဲ့ လူတွေကိုပါ ဖမ်းသွားတာပဲ" ဟု ရွှေ့ပြောင်းလုပ်သားများအကျိုး ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ ပရာဒီထာ ပရီယာ ကယော့ဖ က မဇ္ဈိမကို ပြောသည်။ "ဒီရွာလေးမှာ ခြုံအလုပ်၊ တောင်ယာအလုပ်၊ ပန်းရံ အလုပ်တို့နဲ့ လုပ်လာတာ ၃ နှစ်လောက် ရှိပြီ ဒီလိုဝင်ဖမ်းတာ တခါမှမရှိဘူး။ အခု ဒီလိုဖမ်းတာဟာ ပထမဦးဆုံးဖြစ်တယ်" ဟု သူမ က ဆက်ပြောသည်။ အဖမ်းခံရသူများအနက် ၂၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် ထိန်းသိမ်းထားပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ရှိသူ ၂၇ ဦးကိုတော့ အာမခံပေးမည်ဟု စုံစမ်း သိရှိရသည်။ နောင်ဖိုန်မိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၁ဝဝ ခန့် ရှိ၍ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျက် ရှိသည်။
ပြန်ခေါက်ရန်...
မေလ လူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ အာဏာပိုင်တွေက ပြည်သူတွေ ဆန့်ကျင် ကန့်ကွက်တာမျိုး အဓိကရုဏ်းတွေဖြစ်လာရင် နှိမ်နင်းမှုတွေလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်မှုတွေကို ရန်ကုန် ဦးဝိစာရလမ်း၊ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ဆက်တိုက်ပြုလုပ် နေပြီး လူထုကို ခြောက်လှန့်နေတယ်လို့ မြို့ခံ တွေကပြောပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။ မေလလူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ၊ အဓိကရုဏ်းလုပ်တာမျိုးတွေ ဖြစ်မယ်ဆိုရင် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အဓိကရုဏ်းနှိမ်နင်းဖို့ ပြင်ဆင်ချက်တွေကို ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ည ၁၂ နာရီနောက်ပိုင်းတွေမှာ ပြုလုပ်နေတယ်ဆိုပြီး ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “ဟုတ်ကဲ့ ကျနော်တို့ တွေ့နေရတယ်။ မနေ့ကဆိုရင် ကြည့်မြင်တိုင်လမ်းတလျှောက်ပေါ့။အဓိကရုဏ်း တခုဖြစ်လာရင် နှိမ်နင်းဖို့၊ စစ်သားတွေရော၊ ရဲတွေရော။ အရှေ့ ကနေ အရပ်ဝတ်တွေနဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ သူတို့က ပြေးလိုက်၊ နောက်က လိုက်ရိုက်လိုက်၊ ခဲနဲ့ ပြန်ပစ်လိုက်ပေါ့။ အရင်ရက်တွေကလည်း ရွှေဂုံတိုင်လမ်း၊လှည်းတန်းတို့ ဦးဝိစာရလမ်းတလျှောက်တို့မှာ အမြဲတမ်းကြုံနေရတယ်။ လမ်းတွေ ပိတ်ပြီးလုပ်တယ်။ ကားတွေလည်း သွားလို့မရဘူး။ နောက်တခုက ကားကြီးတွေနဲ့ မီးတွေထိုးထားပြီး လုပ်ကြတယ်။ အဲဒီမှာ သူတို့ပြောနေတာကတော့ တကယ့် အဓိကရုဏ်း ဖြစ်လာရင် နှိမ်နင်းဖို့ပေါ့။ နှိမ်နင်းမယ်။ ဒီလိုဖြစ်ရင် ဒီလိုနှိမ်နင်းမယ်။ နောက်တခုကလည်း ဒီဟာကို သူတို့ တပ်လှန့်တဲ့သဘောပါပဲ။ ကြိုပြီးခြောက်ထားတဲ့ သဘောပေါ့။ ပြည်သူက ဒီလိုလုပ်ရင် သူတို့ဘက်က ဒီလိုပဲ တုံ့ပြန်မယ်ဆိုတာတွေကို သူတို့ လုပ်နေကြတယ်။” အာဏာပိုင်တွေအနေနဲ့ တညတညကို လူစည်ကားနိုင်မယ့် နေရာနှစ်ခုလောက်မှာ အခုလို လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဦးဝိစာရနဲ့ ပြည်လမ်းတလျှောက်မှာ လေ့ကျင့်တဲ့ညကဆိုရင် လမ်းထဲကကားတွေ ထွက်လို့မရသလို အပြင်က၀င်လာတဲ့ ကားတွေရော၊ လူတွေရော ၀င်လို့မရအောင် ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် ဖြစ်နေကြရပါတယ်။ လေ့ကျင့်နေတဲ့ပုံစံတွေကလည်း အရေးအခင်းတခု ဖြစ်နေသလိုမျိုး ဒိုင်းတွေကာ၊ ကျားတက်ထိုးတဲ့ပုံစံတွေနဲ့ အော်ဟစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ လေ့ကျင့်မှုမှာ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေက ဆန္ဒပြသူတွေလို သရုပ်ဆောင်ပြီး ပြေးလွှားနေရပါတယ်။ ရဲနဲ့စစ်တပ်ကတော့ နောက်ကနေ ပစ်ခတ်နေသလိုမျိုးတွေ လုပ်နေတာမျိုး၊ ဆန္ဒပြသူတွေက ခဲလုံးတွေနဲ့ ပစ်ပေါက်နေတဲ့ပုံစံမျိုး လုပ်နေတာကို စစ်တပ်နဲ့ရဲက ဘယ်လိုပုံစံနဲ့ နှိမ်နင်းမလဲဆိုတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်နေရ တယ်လို့ ဆိုပါတယ်။ အရှေ့ရွှေဂုံတိုင်လမ်းနဲ့ လှည်းတန်းလမ်းမှာလုပ်တဲ့ညကဆိုရင် ပြည်သူတွေက အိမ်ထဲ တွေကနေ ပွဲကြည့်သလို ကြည့်နေကြပြီး ဒီလေ့ကျင့်မှုကို စစ်တီအီးကား ဆယ်စီး၊ဆယ့်ငါးစီးခန့်က မီးတွေထိုးပေးပြီး လေ့ကျင့်နေတယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်မှုတွေမှာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်နေတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။VOA သတင်းဌာန
ပြန်ခေါက်ရန်...
အခုတလော Blog တွေမှာ အပြောင်းအလဲတွေတော်တော်ဖြစ်လာပါတယ်ဘလော့ဂါ တစ်ချို့ကတော့ အရှုံးပေး လက်မြှောက်သွားကြသလိုတစ်ချို့လဲ လမ်းပြောင်းပြီး မူလစခဲ့တဲ့ အချစ် နဲ့ စိတ်ကူးယဉ်ဘက် ပြန်ရောက် သွားကြပါတယ် သူတို့ကိုလုံးဝနားလည်ပါတယ် ဘလော့ရေးတယ်ဆိုတာ စိတ်ကူးလေးတွေကို ဝေမျှပေးချင်တဲ့ အနုပညာ စိတ်ကြောင့်ပါဘဲ ဒီတော့ ခုချိန် မှာ သွေးတွေနဲနဲကျဲသွားကြတာ သဘာဝကြတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ ဒါပေမယ့် သွေးမအေးသွားတာ ပြည်တွင်းကလူတွေပါ ခုထိသူတို့သွေးတွေ ဆူနေတုန်း… နာကျည်းမှုတွေမှာ သွေးညှီနံ့ စိုနေတုန်း… ဒါကြောင့်ကျွန်တော့်ကို ပြည်တွင်းက ညီ.. ညီမလေး.. တွေဆက်သွယ်လာခဲ့ကြတယ် သူတို့ ခံစားရတာလေးတွေ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေ ယုံကြည်မှုလေးတွေကိုယ်စီနဲ့ပေါ့ဗျာ ရေးအခင်းတလျှောက်လုံးလဲ သူတို့ဘဲ ကျွန်တော့်ကို သတင်းတွေပေးခဲ့ကြတာပါ ဒါပေမယ့် ဘလော့တော်တော်များများ မှာ အရှိန်အဟုန်ကျဆင်းလာတာနဲ့အမျှ စိတ်ဝမ်းကွဲခြင်း အားလျော့လာခြင်းတွေရှိနေပါပြီ ဒီအချိန်မှာ တိုင်းပြည် အတွင်းက ညီ...ညီမ... ငယ်တွေ အားကိုးနေရတဲ့ ဘလော့ဂါတွေ မှာ ယိုယွင်းလာတဲ့ အသွင်ကို ပြခြင်းအားဖြင့် ခလေးတွေကို စိတ်ဓါတ်ကျဆင်းစေနှိုင်ပါတယ် ဒီတော့ ကျွန်တော်တို့ မျိုးချစ်မြန်မာ ဘလော့ကနေပြီးတော့ ပြောပြချင်တာတစ်ခုရှိပါတယ် ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကလေးတွေကို ဦးဆောင်ပေးဖို့ ကူညီဖို့ လမ်းပြပေးဖို့ ညွှန်ကြားပေးဖို့ အတွက် အကိုအမတွေအနေနဲ့ ကျွန်တော်တို့ ဘလော့ဂါတွေမှာ လုံးဝတာဝန်ရှိတယ်လို့ ယူဆပါတယ် အခုလို ကလေးတွေကို ဦးဆောင်သူမဲ့ နေတဲ့ အချိန်မှာ ကျွန်တော်တို့ ကနေပဲ့ကိုင်ပေးပြီး ဖေးမပေးဖို့လိုအပ်နေပါပြီ ခုချိန်ကစပြီး ကျွန်တော့်ရဲ့ မိတ်ဆွေတွေအားလုံးကို တစ်ခုအသိပေးလိုပါတယ် နောက်ဆုံးတော်လှန်ရေးအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ကျွန်တော်တို့ ဦးဆောင်ကူညီဖြေရှင်းပေးသွားမယ် ကျွန်တော်တို့ကိုလဲ မိမိတတ်နှိုင်သမျှ ကူညီပေးကြပါ ငွေရေးကြေးရေး နဲ့ လုံးဝမကူညီပါနဲ့ ဘယ်သူ့ပိုက်ဆံမှ မလိုချင်ပါဘူး ကျွန်တော်တို့လိုချင်တာ စာနာမှု နဲ့ ကိုယ်ချင်းစာတရားပါဘဲ ဒီတော့ လှုပ်ရှားမှုအရှိန်အဟုန်ကို ပြည်တွင်းမြေအောက် တော်လှန်ရေး အဖွဲ့တွေကနေ စတင်တော့မှာဖြစ်ပါတယ် ပူးပေါင်းကူညီလိုသူများ ဆက်သွယ်ကြစေလိုပါတယ် ကျွန်တော့်ကိုဆက်သွယ်ရင် ကျွန်တော်မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ကျွန်တော်ကိုတခုနားလည်ပေးစေချင်ပါတယ် ကျွန်တော့်လူတွေ လုံခြုံရေးအတွက်မို့ မေးစရာရှိတာတွေ ပြတ်ပြတ်သားသား မေးရပါလိမ့်မယ် ဒါကိုနားလည်ပေးကြပါ နောက်တစ်ခုက ဒီကိစ္စ ကို ကျွန်တော့် CBox ထဲမှာ လုံးဝမေးမြန်းခြင်းမပြုပါနဲ့ ဒီကိစ္စကို ဆီဘောက်ထဲမှာ ဘာမှဆွေးနွေးလို့မရပါဘူး စိတ်ဝင်စားသူများ ကျွန်တော့်ကို အမည် နေရပ်လိပ်စာ ကိုယ်ရေးရာဇဝင် အပြည့်နဲ့ ဆက်သွယ်ပါ အဲဒါတွေမပေးနှိုင်ဘူးဆိုရင် ဘာမှလဲလုပ်စရာမလိုပါဘူး ကျွန်တော် နားလည်ပါတယ် ကျွန်တော်တို့ မိတ်ဆွေရဲ့ Biography မသိဘဲ လုံးဝ လက်မခံနှိုင်ပါဘူး Biography ရလဲ တထစ်ချတော့ မယုံသေးပါဘူး ပြန်လိုက်ရဦးမှာပါ ဘာလို့လဲဆိုတော့ ဆက်သွယ်သူတွေထဲမှာ နအဖ လူက အများစုပါနှိုင်လို့ပါ အဲဒါအားလုံးကို မိတ်ဆွေတို့ လက်ခံနှိုင်မယ်ဆိုရင်တော့ တစ်ခုပြောချင်ပါတယ် အကောင်းဆုံး မြေသြဇာ ၏ လှုပ်ရှားမှုများ အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်
ပြန်ခေါက်ရန်...
