March 25, 2008
ထိုင်းနိုင်ငံတောင်ပိုင်း ရခိုင်လူငယ် တဦး ဓါးထိုးခံ၍ သေဆုံး
မောင်ရမ္မာ(နိရဉ္စရာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် အလုပ် လုပ်ကိုင်နေသူ ရခိုင်လူငယ် တဦးမှာ အုပ်စုချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံး သွားသူမှာ ကိုလွင်ဦး အသက် (၃၂)နှစ် ဖြစ်ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် စိုင်ခြုံကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။
သူနှင့် အတူအလုပ် လုပ်ကိုင်နေသူ သူ့၏ ညီဖြစ်သူမှာ အစ်ကို ဖြစ်သူကို ၀င်ရောက် ကာကွယ် ရာမှ လက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။
တိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီ ခရိုင်တွင်တည်ရှိသော ထိုင်းလူမျိုးပိုင် စက်ရုံတရုံတွင် အလုပ် လုပ်ကိုင် နေစဉ် စက်ရုံအတွင်း အခန်း ပြောင်းရွေ့မှု ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများ အချင်းချင်း မကျေနပ် စကားများကြရာမှ ခိုက်ရန် ဖြစ်ပွါးကာ အုပ်စုလိုက် ရိုက်ပွဲ ဖြစ်ပွားစဉ် စူးဖြင့် အထိုးခံရ၍ ကိုလွင်ဦး သေဆုံးခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။
သေဆုံးသွားသော ကိုလွင်ဦး အလောင်းကို စက်ရုံပိုင်ရှင်က ဖျောက်ပစ်သည့်အပြင် အရိုက်ခံရသော အလုပ် သမားကိုလည်း အလုပ်မှ ထုတ်ပယ် လိုက်ကြောင်းသိရှိရသည်။
အဆိုပါအခင်းဖြစ်ပွါးသောစက်ရုံမှာ တရားမ၀င် မြန်မာနိုင်ငံသား ပြောင်းရွေ့ အလုပ်သမားများ အလုပ် လုပ်ကိုင်နေသော စက်ရုံတရုံဖြစ်ပြီး ၎င်းစက်ရုံတွင် ရခိုင်နှင့် ထားဝယ်လူမျိုးများ အများဆုံး အလုပ် လုပ်ကိုင်လျှက် ရှိကြောင်း သိရှိရသည်။
ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော် ထိန်းသိမ်းခံရ
ဇေယျာသော် (ယာအစွန်)
အက်စစ် (ACID) တေးဂီတအဖွဲ့မှ ဟစ်ဟော့ပ်အဆိုတော်ဇေယျာသော်ကို အာဏာပိုင်များက ခေါ်ယူထိန်းသိမ်းထားကြောင်း မိသားစုဝင်တဦးက ပြောသည်။
ယခုလ (၁၂) ရက်ညနေတွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တခု၌ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ ပြီး နောက်တနေ့တွင် အာဏာပိုင်များက ၎င်း၏နေအိမ်သို့ လာရောက်ရှာဖွေသွားကြောင်း ဇေယျာသော်၏ အစ်မ မဖြိုးပပသော်က ပြောသည်။
၎င်းက “အပြင်ထွက်သွားရင်းနဲ့ ပြန်မလာတော့တာ။ လိုက်ရှာတဲ့အခါကျတော့ စားသောက်ဆိုင် မှာ ခေါ်သွားတယ်ပဲ သိရတယ်။ ဘယ်စားသောက်ဆိုင်မှန်းလည်း မသိရသေးဘူး။ အတိအကျ ဘာမှမသိရဘူး။ အဲလိုဖြစ်ပြီး နောက်တရက်ကျတော့ အိမ်ကိုတော့ လာကြည့်သွားတယ်။ ဘယ်သူတွေလည်းတော့မသိဘူး။ ဇေယျာသော်ကို စစ်ဆေးစရာရှိလို့ ခေါ်ထားတယ်ပေါ့နော်၊ အဲလိုပြောပြီး အိမ်မှာရှာစရာရှိလို့ဆို ရှာသွားတယ်။ ဘာမှ မသိမ်းသွားဘူး။ ဘာမှမှ မရှိတာ။ ဘာကြောင့်ဆွဲသွားမှန်းလည်း မသိဘူး” ဟု ပြောသည်။
