Showing posts with label အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက်. Show all posts
Showing posts with label အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက်. Show all posts

March 24, 2008

အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက်၍ ကွယ်လွန်ကြောင်း ကောလဟလ သတင်းမှားသည် အင်တာနက်မှတဆင့် ပြည်ပရောက် မြန်မာများအကြား သတင်းပြန့်နှံ့သွားခဲ့သည်။


သီချင်းခွေမျက်နှာဖုံးတခုတွင် မြန်မာရိုးရာ

ဝတ်စုံဖြင့် တွေ့ရသော မေဆွိ

လာမည့် မြန်မာနှစ်သစ်ကူးပွဲတော်တွင် လန်ဒန်တွင် သိန်းတန်မြန်မာပြည်နှင့် တွဲဖက်ဖျော်ဖြေမည့် မေဆွိသည် လန်ဒန်မြို့ M4 ကားလမ်းမတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဦးခေါင်းတွင် ဒဏ်ရာရကာ ကွယ်လွန်ကြောင်း အင်တာနက်မှ ဖြန့်ဝေသော သတင်းတွင် ပါရှိသည်။ မေဆွိသည် အခြားသူ သုံးဦးနှင့်အတူ ခရီးသွားစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ကားမောင်းသူမှာ ခိုလှုံခွင့် လျှောက်ထားရာတွင် ပယ်ချခံရသူတဦးဖြစ်သည့် ယာဉ်မောင်းလိုင်စင် မရှိ၊ အတည်တကျ နေရပ်လိပ်စာလည်း မရှိသော မစ္စတာ ပေါက်စ ဖြစ်ကြောင်း သတင်းတွင် အသေးစိတ် ဖော်ပြထားသည်။

မေဆွိ စီးနင်းလိုက်ပါလာသော Ford Escort ကားဟောင်းသည် လမ်းမပေါ် မောင်းနှင်ရန် သင့်လျော်သည့် အခြေအနေ မရှိကြောင်းနှင့် သတ်မှတ်မိုင်နှုန်းထက် ပိုလွန် မောင်းနှင်ခဲ့ကြောင်းလည်း ရေးသားထားသည်။ အလောင်းကို West Ealing ဆေးရုံသို့ သယ်ဆောင်သွားကြောင်းနှင့် သေမှုသေခင်း အသေးစိတ်ကို ယနေ့ သိရမည် ဖြစ်ကြောင်းလည်း ဆက်လက် ပါရှိသည်။

သို့သော် ကားတိုက်မှုမှာ ထိုနေရာတွင် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဥရောပရောက် မြန်မာအသိုင်းအ၀ိုင်းမှ သိရသည်။

အေပီသတင်းဟု ရေးသူအမည် မထည့်ဘဲ ဖော်ပြထားသော်လည်း အေပီသတင်းဌာန၏ သတင်းစာရင်းတွင် အဆိုပါသတင်း မပါရှိပေ။ ပေါက်စ ဟူသော အမည်မှာ လန်ဒန်မှ မြန်မာအသိုင်းအ၀ိုင်းတွင် မကြားဖူးဘဲ အမေရိကန်တွင် ရောက်ရှိနေသော သရုပ်ဆောင် မင်းသား စိုးသူ၏ ငယ်နာမည်သာ ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းတွင်လည်း မေဆွိ အင်္ဂလန်တွင် ကားတိုက်မှုဖြစ်၍ ကွယ်လွန်သည်ဟု သတင်းများ ပြန့်နှံ့သွားခဲ့သည်။