စစ်အစိုးရအပေါ် သဘောထားပြတ်သားသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဆေးခွင့်ဖြင့် အနားယူနေသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရ နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်နေမှုအပေါ် NMSP က အတည်မပြုနိုင်သေးဟု ပြောသည်။ NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက လက်နက်ချလိုက်သည်ဟု ကောလာဟလများ ထွက်နေမှုအပေါ် ဗိုလ်ချုပ်အောင်နိုင်နှင့် အဆက်သွယ်မရရှိသေးသဖြင့် အတည်မပြုနိုင်ကြောင်း၊ သူသည် မွန်ပြည်သစ် လွတ်မြောက်ရေးတပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် လက်နက်ချမည်ဟု မယုံကြည်ကြောင်း ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ ဆေးကုရန် သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်နိုင်သည် လက်ရှိအချိန်အထိ NMSP နှင့် အဆက်သွယ်ပြုလုပ်ခြင်း မရှိသေးပေ။ နိုင်အောင်မငေးက “ကျနော်တို့ လှမ်းပြီး စုံစမ်းတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဘားအံမြို့နယ်၊ ခယားကျေးရွာဘက်ခြမ်းမှာ သူရောက်နေတယ်လို့ မြေပြင်သတင်းကြားရ တယ်။ ကျနော်တို့သွားပြီးစုံစမ်းတော့ သူမရှိတော့ပြန်ဘူး ဖြစ်နေတယ်လေ” ဟု ပြောသည်။ ပြီးခဲ့သည့် လလယ်ပိုင်းက ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရထံမှ လက်နက်အကူအညီအပြင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းတချို့ အကူအညီဖြင့် မွန်နယ်မြေတွင် ပြန်လည်အခြေချ မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ အဆိုပါကိစ္စအပေါ် နိုင်အောင်မငေးက “ကျနော်တို့ ဗဟိုကော်မတီဝင်ဟောင်းတွေဖြစ်ကြတဲ့ နိုင်တင်အောင်ရော၊ ကိုစိုးမြင့်ကိုရော တိုက်ရိုက်ဆက်သွယ်တယ်။ သူတို့က ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူး၊ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမျိုးသား သစ္စာဖောက်တယောက် ဖြစ်နေမှာမို့လို့ ဒီကိစ္စမှာ ပါဝင်ကူညီမှုမရှိဘူးလို့ သူတို့ကပြောတယ်” ဟု ပြောသည်။ စစ်အစိုးရသည် ၎င်းတို့အပေါ် ဆန့်ကျင်သော အဖွဲ့အစည်းမှန်သမျှကို ဖဲ့ထုတ်စည်းရုံးခြင်း အပါအ၀င် နည်းမျိုးစုံနှင့် သတ်လျှိုဖြိုခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနဌာနမှ ဦးဌေးအောင်က ပြောသည်။ ၎င်းက “ဥပမာအားဖြင့် ကေအန်ယူမှာဆိုလို့ရှိရင်လည်း ဗိုလ်ချုပ်ထိန်မောင်တို့ဖြစ်ခဲ့တဲ့ သာဓ ကတွေ၊ တခြားလူတွေမှာလည်း ဖြစ်ခဲ့တဲ့သာဓကတွေ အများကြီးရှိတယ်။ မွန်ပြည်သစ်ပါတီ မှာလည်း အလားတူ သူတို့ထိုးဖောက်ပြီးတော့ သဘောထားကွဲလာအောင်၊ အချင်းချင်းကြား ထဲမှာ မညီမညွတ်ဖြစ်လာအောင်၊ လုပ်နိုင်တဲ့အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။ မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကန့်ကွက် သည့် တခုတည်းသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည်။ ။ခေတ်ပြိုင်
ပြန်ခေါက်ရန်...
လူမှုရေးအဖွဲ့အစည်း အမည်ခံထားသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ဆောင် ချက်အမှန်ကို ပြည်သူများ သိရှိစေရန်အတွက် ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ ဒေါက် တိုင်များအမည်ရှိ စာအုပ်ကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (NDD) သုတေသန နှင့် မှတ်တမ်းတင်ဌာနက ယမန်နေ့၌ ဖြန့်ချိ လိုက်သည်။ လူမှုရေးအဖွဲ့အစည်းအမည်ခံ အဆိုပါအဖွဲ့သည် စစ်အာဏာရှင်များ၏ အသုံးချခံဒေါက်တိုင်များ ဖြစ်နေသည့်အခြေအနေများအား ဖော်ပြထား သည့် အဆိုပါစာအုပ်တွင် ဓာတ်ပုံမှတ်တမ်းများ နှင့် အခန်း (၅) ခန်းပါရှိသည်။ NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ကြီးကြပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်က “ဒီအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် အစစ်အမှန်တွေကို လူထုအများစု ထဲထဲဝင်ဝင် မသိကြဘူး။ အဖွဲ့ထဲ စိတ်မပါဘဲ အသုံးချခံဖြစ်နေရတဲ့ လူတွေ၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေ၊ ဝန်ထမ်းတွေလည်းပဲ စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်နောက်ကွယ်မှာ လှုပ်ရှားနေတာကို မသိကြဘူး။ အဲဒါကိုအမှန်အတိုင်း သိရှိအောင် ကျနော်တို့စုဆောင်းထားတဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံအချက်အလက်တွေ၊ ပြည်တွင်းက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ထောက်ပြပြီး သူတို့အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ရည်ရွယ်ထုတ်ဝေရတာဖြစ်တယ်” ဟု ပြောသည်။ ၁၉၉၃ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့သည် လူမှုရေး အသင်းအဖွဲ့ဖြစ်သော် လည်း အသင်းနာယကမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး အဖွဲ့ဝင်များမှာ ထိပ်တန်းခေါင်း ဆောင်များ၊ စစ်တိုင်းမှူးများ ပါရှိကြောင်း၊ အသင်းကို နေ့စဉ်စီမံခန့်ခွဲနေသည့် အတွင်းရေးမှူး များအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် လက်ရှိ နအဖဗိုလ်ချုပ်များ၊ ဒု-ဝန်ကြီးများ၊ မြို့တော်ဝန်များကို တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အသင်းတလျှောက်လုံး လုပ်လာခဲ့မှုများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများမဟုတ်ဘဲ စစ် အစိုးရ၏ နိုင်ငံရေးဦးတည်ချက်များအား ထောက်ခံ၊ အကောင်အထည်ဖော်ပေးသည့် လုပ်ရပ် များသာဖြစ်ကြောင်း၊ အထင်ရှားဆုံးအချက်မှာ မကြာခင်မှာပြုလုပ်မည့် စစ်အာဏာရှင်စနစ်ကို အတည်ဖြစ်စေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံလူထုဆန္ဒခံယူပွဲ၊ ၂၀၁၀ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတို့ အတွက် ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး ပြည်သူလူထုကို ခြိမ်းခြောက်စည်းရုံးမှုများလုပ်နေ သည်ဟု ဦးဌေးအောင်က ပြောသည်။ ယင်းသို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ယင်းစနစ်၏ ဒေါက်တိုင်အဖြစ် နအဖက အကောင်အထည်ဖော်နေမှုများကို အများသိရှိရန် ယခုကဲ့သို့ စာအုပ်ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ စာအုပ်အလိုရှိသူများ NDD-DRD စာတိုက်သေတ္တာအမှတ် ၁၇၉၊ မဲဆောက် စာပို့သင်္ကေတ ၆၃၁၁၀ နှင့် အီးမေးလ်လိပ်စာ ndddrd07@csloxinfo.com သို့ ဆက်သွယ်နိုင်သည်။ ။
ပြန်ခေါက်ရန်...