ဇေယျာသော် ဖမ်းဆီးခံရခြင်းသည် နိုင်ငံရေးသီချင်းများ ရေးစပ်သီဆိုကာ ဖြန့်ဝေနေသည့် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးမှ ကိုကျော်ကျော်ဖမ်းဆီးခံရမှုနှင့် ဆက် စပ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
အနဂ္ဂ၊ ဟိန်းဇော် (ကွယ်လွန်)၊ ရန်ရန်ချန်း၊ ဇေယျာသော်တို့ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာအရရော၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့ သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။
သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက်
နှစ်စဉ် ကျင်းပမြဲဖြစ်သော တပေါင်းလ စာပြန်ပွဲကို စာသင်သား သံဃာများက သပိတ်မှောက်ကြသဖြင့် စာပြန်ပွဲဝင်မည့် သံဃာအရေအတွက် အများစု ဖြေဆိုမည် မဟုတ်ကြောင်း သိရသည်။
“ဦးဇင်းတွေ ပြန်သွားကြပြီ။ ကျောင်းမှာ အပါး ၂၀ လောက်ပဲ ရှိတော့တယ်”ဟု ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ရန်ကုန် ဘုန်းကြီးကျောင်းများမှ သံဃာတော်များ နယ်ပြန်လွှတ်ခံရသည့် အခြေအနေကို ရန်ကုန် စာသင်တိုက်ကြီး တခုမှ အရှင်ခေမာသာရက မိန့်ကြားပါသည်။ “စာမေးပွဲလဲ မဖြေကြတော့ဘူး။ သပိတ်မှောက်လိုက်တယ်လေ”ဟု ဆက်လက် မိန့်ကြားသည်။
စာသင်တိုက်ကြီးများတွင် ရန်ကုန်မြို့ခံ သံဃာ အနည်းအကျဉ်းသာ ကျောင်းတွင် ကျန်ရစ်ပါသည်။ နယ်မြို့များ (အထူးသဖြင့် အထက်အညာ၊ မြေလတ်၊ မြစ်ဝကျွန်းပေါ်)မှ လာရောက် စာဝါလိုက်နေသော စာသင်သား ကိုယ်တော်များကို အာဏာပိုင်များက မူလရပ်ရွာသို့ အဓမ္မ ပြန်စေခဲ့သည်။ “ဦးဇင်းတွေ အများကြီး စာဖြေပွဲ ၀င်မှာ မဟုတ်ဘူး။ ထင်တာ ၇၀ ရာနှုန်းလောက် ရှိမယ်”ဟု ဦးဇင်းငယ်တပါးက မိန့်ကြားသည်။
အခြေပြု မူလတန်းဝင်မည့် ကိုရင်ငယ်များနှင့် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း စာဖြေပွဲဝင်မည့် သံဃာများမှာ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ယခုအခါ စာမေးပွဲ ဖြေဆိုမည့် စာသင်သား ဦးဇင်းငယ်များ စာသင်တိုက်ကြီး များတွင် မရှိတော့သလို နယ်မှ စာစစ်ဌာနများ ရှိရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့များသို့ ပြန်ရောက်လာနိုင်ရန်လည်း မလွယ်ကူကြောင်း သိရှိရပါသည်။ သံဃာတော်များက စာမေးပွဲကို သပိတ်မှောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း လှုံ့ဆော်ထားပါသည်။
“ကျမတို့ ဦးဇင်းတွေလဲ ဘယ်ရောက်နေမှန်းကို မသိတော့ဘူး။ နယ်ကြွတဲ့ ကိုယ်တော်လဲ ပြန်ကြွသွားရပြီ။ ကိုယ်တော်လေးတွေက မိဘလဲချို့ငဲ့၊ ဘာမှလဲ ပြည့်ပြည့်စုံစုံ ထောက်ပံ့ခံရတာ မဟုတ်ဘူး။ ဒါတောင် ပျော်ပျော်ကြီး ဆက်ဝတ်နေကြတာ၊ ဦးဇင်းတွေ၊ ကိုရင်တွေ ကြည့်လိုက်ရင် အမြဲတက်ကြွနေတာပဲ”ဟု ဒကာမ တဦးက ပြောပါသည်။
March 24, 2008
အဆိုတော်မေဆွိ လန်ဒန်မြို့တွင် ကားမှောက်၍ ကွယ်လွန်ကြောင်း ကောလဟလ သတင်းမှားသည် အင်တာနက်မှတဆင့် ပြည်ပရောက် မြန်မာများအကြား သတင်းပြန့်နှံ့သွားခဲ့သည်။
သီချင်းခွေမျက်နှာဖုံးတခုတွင် မြန်မာရိုးရာ
ဝတ်စုံဖြင့် တွေ့ရသော မေဆွိ
လာမည့် မြန်မာနှစ်သစ်ကူးပွဲတော်တွင် လန်ဒန်တွင် သိန်းတန်မြန်မာပြည်နှင့် တွဲဖက်ဖျော်ဖြေမည့် မေဆွိသည် လန်ဒန်မြို့ M4 ကားလမ်းမတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဦးခေါင်းတွင် ဒဏ်ရာရကာ ကွယ်လွန်ကြောင်း အင်တာနက်မှ ဖြန့်ဝေသော သတင်းတွင် ပါရှိသည်။ မေဆွိသည် အခြားသူ သုံးဦးနှင့်အတူ ခရီးသွားစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ကားမောင်းသူမှာ ခိုလှုံခွင့် လျှောက်ထားရာတွင် ပယ်ချခံရသူတဦးဖြစ်သည့် ယာဉ်မောင်းလိုင်စင် မရှိ၊ အတည်တကျ နေရပ်လိပ်စာလည်း မရှိသော မစ္စတာ ပေါက်စ ဖြစ်ကြောင်း သတင်းတွင် အသေးစိတ် ဖော်ပြထားသည်။
မေဆွိ စီးနင်းလိုက်ပါလာသော Ford Escort ကားဟောင်းသည် လမ်းမပေါ် မောင်းနှင်ရန် သင့်လျော်သည့် အခြေအနေ မရှိကြောင်းနှင့် သတ်မှတ်မိုင်နှုန်းထက် ပိုလွန် မောင်းနှင်ခဲ့ကြောင်းလည်း ရေးသားထားသည်။ အလောင်းကို West Ealing ဆေးရုံသို့ သယ်ဆောင်သွားကြောင်းနှင့် သေမှုသေခင်း အသေးစိတ်ကို ယနေ့ သိရမည် ဖြစ်ကြောင်းလည်း ဆက်လက် ပါရှိသည်။
သို့သော် ကားတိုက်မှုမှာ ထိုနေရာတွင် လုံးဝ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဥရောပရောက် မြန်မာအသိုင်းအ၀ိုင်းမှ သိရသည်။
အေပီသတင်းဟု ရေးသူအမည် မထည့်ဘဲ ဖော်ပြထားသော်လည်း အေပီသတင်းဌာန၏ သတင်းစာရင်းတွင် အဆိုပါသတင်း မပါရှိပေ။ ပေါက်စ ဟူသော အမည်မှာ လန်ဒန်မှ မြန်မာအသိုင်းအ၀ိုင်းတွင် မကြားဖူးဘဲ အမေရိကန်တွင် ရောက်ရှိနေသော သရုပ်ဆောင် မင်းသား စိုးသူ၏ ငယ်နာမည်သာ ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းတွင်လည်း မေဆွိ အင်္ဂလန်တွင် ကားတိုက်မှုဖြစ်၍ ကွယ်လွန်သည်ဟု သတင်းများ ပြန့်နှံ့သွားခဲ့သည်။
ထိုင်းအလုပ်ရှင်များက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်၊ မြန်မာ အလုပ်သမား(၈၀)အား အလုပ်ဖြုတ်ပစ်ခဲ့
