Showing posts with label ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ. Show all posts
Showing posts with label ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ. Show all posts

March 26, 2008

ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ



ရန်ကုန်မြို့ထဲတွင် ယခု မသင်္ကာဖွယ် သံဃာအတုများ အများကြီး တွေ့ရလျက် ရှိသည်။ ထိုသံဃာတုများသည် ရဟန်းဝိနည်းနှင့် ဆန့်ကျင်၍ လမ်းသွားလမ်းလာ များကို သူတောင်းစားသဖွယ် ပိုက်ဆံတောင်းခြင်း၊ လူအများ မြင်ကွင်းတွင် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုရန်လုပ်ခြင်းများ လုပ်ကြသည်။

မတ်လ၁၅ ရက်နေ့ နေ့လယ် ၁:၃၀ လောက်က ဆိပ်ကမ်းသာလမ်း အပေါ် ဘလောက်မှာ သံဃာအတုတစ်ပါးနှင့် လူထု ပြဿနာ တက်သွားခဲ့သည်။ ထိုသံဃာတုက ပိုက်ဆံတောင်းတာ မိန်းကလေးများကိုသာ တောင်းသည်။ တောင်းတာကို အနည်းဆုံးငွေ ၂၀၀ ကျပ်လောက်ပေးဖို့ ပြောကြားသည်။ အနည်းဆုံး ၂၀၀ ကျပ်မပေးတဲ့သူဆိုလျှင် ပေးတာနည်းတယ်ဆိုပြီး ငွေပေးတဲ့လက်ကိုရိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းများ ဆဲဆိုသည်။ လူတွေကတော့ သင်္ကန်းနဲ့ဆိုတော့ ဘာမှမပြောဘဲ ရှောင်ရှောင်သွားခဲ့ကြသည်။

ထိုအချိန်တွင် ကျုရှင်ကပြန်လာသည့် မိန်းကလေးတစ်ယောက်ကို သံဃာတုက ပိုက်ဆံတောင်းသည်။ လူများက ဘာများဖြစ်မလဲဟု ၀ိုင်းကြည့်နေကြရာ မိန်းကလေးက ငွေ ၅၀ တန်လေးတစ်ရွက်ကို လှူပေးသည်။ ထိုခါ သံဃာတုက မိန်းကလေးလက်ကို ရိုက်လိုက်တာ မိန်းကလေးကိုင်ထားသည့် စာအုပ်ဖိုင်လေး က အောက်ကိုကျပြီး မိန်းကလေးက ငိုမဲ့မဲ့လေး ဖြစ်သွားသည်။

အဲဒီအချိန်မှာ မိန်းကလေးကို လာကြိုသည့် ကောင်လေးတစ်ယောက် ရောက်လာပြီး “ဘာဖြစ်တာလဲ”လို့မေးတာကို သံဃာတုက ကောင်လေးကို ဆဲဆိုပြီး ထိုးကြိတ်မည် လုပ်နေ၍ ကောင်လေးသူငယ်ချင်းတွေပါ ရောက်လာပြီး ထိုးကြိတ်မည့် အခြေအနေထိ ဖြစ်ကုန်ခဲ့သည်။ ဘေးကလူကြီးတွေက ၀ိုင်းပြော၍ ဘာမှမဖြစ်ခဲ့ပါ။