ခင်မင်ရပါသော ညီအစ်ကို၊ညီအစ်မတို့ ခင်ဗျား။ ကျွန်တော်တို့ အချိန်မရှိတော့ပါ။ ထိုအတူကွဲပြားနေသောအခြေအနေတွေအမျိုးမျိုးကြောင့်လည်း ရန်သူမှာတဖြေးဖြေးချင်း ကျွန်တော်တို့ ရဲ့ နယ်မြေကိုလိုက်လံသိမ်းပိုက်သလို တစ်ခုပြီးတစ်ခု လိုက်လံသိမ်းပိုက်ထိုးစစ်ဆင်နေသည်ကိုတွေ့ ရ၊ မြင်ရပါသည်။ ကျွန်တော်မြင်သောအမြင်ကိုသေသေချာချာဆန်းစစ်လေ့လာပြီး ပြည်သူကိုပြတ်ပြတ်သားသား လိုရင်းတို ရှင်း ပွိုင့် တစ်ခုတည်းကိုသာအခြေခံ၍ ဘာကြောင့် ကျွန်တော်တို့  ရွေးကောက်ပွဲကို NO VOTE လုပ်ရတယ်၊ VOTE NO ကိုလုပ်ရတယ် ဆိုတာကို ပါ။ ရှည်ဝေးသော၊အခင်းတွေကိုလည်းမခင်းချင်တော့ပါခင်ဗျား ၊ NO VOTE ဟုပြောကြသော်လည်း အခြေအနေမှာ စစ်တပ်က ၄င်းတို့ ၏လက်ကိုင်ဒုတ်များမှတဆင့် ကြောက်ရွံ့  ခြင်း၊ တွေဝေခြင်း၊ငတ်မွတ်ခြင်းဖြစ်ပေါ်ခံစားနေရသော ပြည်သူတို့အပေါ်တွင် မသမာသောနည်းပေါင်းစုံဖြင့် တရားသည်မတရားသည်ကို လည်းမမှုဘဲ လုပ်ဆောင်ခြင်းကိုပြင်းထန်စွာလုပ်ဆောင်လာပါက ပြည်သူများက မဲရုံသို့ မဲသွားပေးသည့်အခါ VOTE NO ဖြင့်ဆက်လက်ဆန့် ကျင်ရန်ဆိုသော မှုကိုချထားကြရသည်ကိုတွေ့ ရသည်။ ( သိုသော်လည်း နိုင်ငံရဲ့ လက်ရှိပကတိအဖြစ်အပျက်ကိုသေသေချာချာသိရင်ဖြင့် ပြည်တွင်းမှကိုယ်တိုင်မျက်မြင်တွေ့ ရသော ပြည်သူတွေရဲ့ ဘ၀မှာနင်းပြားဘ၀မှာထက်ပို၍ပင်ဆိုးသောအခြေအနေကို ရောက်နေကြပေသည်၊မကျေနပ်သောလည်းဘာမှ မလုပ်နိုင်ပါ၊ စကားနည်းရန်ဆဲဆိုသောမှုကိုကိုင်ကာ နောက်ဆုံးအချိန်တွင်ကပ်ပြီးတော့ လုပ်မည်ဆိုသောနည်းကိုသာလျှင် ကျင့်သုံးတော့မည်သာဖြစ်သည်ကိုတွေ့ ရသည်) ကျွန်တော်တို့ မှာ တစ်လမ်းဘဲရှိပါတော့သည်၊ နိုင်ငံရေးသိပ္ပံစကားလုံးများဖြင့်ပြည်သူကိုချပြနေရမဲ့ အချိန်မဟုတ်သလို ၊ အခင်းအကျင်း နိုင်ငံရေး သိပ္ပံမဟာဂုဏ်ထူးတန်း အောင်များရဲ့ အပြောအဆို များရဲ့ အသံကိုလေလှိုင်းပေါ်မှနေစဉ်ရက်ဆက် ချပြနေသောလည်း ပြည်ပသော်၎င်း၊ ပြည်တွင်းသော်၎င်း တနိုင်ငံလုံးအတိုင်းတာနှင့် ပညာတတ်အသိုင်းဝိုင်းများရဲ့ ၂% ပြည့်အောင်ပင် နားထောင်တွေးတောစဉ်းစားနေကြသောလူများလည်းမရှိကြပါ။ အဘယ်ကြောင့်ဆိုသောဆိုးဝါးသောနေ့ တဓူဝ မိမိအိမ်ထောင်စု အသက်ဆက်ရှင်သန်ရေး၊ ဘိုးပိုင်၊ကိုယ်ပိုင်ပစ္စည်းကိုမင်းမဲ့ ဥပဒေအောက်တွင် လုံခြုံအောင်ထိန်းရေး၊ ကိုယ်ကျန်းမာရေးကိုကိုယ်ဂရုစိုင်ရေးနှင့် ၊ကိုယ်မိသားစုဆိုတာကို သာဦးတည်နေရအောင်စစ်အစိုးရမှထောင့်ပေါင်း၊နေရာပေါင်းစုံ၊နည်းပေါင်းစုံဖြင့် နှစ် ၂၀အတွင်း ကျုံးသွင်းဆောင်ရွက်လာသောကြောင့်ဖြစ်လာသောအခြေခံအကြောင်းတရားကြောင့်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ အနေနဲ့ အများကြီးပြည်သူကိုချပြပြောဆို နေစရာ၊ အခုချိန်မှာမလုပ်သင့်တော့သလို ၊ အခုချိန်မှာနောက်ကြောင်းတွေကို ပြန်ပြီးတော့ ၊ခိုင်းနိုင်းတင်ပြပြောဆိုရမည့်၊ တခြားနိုင်ငံတကာအခြေအနေ၊စံချိန်၊စံထားတွေနှင့်ယှဉ်တွဲပြောဆိုကာ အချိန်ကုန်၊အချင်းချင်းသွေးဝမ်းကွဲ ရမည့်အချိန်လည်းမဟုတ်တော့ပေ။ ကျွန်တော်တို့ အနေနှင့်ပြည်သူကိုချပြပြောဆိုရမည်မှာတစ်ခုတည်းရှိပြီး၊ထိုတစ်ခုတည်းနှင့်ပင် စစ်အစိုးရရေးဆွဲသောအခြေခံဥပဒေကို ပြတ်ပြတ်သားသား ကန့်ကွတ်သည်၊ ဆန့်ကျင်သည်ဆိုတာကို ပြောဖို့ ပင်ဖြစ်ပါသည်။ ထို အကြောင်းမှာ " န၀တ၊နအဖ စိတ်ကြိုက်၊ပုလင်းတူ၊ဗူးဆို့များမှ အမျိုးသားညီလာခံမှထွက်လာသော၊ အတည်ပြု ထားသော၊ အခြေခံဥပဒေကို ရေးဆွဲရာတွင် အဓိကအခြေခံရမဲ့ အကြောင်းများမှ တဆင့် န၀တ၊နအဖ စိတ်ကြိုက်ခေါင်းခေါက်ရွေးချယ်သော အခြေခံဥပဒေရေးဆွဲရေးကော်မတီမှ ရေးဆွဲ ထုပ်လိုက်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေတွင် နိုင်ငံသားတစ်ယောက်၏ အဓိက၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အဓိကဖြစ်သော နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင်၊လုပ်ပိုင်ခွင့်၊ မဖြစ်မနေခံစားပိုင်ခွင်၊လွတ်လပ်ခွင့်၊ကိုးကွယ်ခွင့်၊ မျှတခွင့်၊ လုံခြုံသောဥပဒေအောက်တွင်နေထိုင်ခွင့်၊စသော Citizen Individual Right ကိုမတွေ့ ပါ၊ ကျန်သောအချက်များကိုကျွန်တောအနေနှင့် ဥပဒေပညာရှင်လည်းမဟုတ်၊ နိုင်ငံရေးသပ္ပံဆရာလည်းမဟုတ်သောကြောင့် ၀င်ရောက်မဆွေးနွေးမပြောချင် သောလည်း၊ ကျွန်တော်ပြောချင်သောအချက်မှာ မြန်မာနိုင်ငံတွင်နေထိုင်သောတိုင်းရင်းသားပြည်သူတစ်ဦးတစ်ယောက်ခြင်း၏အဓိကသက်ဆိုင်သော individual right တစ်ခုမှ၊ ဘယ်အခန်းတွင်မှရေးသားဖေါ်ပြထားခြင်းမရှိပါ။ ထိုအချက်တစ်ခုတည်းနှင့်ပင်ကျွန်တော်တို့ သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော ကြောင့်ထိုအခြေခံဥပဒေကြီးကို လုံးလုံးလျားလျားဆန့်ကျင်ကန့်ကွက်ကြောင်းပြောကာ န၀တ၊နအဖ ကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒံယူပွဲကို ရိုက်ချိုးလို့ရသည် ၊ ပြည်သူများမှ စစ်အဏာရှင်အစိုးရကို ပြတ်ပြတ်သားသား ပြောဆို ကန့် ကွက်လို့ ရသည်ကို ဟုပြောဆိုရခြင်းဖြစ်ပါသည်။ ခင်မင်လေးစားစွာဖြင့် စိုင်းမွန်
ပြန်ခေါက်ရန်...
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာတွေတစ်ချို့က ထောက်ခံမဲထည့်ဖို့ စည်းရုံးလှုံ့ဆော်မယ့် ဝါဒဖြန့်ချိရေးကားတွေ ရိုက်ကူးဖို့ စီစဉ်နေပါတယ် ဆိုပြီး တိတိကျကျကို ဖေါ်ပြထားတဲ့ စာထွက်လာပါတယ် ဒါကို ဘလော့တစ်ခု မှာ ဒီ ဒါရိုက်တာတွေ ထုတ်လုပ်သူတွေက ရဟန်းသံဃာတွေ ကျောင်းသားပြည်သူတွေကို သစ္စာဖေါက်သူတွေဆိုပြီး ပြင်းပြင်းထန်ထန် ရေးလာတာလဲ တွေ့ရပါတယ် ဒါကိုဖတ်ရတော့ ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ် ဘာလို့လဲဆိုတော့ အတွင်းမှာနေထိုင် ရုန်းကန်နေရတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ဘဝကို မသိကြတဲ့ လူတွေကြောင့်ပါ မြန်မာ့ရုပ်ရှင်လောကဟာ ဘယ်တုန်းကမှ စစ်အစိုးရရဲ့ ချုပ်ကိုင်မှုအောက်က မရုံးထွက်နှိုင်ခဲ့ပါဘူး မဆလ ခေတ် တလျှောက်လုံးကျွန်တော် ရုပ်ရှင်လောက ထဲမှာကြီးပြင်းလာခဲ့တာပါ အစိုးရက ရုပ်ရှင်လောက သားတွေကို ဖလင်ထုတ်ယူခွင့် ကနေစလို့ ဆင်ဆာခွင့်ပြုမှု ထုတ်ဝေခွင့် က ကြီးကနေ အ အထိပေါ့ဗျာ လိုက်ထိန်းချုပ်ထားခဲ့တာပါ ပြီးတော့ ကြုံရင်ကြုံသလိုလဲ သူတို့ အကျိုးပြုကားတွေ ရိုက်ခိုင်းလေ့ရှိပါတယ် ကျွန်တော်တို့လဲ မရိုက်ချင်ဘဲ အစိုးရကားတွေ ရိုက်ပေးခဲ့ရတာတွေရှိပါတယ် သူတို့ရိုက်ခိုင်းရင် ငွေလဲမရတဲ့အပြင် သူတို့ထုတ်ပေးတာမလောက်လို့ ကိုယ်လဲအိပ်ထဲကစိုက်ရ အဆိုးဆုံးက ပြည်သူက အမြင်ကပ်တာလဲခံရလို့ ဘယ်သူမှတော့ရိုက်ချင်တာမဟုတ်ဘူး ဒါပေမယ့် မရိုက်ပေးဘူးလို့ ငြင်းပြန်ရင်လဲ လူကြီးလူကောင်းခွေးမသားတွေက အငြိုးတကြီးနဲ့ကို ဆော်တော့တာဘဲ ကိုယ်ရိုက်တဲ့ ကားကျတော့မှ ဇာတ်လမ်းရိုက်ကူးခွင့်ပယ်မယ် ဖလင် ထုတ်ပေးရင် ကန့်သတ်မယ် (အပြင်ကဝယ်ရိုက်နေရတာဈေးကြီးမှန်းသိလို့..) နောက်ဆုံးဆင်ဆာတင်တော့လဲ ကပ်ညစ်မယ် ဒီလို တောက်လျောက်ကိုဆော်တော့တာဗျို့ ဒါတောင်သူတို့ကို ဘာမှ ပြောရ လုပ်ရသေးတာမဟုတ်ဘူး တခုခုများ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး သူတို့ကိုဆန့်ကျင်တဲ့သူတွေဆိုရင်တော့ လုပ်စားခွင့်တောင် အကန့်အသတ်မရှိပိတ် ပစ်တော့တာဘဲ အနုပညာ သမားတယောက်ကို အနုပညာနဲ့ လုပ်စားခွင့်က ပိတ်ပင်လိုက်တာဟာ ငါးကိုရေထဲက ဆယ်ပြီးသောင်ပြင်ပေါ် ပစ်လိုက်သလိုပါဘဲ ဒီတော့ ကိုယ်ချစ်တဲ့ လောကလေး ကိုမစွန့်ခွာနှိုင်တဲ့အခါ မချစ်သော်လဲ အောင့်ခါနမ်းပြီး မျက်စိမှိတ် လုပ်ပေးခဲ့ရတာ ခေတ်အဆက်ဆက် ကပါ ဒါပေမယ့် စုန်းပြူးတွေကလဲ ခေတ်အဆက်ဆက် မှာရှိခဲ့ဖူးပါတယ် အစိုးရ ကိုမျက်နှာလို အားရလုပ်ပြီး ကိုယ့်ကောင်းကျိုးအတွက် ဖါးခဲ့တဲ့ သူတွေလဲရှိခဲ့ပါတယ် ပြီးရင် Cell Phone Permit လေးတောင်းလိုက် Car Permit လေး တောင်းလိုက်ပေါ့နော် တစ်ချို့ကျတော့လဲ တကယ်ကို ဆင်းရဲရှာလို့ ဒီလိုလုပ်ကြရတာပေါ့ဗျာ တစ်ချို့ကကျတော့ သာကူး လို့ခေါ်တဲ့ သစ္စာဖေါက် အစစ်တွေပေါ့ ဘယ်သူသေသေ ငတေမာရင်ပြီး တဲ့လူတွေကတော့ နေရာတိုင်း အလွှာတိုင်းမှာ ရှိကြစမြဲပေါ့ ဒါပေမယ့်ဗျာ ခုတိုင်းပြည် အနေအထားက မဆလ ခေတ်ထက် အများကြီးဆိုးနေပါပြီ အရမ်းလဲ ဆင်းရဲနေကြပြီ ငတ်မွတ်နေကြပြီ ယုံကြည်မှုထက် ကြောက်ရွံ့ခြင်းက အားသာနေပြီ ဒီကောင်တွေ ခိုင်းတာမလုပ်ရင် ဘာဖြစ်နှိုင်တယ် ဆိုတာလဲ အားလုံးသိနေကြတဲ့အခါ ကိုယ်နဲ့ ကိုယ့်မိသားစု လုံခြုံရေးအတွက် မလွှဲသာ မရှောင်သာ လုပ်ပေးကြရတော့တာပေါ့ ဒါကို အပေါ်ယံလေး ကြည့်ပြီးတော့ အစိုးရ ကားရိုက်တယ်ဆိုရင် သစ္စာဖေါက်ပဲ ဘာညာစွတ်ပြောလို့ မရဘူးဗျ ပြည်တွင်းက အနုပညာသမားတွေက သေနပ်ပြောင်းဝ မှာမလူးသာ မလွန့်သာဖြစ်နေတုန်း ရွေးချယ် ငြင်းပယ်ခွင့် မရှိတဲ့ ဘဝ ကိုနားလည်မပေးဘဲ လက်တစ်ဆုတ်စာရှိတဲ့ သာကူး တစ်ချို့နဲ့ အတူတူ သတ်မှတ်ပြီး သစ္စာဖေါက် လို့သတ်မှတ်လိုက်မယ်ဆိုရင် အမြင်ကျဉ်းလွန်းရာကြပါတယ်ဗျာ ရုပ်ရှင် လောက မှာ သေချာ ထဲထဲဝင်ဝင် မနေခဲ့ဘူး လို့ မစာနာတတ်တာလို့ဘဲထင်ပါတယ် ဒီအတွက်တော့ ကျွန်တော် စိတ်မကောင်းပါဘူး နောက်ပြီး ကာယကံရှင်တွေ ကိုသေချာမမေးဘဲ လမ်းပေါ်မှာဝေတဲ့စာလေးတစ်စောင် ကို ကိုးကားပြီး သစ္စာဖေါက် တွေဘာညာခေါ်ဖို့ ဆိုတာ နဲနဲလေး မစောလွန်းဘူးလားဗျာ မောင်မျိုးမင်းတို့ ညီလာခံကား ရိုက်တုန်းကဆို ကျွန်တော်ကိုယ်တိုင်ဝေဖန်ခဲ့ပါတယ် သူတို့က စေတနာဗလပွနဲ့ ဖါးယားပြီးလုပ်ကြတာပါ ဒီလိုလူတွေ ကိုတိုက်ခိုက်ဖို့ တော့ ကျွန်တော်ကိုယ်တိုင် အားပေးကူညီမယ် အခု အရေးအခင်း ဖြစ်ပြီးတော့ အခြေအနေ တွေက မတူတော့ဘူးလေ အနုပညာလောက သားတွေအားလုံး မလှုပ်ရဲ အောင်ကို ချုပ်ထားကြပါပြီ လုပ်ရတာနဲ့ ပြန်ခံရမှာ ကို မတန်ဘူး ဆိုတာသိအောင် သူတို့ မှိုင်းတိုက်ထားလိုက်ပြီလေ ဒါကို သူတို့နေရာမှာ သူတို့နဲ့ တန်းတူ ရင်ဆိုင်နေရတာ မဟုတ်ဘဲနဲ့ ကိုယ်က လွတ်လပ်တဲ့နိုင်ငံမှာ Computer ရှေ့ထိုင်ပြီး Key Board လေးတပြင်ပြင်နဲ့ အလကားရေးရတာဘဲ ရေးလိုက်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ရေးတိုင်းသတင်း မဖြစ်ပါဘူး ကာယကံရှင်တွေ ဘာကြောင့် ဘယ်လို ရပ်တည်နေရတယ်ဆိုတာ သေချာစုံစမ်းသင့်ပါတယ် ကျွန်တော်ကတော့ သေချာစုံစမ်းပြီးမှ သုံးသပ်ပြီးရေးတာပါ ကိုယ်တိုင်လဲ ဆက်သွယ်မေးမြန်းပြီးပါပြီ ကိုယ်ရေးရပြီးရောရေးတဲ့ သတင်းကတော့ မြန်မာ့အလင်းမှာ ဖတ်ရတာနဲ့ တူတူပါဘဲ ကျွန်တော် အခုလဲ ဘာမှမပြောတော့ပါဘူး လို့ စဉ်းစားထားရင်း သတိရလာတာရှိလို့ပါ ကျွန်တော် နိုင်ငံရေးသမား မဟုတ်ဘူး လူမှုရေးသမား ကျွန်တော် အမိမြေကိုချစ်တယ် မြန်မာတွေကိုချစ်တယ် ဒီတော့ မြန်မာလူမျိုး တွေ ကိုအသက်ရှိနေသမျှ ကာကွယ်သွားမယ် ကျွန်တော် ကိုပါချင် ကိုသိချင် မဟုတ်ဘူး အနုပညာ မျိုးဆက် စစ်စစ် ဖြစ်တယ် အနုပညာ လောကကို အထူးသဖြင့် ရုပ်ရှင်လောက ကိုချစ်တယ် တတ်ယောင်ကားစိတ်နဲ့ ကျွန်တော့် လူတွေ မြန်မာ့ အနုပညာလောကသားတွေ ရုပ်ရှင်လောကသားတွေကို တစ်ဖက်သတ် စော်ကားလာရင် ငုံ့ခံမယ့်ကောင်တော့ မဟုတ်ဘူး သေချာတာတစ်ခုတော့ရှိတယ် ကျွန်တော် ဒီ Post ရေးတာ လူစိတ်ဝင်စားအောင်တော့မဟုတ်ဘူး ခံယူချက် ယုံကြည်မှု နဲ့ရေးတာ ဘယ် အမည်မသိ မိတ်ဆွေကြီးကမှ ပေးတဲ့သတင်းမဟုတ်ဘူး
ပြန်ခေါက်ရန်...
ဧရာဝတီ မြန်မာနိုင်ငံတွင် ဂျပန် နာမည်ကြီး ဒိုင်အာချီ ( DAIICHI COMPUTER RESOURCE CO.,LTD ) အိုင်တီကွန်ပျူတာ ကုမ္ပဏီကြီးက အမေရိကန်ဒေါ်လာ သုံးသန်းကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရန်ကုန် ကွန်ပျူတာလုပ်ငန်းရှင် အသိုင်းအဝန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ စုံစမ်းသိရှိရသည်။ ကွန်ပျူတာဟတ်ဝဲ(Hardware) အစိတ်အပိုင်းများထုတ်လုပ်သည့်စက်ရုံ တည်ထောင်ခြင်း၊ ဆော့ဖ်ဝဲ( Software ) ဆိုင်ရာသင်တန်းကျောင်းများ တည်ထောင်ခြင်း ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ အတွက် ဆော့ဖ်ဝဲများတီထွင်ရေးဆွဲပြီး အာရှဒေသတွင်းဈေးကွက်များသို့တင်ပို့ရောင်းချခြင်းနှင့် ကွန်ပျူတာ အိုင်တီနည်း ပညာနှင့် ပတ်သက်သောလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်မည့်အဆိုပါကုမ္ပဏီမှာ အရှေ့တောင်အာရှဒေသ ဈေးကွက်ချဲ့ထွင်သည့်အနေဖြင့် မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်ကွန်ပျူတာ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက်ပြောဆိုသည်။ “ဒီလို ဂျပန်နာမည်ကြီးကုမ္ပဏီတခုက မြန်မာနိုင်ငံမှာလာပြီးရင်းနှီးမြှုပ်နှံတာ ဆိုတော့ မြန်မာ့အိုင်တီ လောက အတွက်တော့ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာ ကောင်းတွေရှိလာပြီလို့ ပြောရမှာပဲ” ဟု မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်တဦးက ပြောသည်။ အဆိုပါ ဂျပန်ကုမ္ပဏီက မြန်မာနိုင်ငံတွင် ကွန်ပျူတာအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံကြီးတခု ရန်ကုန်မြို့ တွင် တည်ဆောက်ရန် အသေးစိတ်လေ့လာမှုများပြုလုပ်နေကြောင်းလည်း သိရသည်။ “ဒီမှာက အလုပ်သမားခ ဈေးပေါတယ်၊ မြေယာငှားရမ်းခကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဈေးနည်းတယ်၊ ပြီးတော့ မြန်မာတွေက သင်ပေးရင်သင်ပေးသလောက် လုပ်နိုင်တယ်၊ အစိုးရကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု တွေလာဖို့ ဥပဒေ စည်းမျဉ်းတွေ အရမ်းလျှော့ချပေးနေတော့ နိုင်ငံရေးကို မကြည့်ဘဲ စီးပွားဖြစ်ဖို့ အမြတ်ရဖို့ စဉ်းစားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက် လက်မလွှတ်သင့်တဲ့ နိုင်ငံတခုပါပဲ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ဆိုသည်။ ထို့ပြင် အဆိုပါကုမ္ပဏီက မြန်မာအိုင်တီဆော့ဖ်ဝဲပညာရှင်များကို လေ့ကျင့်သင်ကြားပေးပြီး ဂျပန်ရှိ အိုင်တီ နှင့်ဆော့ဖ်ဝဲကုမဏီများထံသို့စေလွှတ်မည့် အစီအစဉ်များရှိခြင်းကြောင့် မြန်မာလူငယ်ကွန်ပျူတာပညာရှင်များက အထူးစိတ်ဝင်စားနေကြကြောင်း ကေအမ်ဒီ ( KMD ) ကုမ္ပဏီမှ ဆော့ဖ်ဝဲ ပညာရှင် လူငယ်တဦးက ပြောသည်။ “ကျနော် ဂျပန်စာကို လေ့လာနေတယ်၊ အဲဒီကုမ္ပဏီက အလုပ်ခေါ်ရင် အဆင်သင့်ဖြစ်နေအောင်လို့ပါ၊ တခြား ဆော့ဖ်ဝဲပညာရှင်တွေလည်း အဲဒီကုမ္ပဏီသတင်းကို ကြားကတည်းက ဂျပန်စာ သင်နေကြတယ်၊ ဂျပန်မှာ ဆော့ဖ်ဝဲပညာရှင်အဖြစ်အလုပ်လုပ်နိုင်ဖို့ဆိုတာ ကျနော် အရမ်းမျှော်လင့်နေတဲ့ အိမ်မက်ကြီးတခုပဲ” ဟု အဆိုပါလူငယ်က ပြောသည်။ သို့ရာတွင် ရန်ကုန်ရှိ ကွန်ပျူတာလုပ်ငန်းရှင်တဦးကမူ မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံသည့် ဂျပန် ကုမ္ပဏီ အနေဖြင့် မကြာမီရင်းနှီမြှုပ်နှံမှုများပြန်လည်းရုပ်သိမ်းသွားမည် ဟုထင်ကြောင်း ၊ အိုင်တီကွန်ပျုတာ ကုမ္ပဏီများအတွက် အင်တာနက်အွန်လိုင်းမြန်ဆန်မှုမှာ လွန်စွာအရေးကြီးကြောင်း၊ စစ်အစိုးရအုပ်ချူပ်သော မြန်မာနိုင်ငံတွင် အင်တာနက်မြန်နှုန်းများကိုထိန်းချူပ် နှေးကွေးထားပြီး ရက်ပေါင်းများစွာကြာသည့်တိုင် ဖြတ် တောက်မှုများရှိသည့်အတွက် ဂျပန်ကုမ္ပဏီအနေဖြင့် ရေရှည်အလုပ်လုပ်နိုင်ရန်မလွယ်ကြောင်း၊ လက်ရှိပြည်တွင်း မြန်မာကုမ္ပဏီများပင် အင်တာနက်မြန်နှုန်းနှေးကွေးခြင်းနှင့် ဖြတ်တောက်ခြင်းတို့ကြောင့် လုပ်ငန်းရပ်ဆိုင်းမှုများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။ “အစိုးရက စိတ်မထင်ရင်မထင်သလို အင်တာနက်နှေးလိုက်၊ ဖြတ်လိုက်လုပ်နေတာ ဒီအင်တာနက်အခြေခံတဲ့ ကွန်ပျူတာကုမ္ပဏီတွေအတွက် အရမ်းဒုက္ခရောက်တယ်၊၂၀၀၇ စက်တင်ဘာ တုန်းကဆိုရင် အင်တာနက် တွေ ဖြတ်ထားတော့ ကျနော်တို့လုပ်ငန်းတွေအားလုံး ရပ်ပစ်လိုက်ရတယ်၊ ရက်ပေါင်းများစွာကြာအောင် လုပ်ငန်းရပ် လိုက်ရတော့ ကျနော်ကုမ္ပဏီဆိုရင် အပ်ထားတဲ့အလုပ်တွေမပြီးလို့ ကျပ် သိန်းတရာကျော်လောက် ရှုံးတယ်၊ အခုလည်း အင်တာနက်က နှေးနေတုန်းပဲ” ဟုအဆိုပါ လုပ်ငန်းရှင်ကဆိုသည်။ အဆိုပါ ဒိုင်အာချီ ကွန်ပျူတာကုမ္ပဏီသည် ၁၉၆၉ ခု နှစ် ဒီဇင်ဘာအတွင်းက စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ နာဂိုယာမြို့အခြေစိုက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမပြုလုပ်နိုင်ရန် အီးယူဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင် စုက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း ဂျပန်စီးပွားရေးကုမ္ပဏီအများစုမှာ လုပ်အား ခသက်သာပြီး မြေယာအရင်းအနှီးဈေးပေါသည့်အတွက် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လေ့လာ နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ကုန်သွယ်ရေးအဖွဲ့( Japan External Trade Organization ) မန်နေးဂျင်း ဒါရိုက် တာ မစ္စတာအီတာရို ကိုဂျီးမား ( Mr.Eitaro Kojima) က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ်သတင်း ဂျာနယ်များတွင် ဖော်ပြသည်။ အထူးသဖြင့်မြန်မာနိုင်သို့ တရုတ်နိုင်ငံမှ ဂျပန်အထည်ချူပ်စက်ရုံများ ပြောင်းရွှေ့လုပ်ကိုင်ရန် အစီအစဉ်များရှိ သည်ဟု မစ္စတာ ကိုဂျီးမားက ပြောဆိုကြောင်း သတင်းဂျာနယ်များက ဆိုသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသည့် ဂျပန်စီးပွားရေးကုမ္ပဏီစုစုပေါင်း ခြောက်ဆယ်ရှိကြောင်း မြန်မာနိုင်ငံကုန် သည်ကြီးများအသင်းမှ အမှုဆောင်တဦးက ပြောသည်။ ၂၀၀၇ ခုနှစ်သံဃာတော်များ ဦးဆောင်သော စက်တင်ဘာလူထုလှုပ်ရှားမှုများကို သတင်းရယူခဲ့သော ဂျပန်နိုင်ငံ သား ဓာတ်ပုံသတင်းထောက် မစ္စတာ နာဂါအိကန်ဂျိ စစ်အစိုးရ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရ သည့်အတွက် ဂျပန်အစိုးရကမြန်မာစစ်အစိုးရသို့ပေးမည့် အမေရိကန်ဒေါ်လာ ၄ . ၇ သန်းတန် အကူအညီတခု ကိုသာ ရပ်ဆိုင်းခဲ့သည်မှအပ တစုံတရာအရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပေ။
ပြန်ခေါက်ရန်...
(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊)
___________
ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။
ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။
___________
ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။
အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။
___________
အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊
နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။
___________
ပြန်ခေါက်ရန်...
အာဖျံကွီး မြန်မာစာပေနယ်မှာ ရာဇ၀င်နောက်ခံ ၀တ္ထုတွေ ရေးသားပြီး အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီးတဦး ရှိတယ်။ အာဖျံကွီးနဲ့လည်း အလွန်အင်မတန်မှ ခင်မင်ရင်းနှီးပါတယ်။ ရင်းနှီးတဲ့အခါကျတော့ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ရှိတာကို အာဖျံကွီး သတိထားမိတယ်။ အာဖျံကွီးတို့ကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာ သိရလို့လည်း အဲဒီစာရေးဆရာကြီးကို ပိုလေးစားမိတယ်။ ဒါပေမယ့် အဲဒီစာရေးဆရာကြီးဟာ တခါတခါမှာ ဘယ်လိုဘယ်လို ဖြစ်တယ်မသိ။ အာဖျံကွီးတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ရမယ်လို့ ပြောတဲ့ မီးရထားဝန်ကြီး ဦးဝင်းစိန်(အခုတော့ ပြုတ်ရှာလေပြီ) နားမှာ အခစားဝင်နေတာကို တွေ့လိုတွေ့ရ၊ တခါတခါ နအဖက ကျင်းပပြုလုပ်တဲ့ ဆိုကရေးတီးပြိုင်ပွဲတွေမှာ အခုဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရှာတဲ့ ဗိုလ်ခင်ညွန့်အနား ကပ်ထိုင်ပြီး ဒိုင်ချုပ်လုပ်နေတာကို တွေ့လိုတွေ့ရနဲ့ဆိုတော့ အာဖျံကွီးမှာ နားမလည်နိုင်အောင် ဖြစ်ရတယ် … အဟုတ်။ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ် ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အာဖျံကွီး တဗွေထဲ ခေါင်းစားနေမိတာပေါ့။ ဒါပေမယ့် လူချင်းတွေ့ပြန်တော့လည်း အန်တီစုမှ အန်တီစု ဖြစ်နေပြန်တော့ ခုနက အတွေးတွေက လေထဲမှာ အငွေ့ပျံကုန်ပြန်ရော။ တခါသားမှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က သူထုတ်လုပ်မယ့် ‘သူ့ကျွန်မခံပြီ’ ဆိုတဲ့ နအဖ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားကြီးမှာ အဲဒီစာရေးဆရာကြီးကို ဇာတ်ညွှန်းရေးဖို့ တာဝန်ပေးတယ်တဲ့။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကြည်စိုးထွန်းက ရိုက်မှာပေါ့။ အဲဒါနဲ့ စာရေးဆရာကြီးလည်း တက်ကြွတဲ့ ကြက်ဖလုပ်ပြီး ဇာတ်ညွှန်းကို အကောင်းဆုံးဖြစ်အောင် စီမံဖော်စပ်ပါသတဲ့။ အဆင်သင့်ရင် ဇာတ်ညွှန်း အကယ်ဒမီဆုပါ ရမှာကိုး။ အမျိုးသားစာပေဆုကလည်း ရပြီးသားဆိုတော့ ဇာတ်ညွှန်း အကယ်ဒမီဆုပါရရင် ဘယ်ဆိုးလို့တုန်းပေါ့။ ဇာတ်ညွှန်းကို အကောင်းဆုံး ခြယ်မှုန်းပြီးသကာလ လက်တွေ့ ရိုက်တဲ့အခါမှာလည်း စာရေးဆရာကြီးဟာ ရိုက်ကွင်းဇာတ်ညွှန်း တာဝန်ခံအနေနဲ့ နေ့မအား ညမအား လှုပ်ရှားရပြန်တယ်။ စာရေးဆရာကြီးတယောက် ဒီလောက်တောင် ဖတ်ဖတ်မောထားတာ၊ အကယ်ဒမီဆုတော့ သေချာပြီပေါ့လို့ အသိမိတ်ဆွေတွေက ထင်ထားကြတာပေါ့။ ဒါပေမယ့် ကံဆိုးချင်လို့ပဲလား မသိ၊ အကယ်ဒမီဆု ပေးတဲ့အချိန်မှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က ရာထူးက ပြုတ်ရှာပြီဆိုတော့ စာရေးဆရာကြီးလည်း အကယ်ဒမီဆုနဲ့ လွဲသွားခဲ့လေတယ်။ တရက်မှာတော့ စာရေးဆရာကြီးဟာ သူ့အနေနဲ့ အမေလို ခင်တွယ်ရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် နာမကျန်းဖြစ်တာကို လူနာအခြေအနေ မေးရင်း အားပေးစကား ပြောဆိုဖို့သွားသတဲ့။ အဲဒီလိုအသွားမှာ အကယ်ဒမီဆုနဲ့ လွဲခဲ့တဲ့ စာရေးဆရာကြီးဟာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့တခုကိုတော့ ရခဲ့တဲ့အကြောင်း သူနဲ့အတူ လူနာမေးဖို့ သွားခဲ့တဲ့ စာရေးဆရာက အာဖျံကွီးကို ပြောပြတယ်။ အာဖျံကွီးလည်း ဘာဘွဲ့လဲဆိုတာကို သိချင်တာနဲ့ အဲဒီစာရေးဆရာကို ကပ်မေးတော့တာပေါ့။ အဲဒီမှာ သူပြောပြတဲ့ (ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့) ဘွဲ့အမည်ကို နားထောင်ပြီး အာဖျံကွီး နားလည်ရ ခက်နေတဲ့ စာရေးဆရာကြီးအပေါ် လုံးဝရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့တယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့အမည်က ဒီလိုပါတဲ့ … ။ စာရေးဆရာကြီးက လူနာမေးဖို့ ကုတင်နား ကပ်သွားတဲ့အခါ အိမ်သားတွေက ဆရာမကြီးကို ‘အမေကြီး … ဒီမှာ ဘယ်သူလဲလို့’ ပြောသတဲ့။ ဆရာမကြီးက တချက်လှည့်ကြည့်ပြီး ‘သိတာပေါ့ဟဲ့ … သူ့ကျွန် ခံတဲ့အကောင် မဟုတ်လား’လို့ ပြန်ပြောလိုက်တဲ့။ စာရေးဆရာကြီးခမျာ ဆရာမကြီးပေးတဲ့ ဘွဲ့အမည်ကို ရင်ဝယ်ပိုက်ပြီး လူအများရှေ့မှာ ရယ်ဖြဲဖြဲနဲ့ ချော်လဲရောထိုင် လုပ်လိုက်ရသတဲ့လေ …။အာဖျံကွီး
ပြန်ခေါက်ရန်...
မေလတွင် ကျင်းပပြုလုပ်တော့မည့် နအဖလူသတ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြဖို့ လှုံ့ဆော်စည်းရုံးသည့် အနေနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ မိနစ်(၄၀)ကြာ ၀ါဒဖြန့်ချိရေး ဇာတ်ကား (၅)ကားကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကားများကို နာမည်ကျော် မြန်မာရုပ်ရှင် ဒါရိုက်တာများ ဖြစ်ကြသည့် ဒါရိုက်တာ မောင်တင်ဦး၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ ဒါရိုက်တာ နောင်ထွန်းလွင်-ညီညီထွန်းလွင်နှင့် ဒါရိုက်တာ ခင်မောင်ဦး-စိုးသိမ်းထွဋ်တို့က ရိုက်ကူးရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။ ရွှေဝါရောင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ရဟန်းရှင်လူ၊ ပြည်သူလူထုနှင့် ကျောင်းသူ/သားများအပေါ် သစ္စာဖောက်သည့် အဆိုပါ ဒါရိုက်တာများအား ငွေထုတ်ပေးသည့် အလိုတူ အလိုပါ ကုမ္ပဏီများမှာ (၁) အေးအေးဝင်း - လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ ခင်မောင်ဦး - စိုးသိမ်းထွဋ်) (၂) စိန်ဋ္ဌေး ရုပ်ရှင်ထုတ်ရေး (ဒါရိုက်တာ နောင်ထွန်းလွင် - ညီညီထွန်းလွင်) (၃) စနှိုးဝှိုက် ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ စနှိုးဝှိုက် - မောင်မောင်ဦး) (၄) ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ မောင်တင်ဦး) နှင့် (၅) Eleven Media Group (ဒါရိုက်တာ မီးပွား) တို့ဖြစ်ကြပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ မြင့်သိန်းဖေ၊ အတွင်းရေးမှူး ဒါရိုက်တာ မလိခ စိုးထိုက်အောင်၊ စာရေးဆရာ ချစ်ဦးညို၊ ဇာတ်ညွှန်း ငြိမ်းမင်းနှင့် နအဖ လက်ကိုင်တုတ် အေးလွင်တို့က တာဝန်ယူ ရေးသားကြမှာ ဖြစ်ကြောင်း သတင်းရရှိသည်။
ပြန်ခေါက်ရန်...
Type rest of the post here
ပြန်ခေါက်ရန်...
တရုတ်အစိုးရနှင့် တိဘက်ဘုန်းတော်ကြီး များ၏ ပဋိပက္ခနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ သဘောထားကို ထောက်ခံကြောင်း ကြေညာချက်တစောင် ကို မြန်မာစစ်အစိုးရက မတ်လ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းတွေ့ရှိရသည်။
၎င်းကြေညာချက်တွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့မှာ ကာလရှည်ကြာကတည်းက ဆွေမျိုးပေါက်ဖော် သဖွယ် ရင်းနှီးလာကြကြောင်းနှင့် တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူ အပါအဝင် အခြေခံမူငါးရပ်ဖြင့် အတူယှဉ်တွဲ နေထိုင်ကြကြောင်းရေးသားဖော်ပြထားသည်။
ဆက်လက်၍ ၎င်းကြေညာချက်၌ တိဘက်၌ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များသည် “တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်ကိစ္စရပ်” ဟူ၍သာ မြန်မာနိုင်ငံက သဘောထားရှုမြင်သည်ဟု ရေးသားထားသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ၎င်း၏ဥာဏ်အမြော်အမြင် ကြီးမားမှုဖြင့် အောင်မြင်ကျော်လွှားနိုင်ပြီး ပြည်တွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက အပြည့်အဝယုံကြည်သည်” ဟု ဆက်လက်ရေးသားထား၏။
ထို့ပြင် မြန်မာအစိုးရအနေနှင့် တိဘက်ဖြစ်ရပ်များကို ပေကျင်းအိုလံပစ်ပွဲတော်နှင့် စပ်ဆက်ရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သည်ဟု ဆိုထားသည်။
မတ်လဆန်းက တိဘက်ဒေသ လာဆာမြို့တွင် တရုတ်အစိုးရအုပ်ချုပ်ရေးကို ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တိဗတ်ဘုန်းတော်ကြီးများက ဦးဆောင်ပြုလုပ်ခဲ့ရာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် ဆန္ဒပြလှုပ် ရှားသူ ၁၀၀ကျော်သေဆုံးခဲ့ရသည်။
ထိုသို့တရုတ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က တိဘက် သံဃာများနှင့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည့်ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကိုယ်စား ဦးပဉ္ဖင်းဦးပညာဇောတကလည်း တရုတ်ပြည်အစိုးရ၏ လုပ်ရပ်အပေါ် လုံးဝကန့်ကွက်ရှုတ်ချသည်ဟု ပြောဆိုသည်။
“နအဖ အစိုးရကလည်း စစ်အာဏာရှင်၊ တရုတ်အစိုးရကလည်း ကွန်မြူနစ် တပါတီအာဏာရှင်။ သူတို့အချင်း ချင်းက တဦးနဲ့တဦး နှစ်ဦးနှစ်ဘက် အကျိုးရှိအောင်လုပ်နေတာဆိုတော့ အစိုးရတခုကဘာလုပ်လုပ် တခုက ထောက်ခံမှာပဲ” ဟု ဦးပညာဇောတက မြန်မာစစ်အစိုးရ၏ ကြေညာချက်နှင့်ပတ်သက်၍ ထင်မြင်ချက်ပေး သည်။
ဆက်လက်၍ ဦးပဉ္ဖင်းက ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းတော်များ ဖြိုခွင်းခံခဲ့ရသည်ကို ကိုယ်တိုင်ကြုံ တွေ့ခဲ့သဖြင့် တိဘက်ဘုန်းတော်ကြီးများခံစားရသည်ကို ကိုယ်တိုင်ခံစားနေရသကဲ့သို့ တွေးထင်မိသည်ဟုဆို သည်။
“တိဘက်ဘုန်းတော်ကြီးတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ မိမိတို့လိုအပ်တာကို ရအောင်ကျိုးစားပါ။ အဲလိုပဲ မြန်မာပြည်က ရဟန်းတော်တွေအနေနဲ့လည်း ဆက်ပြီးကြိုးစားသွားမယ်လို့ ဦးပဉ္ဖင်းပြောချင်ပါတယ်” ဟု ဦးပညာဇောတက မိန့်ကြားသည်။
၎င်းနေ့ မတိုင်မီ တပတ်ကျော်ခန့်ကလည်း နအဖပိုင်သတင်းစာများ၌ ထိုင်ဝမ်အစိုးရ၏ ကုလသမဂ္ဂ ဝင်ရောက်ရေးကိစ္စ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မြန်မာအစိုးရက ကန့်ကွက်ကြောင်းကြေညာခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို အစဉ်တစိုက်ကျင့်သုံးပြီး ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ ၏ ခွဲခြားမရသော အစိတ်အပိုင်းတခုဖြစ်ကြောင်းကို အစဉ်သတ်မှတ်ခံယူသည်ဟု ၎င်းကြေညာချက်တွင် ပါရှိသည်။
ဆက်လက်၍ မြန်မာစစ်အစိုးရက ထိုင်ဝမ်လွတ်လပ်ရေးနှင့် စပ်လျဉ်း၍ ကြိုးပမ်းလုပ်ဆောင်မှုမှန်သမျှကို အတိအလင်းဆန့်ကျင်သည်ဟု ရေးသား ဖော်ပြထားသည်။
မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်ကာ ဒီမိုကရေစီဖော်ဆောင်မှုမရှိခြင်းကြောင့် အနောက်နိုင်ငံ မိသားစုများက စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေစဉ် တရုတ်အစိုးရက မြန်မာစစ်အစိုးရအတွက် စီးပွားရေးနှင့် စစ်ရေးအထောက်အပံ့များကိုအဓိကပံ့ပိုးနေခဲ့သည်။
စစ်အစိုးရပိုင်သတင်းစာများတွင် နိုင်ငံတကာသတင်းစာမျက်နှာ သုံးမျက်နှာခန့်ပါရှိသော်လည်း မတ်လဆန်း ကတည်းက ဖြစ်ပွားခဲ့သည့် တိဘက်အရေးအခင်းသတင်းကို လုံးဝဖော်ပြခြင်းမရှိခဲ့ပေ။ ပြည်တွင်းရှိ သတင်း ဂျာနယ်များတွင်လည်း ၎င်းသတင်းများကို ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သတင်းဂျာနယ်အသိုင်းအဝန်းမှ ကြားသိရသည်။
ရန်ကုန် ကားဈေး ထိုးကျ
ပြန်ခေါက်ရန်...
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်း၌ မြန်မာပန်းချီ အနုပညာရှင်တဦး အပါအဝင် နိုင်ငံပေါင်း သုံး နိုင်ငံ မှ ပန်းချီအနုပညာရှင် သုံး ဦး ပူးပေါင်းပြသသည့် The Three Nations အမည်ရ ပန်းချီပြပွဲ တပွဲကို မတ်လ ၂၉ ရက် တွင် စတင်ပြသမည်ဖြစ်ကြောင်း သိရသည်။
ပန်းချီ ဟန်လေးနှင့် သူရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
ပါဝင်ပြသမည့် ပန်းချီဆရာများမှာ မြန်မာနိုင်ငံသား ပန်းချီနှင့် ကာတွန်း အနုပညာရှင် ဟန်လေး၊ ထိုင်းနိုင်ငံသား လူငယ်ပန်းချီဆရာ နာရုန်းရွတ် ထောင်ရိုး နှင့် တောင်အာဖရိက ပန်းချီအနုပညာရှင် ဂျက် ရတိ (Jacques Retief) တို့ ၃ ဦးဖြစ်ပြီး ပန်းချီကားပေါင်း ၃၀ ကျော်ပါဝင်ပြသမည်ဖြစ်ကြောင်း ပြပွဲလက်ခံ စီစဉ်သူ မမာမာ ကပြောသည်။ ယခုပြပွဲ ပြသရခြင်းနှင့် ပတ်သက်ပြီး တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိက“ကျနော် ဒီပန်းချီခန်းကို ရောက်ပြီး မြန်မာပန်းချီတွေနဲ့ မြန်မာ ပန်းချီဆရာတွေကို စိတ်ဝင်စားမိတယ်၊ နောက် အခုပြပွဲအတူပြတဲ့ ပန်းချီ ဆရာ၂ ယောက်က ပြပွဲလုပ်မယ်ဆိုတာ သိရတော့ ကျနော်လည်း ပါဝင်ချင်စိတ်ပေါက်ပြီး ပြဖြစ်တာပါ”ဟု ပြောပြသည်။ ၎င်း ပြသမည့် ပန်းချီကားများသည် မော်ဒန်အနုပညာဟန်နှင့်ရေးဆွဲထားသော ပန်းချီလက်ရာများဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ရေးဆွဲထားသော ပန်းချီကားလည်း ပါဝင်သည်။
ထိုင်း လူငယ် ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ၏ ကြာပန်း ပန်းချီကားများနှင့်အတူ (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ) ထိုင်း လူငယ်ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ့အနေနှင့် မြန်မာပန်းချီ အနုပညာကို နှစ်သက်သူ ဖြစ်ပြီး မြန်မာ ပန်းချီအနုပညာရှင်များကို များစွာတန်ဖိုးထား လေ့လာ၍ သူ၏ပန်းချီကားများကို ရေးဆွဲသည်ဟု ပြောသည်။ နာရုန်းရွတ်၏ ယခုပြသမည့် ပန်းချီကားများမှာ ၎င်း ပန်းချီဘွဲ့အတွက် ရေးဆွဲသည့် ညှိုးရော်နေသော ကြာပန်းပုံ ပန်းချီကား စီးရီးဖြစ်ကြောင်း သိရသည်။ ယခု Three Nations ပြပွဲတွင် ပန်းချီကား ၁၀ ကားကျော် ပါဝင် ပြသမည်ဖြစ်ကြောင်း၊ ပြသမည့် ပန်းချီကားများ မှာ သရုပ်မှန် ပန်းချီဟန်များနှင့် စိတ်ခံစားမှုကို ဖော်ထုတ် ရေးဆွဲသော ပန်းချီရေးဟန်များဖြင့် ရေးဆွဲသည့် ပန်းချီ လက်ရာများဖြစ်ကြောင်း မြန်မာပန်းချီဆရာ ကာတွန်းဆရာ ကိုဟန်လေးကလည်း ပြောပြသည်။ “အခု အတူပြမယ့်ပန်းချီဆရာတွေက နိုင်ငံ မတူဘူး၊ လူမျိုးလည်း မတူ၊ ယဉ်ကျေးမှုခြင်းလည်း မတူကြတဲ့ အတွက် အတွေးအမြင်ခံစားမှု မတူနိုင်တာတွေရှိမယ်၊ အဲဒီလို မတူတာတွေကို ပရိသတ်အနေနဲ့ မျှဝေခံစားစေချင် လို့ ပြပွဲလုပ်ဖြစ်တာပါ”ဟု ကိုဟန်လေးက ဆိုသည်။
တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိ ၏ မြန်မာပြည်အကြောင်း ရေးဆွဲထားသော ပန်းချီလက်ရာများ ကိုဟန်လေးမှာ ရှမ်းတိုင်းရင်းသား တဦးဖြစ်ပြီး ယခု Three Nations ပြပွဲအပါအဝင် ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသ ခဲ့ကာ လက်ရှိတွင်လည်း ဧရာဝတီ၊ ရှမ်းသံတော်ဆင့်၊ ခေတ်ပြိုင် ၊ မဇ္ဈိမ စသည့် ပြည်ပ သတင်းဌာနများတွင် နိုင်ငံရေးကာတွန်းများကို ရေးဆွဲနေသူတဦး ဖြစ်သည်။ ပြပွဲလက်ခံကျင်းပသည့် သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းသည် ဧပြီ၂၇ ရက် အထိပြသမည့် ယခုပြပွဲ အပါအဝင်၂၀၀၈ ခုနှစ် အတွင်း ပန်းချီပြပွဲ ၄ ပွဲ ပြသပြီးဖြစ်ပြီး ယခင် နှစ် အတွင်း ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသခဲ့ကာ မြန်မာပန်းချီ ဆရာများ၏ လက်ရာအများစု ဖြစ်ကြောင်းသိရသည်။ ၂၀၀၈ ခုနှစ် ဇွန်လ အလယ်တွင်လည်း စကော့တလန် ပန်းချီဆရာတဦး၏ ပန်းချီပြပွဲကို ပြသရန်ရှိပြီး သုဝဏ္ဏဘူမိ ပန်းချီပြခန်းကို နိုင်ငံတကာမှ ပန်းချီအနုပညာရှင်တချို့လည်း စိတ်ဝင်စားမှုရှိသည်ဟု ပြခန်းပိုင်ရှင် မမာမာက ပြောပြသည်။ ယင်း သုဝဏ္ဏဘူမိပန်းချီပြခန်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၀၄ ခုနှစ် ဂျူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး သုဝဏ္ဏဘူမိ ဟူသော အမည်ကို မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ပေးခဲ့ကြောင်း နှင့် တခု တည်းသော မြန်မာပန်းချီပြခန်းဖြစ်ကြောင်းလည်း သိရသည်။
ပြန်ခေါက်ရန်...
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းဟာ အစာအိမ်နှင့်ကျောက်ကပ်ဝေဒနာ တို့ဖြင့် စင်ကာပူမှာ လာရောက်ဆေးဝါးကုသနေရင်း ၂၈.၃.၀၈ ညနေ ၈နာရီ၁၅ အချိန်မှာ ကွယ်လွန်သွားပါကြောင်း သိရှိရပါတယ်။
ပြန်ခေါက်ရန်...
လူထုဆန္ဒခံယူပွဲကို အပစ်ရပ်အဖွဲ့များက ထောက်ခံလျှင် လက်နက်ချရမည့် အခြေအနေ နှင့် မလွဲမသွေ ကြုံကြ ရမည်ဖြစ်၍ မြန်မာနိုင်ငံရေးပြဿနာများကို လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုပေါင်း တိုက်ပွဲဝင် ဖြေရှင်း ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တိုက်တွန်းလိုက်သည်။ ယင်းသို့ တိုက်တွန်းရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူး စိုင်းလောင်ဝ်စိုင်းက ယခုလိုပြောသည်။ “အခုကာလမှာဆိုရင် သူတို့အတွက်ဟာ အချိန်သိပ်မရှိသလိုဖြစ်နေပါတယ်။ ဥပမာ ဒီရွေးကောက်ပွဲ ပြီးသွားပြီဆိုရင် ဒီ ငြိမ်းအဖွဲ့တွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးတွေဖြစ်တဲ့ သူတို့ အခန်းကဏ္ဍဟာ သူတို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါပြီ။ ဥပဒေဘောင်အတွင်း ၀င်ရောက်မယ်ဆိုရင် သူတို့ပြဌာန်းလာမယ့် ဥပဒေကတော့ မြန်မာပြည်မှာ တပ်မတော် တခုထဲသာ ရှိရမှာပါ။ ဒီလိုဆိုရင် လက်နက်ကိုင်ဆောင်ချင် တယ်ဆိုရင် တပ်မတော်တွင်းကို ၀င်ရောက်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင် ရဲတပ်ဖွဲ့မှာ ၀င်ရောက် ရမှာဖြစ်ပါတယ်။ သူတို့တပ်နာမည်ကိုလည်း ဖျောက်ပစ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလို အဖြစ်ခံမှာ လား၊ ကိုယ်ကလက်နက်ကိုင်ဆောင်ပြီးတော့ ကိုယ်ရယူလိုတဲ့ ကိုယ့်အခွင့်အရေးကို ပြန်ပြီးတော့ တိုက် ယူမှာလား အဲဒီ လမ်းနှစ်လမ်းကို သူတို့ရွေးချယ်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က သူတို့ကို အဲဒီလို ပုံစံမျိုးနဲ့ တိုက်တွန်းထားတာပါ ခင်ဗျား။ ” မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေသည် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒနှင့် အညီ ရေးဆွဲထားခြင်း မဟုတ်သလို ၁၉၉၀ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်တို့ ပါဝင်ရေးဆွဲခြင်း မရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်သာ ရည်ရွယ် ရေးဆွဲ ထားခြင်း ဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီက သုံးသပ်သည်။ စစ်အစိုးရကအတည်ပြုရန် ပြင်ဆင်နေသော ယင်းအခြေခံဥပဒေသည် တိုင်းရင်းသားများ အတွက် အာမခံချက် မရှိသောကြောင့် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီနှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) အနေဖြင့် လက်နက်ကိုင်လမ်းစဉ်မှတပါး အခြားရွေးစရာ မရှိဟု ဗိုလ်မှူးစိုင်းလောင်ဝ် စိုင်းက ပြောသည်။ “ကျနော်တို့ ဥက္ကဌကြီး ပြောထားတာကတော့ ကျနော်တို့ နိုင်ငံရေးပုံသဏ္ဍာန်နဲ့ ရွေးကောက်ပွဲ ၀င် မယ်ဆိုရင်လည်း လွတ်တော်မှာ ကျနော်တို့ နေရာ ဘယ်လောက်ပဲ ရနိုင်မလဲ။ ဒီတော့ နိုင်ငံရေး ပုံသဏ္ဍာန်နဲ့ လွတ်တော် အတွင်းမှာ တိုက်ပွဲဝင်မယ်ဆိုရင်လည်း အဲဒီနည်းက ကျနော်တို့အတွက် အကျိုးအမြတ် မဖြစ်နိုင်ပါဘူး။ ကျနော်တို့မှာ ရွေးစရာလမ်းဆိုတာ လက်နက်ကိုင်ဆောင်ပြီးတော့ တော်လှန်တိုက်ခိုက်တဲ့ နည်းလမ်းတလမ်းသာ ကျနော်တို့အတွက် အသင့်တော်ဆုံးလို့ ကျနော်တို့ ဥက္ကဌကြီးက ညွှန်ပြထားပါတယ်ခင်ဗျား။” ၁၉၄၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောတူညီချက်များကို မြန်မာစစ်အစိုးရ က အကောင်အထည် ဖော်ခြင်းမရှိ၍ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့များကို ဒုတိယအကြိမ် ထပ်မံ အလိမ်မခံကြရန် ၄င်းတို့၏ ကြေညာချက်တွင် ထောက်ပြသည်။ မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်အား ဖြိုဖျက်ရန် အခြေခံဥပဒေအား ဆန့်ကျင်ဆန္ဒပြရန် လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည် ထူတောင်ရေးကောင်စီက တိုက်တွန်းထားသည်။ ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီသည် မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် အစဉ်တစိုက်တောင်းဆိုခဲ့ပြီး ယမန်နှစ် အတွင်းက တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့သော် လည်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် မရောက်လာ၍ မအောင်မြင်ခဲ့ပေ။
ပြန်ခေါက်ရန်...
(၁) သမ္မတသည် နိုင်ငံတော် အကြီးအကဲ ဖြစ်သည်။ (၂) သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး(N.D.S.C)၏ အကြံပြုချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ် ကို ခန့်ရမည်။ (၃) သမ္မတသည် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကို အမည်တင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီမှုကို ယူရမည်။ (၄) သမ္မတသည် နိုင်ငံတော် ငွေသုံးစွဲရေး ဥက္ကဋ္ဌဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင် ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေခွဲဝေရေး ကော်မတီတရပ် ရှိမည်။ သမ္မတ၏ အရည်အချင်းများ (က) လွှတ်တော်အမတ် ဖြစ်စရာ မလို။ (ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ကျွမ်းကျင်သူ ဖြစ်ရမည်။ (ဂ) အသက်(၄၅)နှစ်ထက် မငယ်ရ၊ နိုင်ငံတွင် အနှစ်(၂၀)ဆက်တိုက် နေထိုင်သူ ဖြစ်ရမည်။ အခြေခံဥပဒေပြင်ဆင်ရေး (၁) ပြည်သူ့လွှတ်တော် (လွှတ်တော် နှစ်ရပ်ပေါင်း)၏ ၇၅%၏ ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်သည်။ (၂) ပြင်ဆင်ရေး မူကြမ်းကို ၂၀% (၁၃၃ဦး) လက်မှတ်ထိုးမှ လက်ခံစဉ်းစားမည်။ လွှတ်တော်အစည်းအဝေး (၁) ကိုယ်စားလှယ် သုံးပုံတပုံ တက်ရောက်လျှင် လွှတ်တော် အထမြောက်သည်။ အတိုကောက်စာလုံးများ (၁) President (သမ္မတ) (၂) V.P-1 (ဒု သမ္မတ- ၁) (၃) V.P-2 (ဒု သမ္မတ- ၂) (၄) Def Chief (ကာကွယ်ရေးဦးစီးချုပ်) (၅) V- Def Chief (ဒု ကာကွယ်ရေးဦးစီးချုပ်) (၆) A (ကာာကွယ်ရေးဝန်ကြီး) (၇) B (ပြည်ထဲရေးဝန်ကြီး) (၈) C (နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး) (၉) U.H (အထက်လွှတ်တော်) (၁၀) L.H (အောက်လွှတ်တော်) (၁၁) Army Representative (ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များ) ((၁၂) Ministries (၀န်ကြီးဌာနများ) (၁၃) N.D.S.C (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) မှတ်ချက်။ ။ အဆိုပါကောင်စီတွင် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်ဘက်ကိုယ်စားလှယ် (၅)၊ သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော်(၂)ရပ်မှ ဥက္ကဌ (၂) ဦး၊ စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းထားသည်။ ၀န်ခံချက် ။ ။ မောင်လူအေး၏ ဖွဲ့စည်းပုံလေ့လာခြင်း စာတမ်းကို အခြေခံကာ ပုံဖော်တင်ပြပါသည်။ လူ့အခွင့်အရေးလှုပ်ရှားသည့် HRDP အဖွဲ့ခေါင်းဆောင် အရိုက်ခံရ တို့ခေတ်ဂျာနယ် မြန်မာအလုပ်သမားနှစ်ဦး ကားတိုက်ခံရ၍သေဆုံး
ပြန်ခေါက်ရန်...
အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဌဆရာတော် ဦးပညာဝံသဟာ ယနေ့မွန်းလွဲ ၂ နာခွဲမှာ နယူးဇီလန်လွတ်တော်အမတ်တစ်ဦးဖြစ်သူ မစ္စတာကိတ်လော့ခ်နှင့် တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရှိ့ရပါတယ်။ မစ္စတာကိတ်လော့ခ်ဟာ ဂရီးပါတီကဖြစ်ပြီး နယူးဇီလန်အစိုးရအဖွဲ့တော်တော်များများရဲ့ ပြောရေးဆိုခွင့်ရှိ့သူတစ်ဦးလည်းဖြစ်ကြောင်းသိရှိ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌဆရာတော် ဦးပညာဝံသဟာ နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့သို့ မနေ့က မတ်လ ၂၆ ရက်နေ့ညနေ ၃နာရီကျော်လောက်ကရောက်ရှိ့သွားခဲ့တာဖြစ်ပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူများက ကြိုဆိုခဲ့ကြပါတယ်။ ယနေ့ ညနေ ၆ နာရီမှာ နယူးဇီလန်ရောက်မြန်မာအဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်နဲ့ပတ်သက်ပြီး ရှင်းလင်းဟောပြောမှာဖြစ်ပါတယ်။ မနက်ဖြန်ခါ နေ့လည် ၁နာရီမှာ နယူးဇီလန်လွတ်တော်အမတ်များနဲ့ နိုင်ငံရေးသမားများကို သတင်းစာရှင်းလင်းပြုလုပ်မှာဖြစ်ပါတယ်။ ၂၉ ရက်နေ့ မနက် ၇နာရီမှာ နယူးဇီလန်၊ အောက်ကလန်မြို့ကနေ သြစတေးလျနိုင်ငံသို့ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်းသိရှိ့ရပါတယ်။
ပြန်ခေါက်ရန်...
နီပေါနိုင်ငံ ခတ်ဒမန်ဒူမြို့တော်မှာ ပြည်ပ ရောက် တိဘက်ဒုက္ခသည်တွေအနေနဲ့ ဆန္ဒ ပြမယ်ဆိုရင် ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာကို ခံရလိမ့်မယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောဆိုထား ပါတယ်။နီပေါအာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ဖိအားတွေပေးနေတယ်လို့ တိဘက်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။ နီပေါအာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ အပေါ် ပိုပြီး ဖိအားတွေပေးနေတယ်လို့ တိဘက်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးပြီး နယ်ခြားက တရုတ်ရဲတွေရဲ့လက်ထဲကို လွှဲပြောင်းပေးမယ်လို့လည်း ပြောပါတယ်။ ရဲတွေက မြို့ထဲမှာသွားလာနေတဲ့ တိဘက်တွေနဲ့ တိဘက်ဘုန်းတော်ကြီးတွေကို ဆန္ဒပြ ပွဲမှာ မပါပေမယ့်လည်း ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပြည်ပရောက် တိဘက်တွေဟာ နီပေါနိုင်ငံ ခတ်ဒမန်ဒူ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးနားမှာ နေ့စဉ်နီးပါး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြဖို့ ကြိုးစား ခဲ့ကြပါတယ်။ နီပေါရဲတွေက လူအုပ်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် လူစုခွဲခဲ့သလို ရာနဲ့ချီတဲ့ တိဘက်လူမျိုးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ပြန်ခေါက်ရန်...
စစ်တပ်သည် အာဏာမမက်မောကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ ပေးခြင်းဖြင့် အာဏာလွှဲပြောင်းရေးဆောင် ရွက်မည်ဟု နအဖစစ်ခေါင်းဆောင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ကြပ်ပြေး နေပြည်တော် ၌ ယနေ့ ကျင်းပသည့် (၆၃) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျန်းမာရေး ချို့ယွင်းနေသည်ဟု သတင်းများထွက်ခဲ့ သော်လည်း ယနေ့နေပြည်တော်စစ်ရေးပြကွင်း၌ နအဖစစ်သည် (၁၃,၀၀၀)ကျော်၏ရှေ့မှောက် ၌ မာစီဒီးအမျိုးအစား အမိုးဖွင့်ကားဖြင့် ဗိုလ်ရှုခံခဲ့ပြီး ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း နအဖ စစ်သည်တို့ကို ပန်းကုံးများစွပ်ခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့် ရှုသူတို့က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ရဲဘော်တို့ တပ်မတော်အစိုးရဟာ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို မလွှဲသာမရှောင်သာ ရယူလိုက်ရပြီးတဲ့နောက် အာဏာအရပ်ရပ်ကို ပြည်သူ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးနိုင်ရေးအတွက် တရံမလပ်ခံယူပြီး ရည်မှန်းပြင်ဆင်ခဲ့တာဖြစ်တယ်။ တပ်မတော်ဟာ အာဏာကိုမက်မောခြင်းမရှိဘဲ မိမိတာဝန်ယူရတဲ့အခိုက်မှာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တာ ၀န်လစ်ဟင်းခြင်းမရှိအောင် မနားမနေအပင်ပန်းခံပြီး ကြိုးပမ်းထမ်းဆောင်နေခဲ့တာဖြစ်တယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားကြောင်း သတင်းကြေညာသူက ဖတ်ကြားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြီးစီးပြီဖြစ်သဖြင့် လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးမည့်အပြင် ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အာဏာ လွှဲ ပြောင်းရေးကို ဆောင်ရွက်နိုင်တော့မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ တပ်မတော်က အာဏာမမက်မောကြောင်း ပြောဆိုမှုသည် စစ်ဗိုလ်ချုပ်ကြီးများ အစဉ်တစိုက် ပြောခဲ့သည့် စကားဖြစ်ပြီး သမိုင်းသင်ခန်းစာများအရ ၎င်းတို့၏စကားများမှာ ယုံရခက်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်က ထောက်ပြဝေဖန်သည်။ ၎င်းက “ဒီလိုပြောတာကို ယုံရခပ်ခက်ခက်လို့ ပြောလို့ဖြစ်ပါတယ်။ ၂၀၁၀ မှာဘာဖြစ်မယ်ဆိုတာ ကြိုမပြောနိုင်ပေမယ့် ၁၉၇၄ မှာ ဘယ်လိုအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့ တွေ့ပြီးသား၊ ကြုံပြီးသားဖြစ်တယ်။ ၁၉၉၀ ပြည့်နှစ်မှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်က အာ ဏာလွှဲပေးမယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေကပဲအခြေခံဥပဒေဆွဲပါ။ ကျနော်တို့မပါ ပါရ စေနဲ့ဆိုပြီး တိတိလင်းလင်းပြောခဲ့တာပဲ။ ဒါပေမယ့်လက်တွေ့ဘာမှအကောင်အထည်ဖြစ်မလာ ပါဘူး။ တပ်မတော် စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း မရှိတော့ သူပြောတဲ့ကတိကို နောက်လူတွေက လိုက်စရာမလိုဘူးလို့ သဘောထားသလားတော့ မသိပါဘူး” ဟု ပြောသည်။ ၀ါရင့်နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်မြို့ရှိ သခင်သိန်းဖေနေအိမ်၌ ဖက်ဆစ်တော်လှန် ရေးနေ့ မိတ်ဆုံစားပွဲတခုကို ယနေ့ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် သခင်သိန်းဖေက နိုင်ငံတနိုင်ငံ၏ အခြေခံအုတ်မြစ်သည် သွေးစည်းညီ ညွတ်ရေးဖြစ်ပြီး တိုင်းရင်းသားများအပါအ၀င် တာဝန်ရှိသူ ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေး၍ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ပန်ကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်၌ အခမ်းအနားသီးခြားကျင်းပခဲ့ပြီး စစ်အစိုးရ ကိုယ်တိုင်ထုတ်ပြန်ခဲ့သည့် ၁/၉၀ ကြေညာချက်အတိုင်း ပြည်သူ့လွှတ်တော်ခေါ်ယူ ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုကြောင်း ထပ်မံကြေညာသည်။ အဖွဲ့ချုပ်ရုံးရှေ့၌ အန်အယ်လ်ဒီ လူငယ် (၂၀) ကျော်တို့က ဖက်ဆစ်တော်လှန်ရေးအလံနှင့် ယူအန်အလံများကိုင်ပြီး “ပြတ်ပြတ်သားသားဆန့်ကျင်ကြ၊ NO! ” ဟု ရေးသားထားသည့် အနီ၊ အဖြူ နှင့် အပြာရောင်အင်္ကျီများဝတ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံ ရေးအကျဉ်းသားများလွတ်မြောက်ရေး၊ လူထုဆန္ဒခံယူပွဲ အလိုမရှိ စသည့် ကြွေးကြော်သံများ၊ သီချင်းနှင့် သံချပ်များဟစ်အော်၍ ဆန္ဒပြခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးကပြောသည်။ မြန်မာနိုင်ငံကို (၃) နှစ်ကြာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်အုပ်ချုပ်ခဲ့သည့် ဖက်ဆစ်ဂျပန် များကို မြန်မာပြည်သူတရပ်လုံး ညီညီညွတ်ညွတ် တော်လှန်တိုက်ပွဲဝင်ခဲ့သည့် မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ခေတ်အဆက်ဆက်ကျင်းပခဲ့သော်လည်း လက်ရှိ စစ်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပသည်။ ။
ပြန်ခေါက်ရန်...
နယူးဒေလီ။ ။ နအဖ ၏ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေး NO လှုပ်ရှားမှုတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ယနေ့ (တော်လှန်ရေးနေ့) ၌ ရုံးချုပ်ရှေ့တွင် လုပ်ဆောင်ခဲ့ကြသည်။ အဖွဲ့ချုပ်လူငယ် ၂ဝ ကျော်က NO တံဆိပ် ကပ်ထားသည့် တီရှပ် အဖြူ၊ အပြာ၊ အနီ တို့ကို ဝတ်ဆင်ကာ ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား မစတင်ခင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ "ရှပ်အဖြူ၊ အနီ၊ အပြာတွေမှာ NO စာလုံးရေးထားပြီး အပေါ်မှာက ' ပြတ်ပြတ်သားသား ဆန့်ကျင်ကြ' စာတန်း ကပ်ထားတဲ့ ရှပ်တွေကို ဝတ်ပြီးတော့ ဖက်ဆစ် တော်လှန်ရေးအလံတွေ ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေ၊ ကမ္ဘာမကြေ သီချင်းဆိုတယ်။ နောက်ပြီး လူထု ဆန္ဒခံယူပွဲအလိုမရှိ ဆိုပြီး အော်ကြတာပေါ့ ' ဟု အဖွဲ့ချုပ်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။ အဖွဲ့ချုပ်လူငယ်များက တနာရီကြာမျှ ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။ ကြံ့ဖွံ့နှင့် အထူး ရဲသတင်းတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဓာတ်ပုံရိုက် သတင်း ယူခဲ့ကြသော်လည်း တစုံတရာ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်းနှင့် "ဒါကတော့ အဖွဲ့ချုပ် လူငယ်တွေရဲ့ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်တာ။ လာကြည့်တဲ့ ပြည်သူလူထုတွေမှာလည်း တစုံတရာ မက်ဆေ့ခ်ျတော့ ရသွားမှာပေါ့" ဟု ဟု အဆိုပါ လူငယ်က ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင်မူ နဝတ၏ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး ကတိကဝတ်များ ဖြစ်သည့် ၁၉၈၉ ရွေးကောက်ပွဲဥပဒေပုဒ်မ (၃) နှင့် ၁၊၉ဝ ကြေညာချက် အပိုဒ် ၁၂ တို့နှင့်အညီ နအဖ ကိုယ်တိုင်က ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို တောင်းဆိုခဲ့သည်။ ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရေး၊ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ရှမ်းဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းခေါင်းဆောင်များကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် နအဖကို တောင်းဆိုခဲ့ကြသေးသည်။ သည့်နောက် မြို့နယ်များရှိ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်များ၏ ရုံးခန်းများကို ချိတ်ပိတ်ထားခြင်းမှ ပြန်ဖွင့်ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များ ပြန်ပေးရန်နှင့် ၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်အသစ် ထုတ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။ အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ အပါအဝင် လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အခန်းအနားအပြီး အဖွဲ့ချုပ် လူငယ်များက အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ရေးသားတင်ဆက်သည့် ဘုန်းဘုန်းချမှ လုံးလုံးရမယ် တိုက်ပွဲခေါ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်များမှ နှစ်သက်ရာ သီချင်းများကို သံချပ်ထိုးကာ နအဖ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ခဲ့ကြသည်။
ပြန်ခေါက်ရန်...
စင်္ကာပူတွင် သင်္ကြန်အကြို ထပ်မံကပြဖျော်ဖြေမည့် သီးလေးသီးဆေးရောင်စုံအငြိမ့် ကြော်ငြာပိုစတာ
ပြန်ခေါက်ရန်...