ထိုင်းအလုပ်ရှင် ၃ဦးက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်ပြီး အခြားမြန်မာ အလုပ်သမား ၈၀အား မတရားအလုပ်ဖြုတ်ပစ်ခဲ့ကြောင်း မတ်လ ၁၉ရက်နေ့ တွင် ဟစ်တိုင်မှ ကွင်းဆင်း သတင်းရရှိသည်၊
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရမြို့နယ်၊ ၃၅ကီလိုမီတာ ကျေးရွာ၊ နှင်းဆီခြံမှ နှင်းဆီပန်းနှင့်အခြားစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြသော မြန်မာအလုပ်သမား(၈၀)ယောက်တို့သည် မတ်လ(၁၇)ရက်နေ့က မူလလုပ်အားခ တရက်(၇၀) ဘတ်ကို (၁၀)ဘတ်တိုးပေးရန် တောင်းဆိုခဲ့ကြသည်။ မတ်လ ၁၈ရက်နေ့ ည(၇း၀၀) နာရီအချိန်တွင် အလုပ်ရှင်က လုပ်အားခ(၁၀)ဘတ် တိုးပေးရန်သ ဘောတူခဲ့ပြီး တယောက်လျှင်(၈၀)ဘတ် နှုန်းဖြင့်လုပ်အားခရှင်းပေးခဲ့သည်။ ထိုသို့လုပ်အားခ(၈၀)ဘတ် ရှင်းပေးပြီးချိန်တွင် လုပ်အားခတိုးတောင်းသူများထဲမှ ဦးဆောင်သူဟု ယူဆသော ဇော်လင်းဦး၊ ဆန်းဝင်းနိုင်၊ အညာသား၊ ကိုလှိုင်စသည်တို့အား အလုပ်ဖြုတ်လိုက်ကြောင်း ကျေညာလိုက်သည်။ ထိုသို့ကျေညာသည်ကို အခြားဘ၀တူအလုပ်သမား (၈၀)ခန့်မှ မကျေနပ်ကြဘဲ မိမိတို့ကိုပါ အလုပ်ဖြုတ်ပစ်နိုင်ကြောင်း အလုပ်ရှင်အား တုံ့ပြန်ပြောကြားခဲ့ သည်။
ဤဖြစ်ရပ်များနှင့်ပတ်သက်၍ အရိုက်အနှက်ခံခဲ့ရသူ ဆန်းဝင်းနိုင်က “ကျနော်က ဆန်းဝင်းနိုင်၊ အသက်၂၂နှစ်၊ အဖဦးတင်ဝင်း၊ အမိဒေါ်ခင်ညိုဝင်း၊ ပဲခူးတိုင်း ညောင်လေး ပင်မြို့နယ်က၊ ဒီမှာလုပ်သက် ၅လရှိပြီ။ သူဌေးက ကျနော်တို့ ၄ယောက်ကို အလုပ် ဖြုတ်ကြောင်းကျေညာတယ်။ ဒါကို လုပ်ဖော်ကိုင်ဖက်တွေက ပြန်ခန့်ပါလို့ ပြောပေးကြ တယ်။ မရဘူး။ ဒါကြောင့်အားလုံးထွက်မယ်ဆိုပြီး ထွက်လာကြတော့ သူဌေးက လာအုံးဆိုပြီး ခေါ်တယ်။ ကျနော်တို့ ၄ယောက်ကိုခေါ်တယ်။ ကျနော်တို့ထဲက ဇော်လင်းဦး က အ၀တ်အစားပြန်ယူလို့ လွတ်သွားတယ်။ သူဌေးနဲ့ အခြားသူဌေးတွေက သေနတ်နဲ့ ချိန် တယ်။ ရိုက်တာက ၃ယောက်၊ အရိုက်ခံရတာက ကျနော်တို့ ၃ယောက် (ကိုအညာသား၊ ကိုလှိုင်နဲ့ ကျနော်)ဖြစ်ပါတယ်။ သူဌေးမကြီးက လက်ထဲမှာဓါးကိုင်ထားတယ်။ အားလုံးကကြောက်နေကြတယ်။ ကျနော်တို့ကို ပိတ်ကန်တယ်။ ဒုတ်နဲ့ရိုက်တယ်။ အလူးအလဲခံရတယ်။ ဒီနေ့မနက်(၉း၀၀)နာရီလောက်မှာ ဖြစ်ပါတယ်။” ဟု ရှင်းပြသည်။
ဟစ်တိုင်သတင်းထောက်သည် ဖုတ်ဖရမြို့နယ်ရှိ ရဲစခန်းသို့ လည်းကောင်း၊ ဆေးရုံကြီးသို့လည်းကောင်း ကွင်းဆင်းလေ့လာချက်များအရ အညာသား (၂၉နှစ်၊ အဖဦးသောင်းကြည်၊ အမိဒေါ်ညွန့်ကြည်၊ လုပ်သက် ၆လ၊ မကွေးတိုင်း ပွင့်ဖြူမြို့ နယ်) သည် ဦးခေါင်းနောက်စိဒဏ်ရာ၊ ညာဘက်ခြေထောက်ဒဏ်ရာကို ခံစားနေရပြီး ကိုလှိုင်(၂၀နှစ်၊ အဖ ဦးဝင်း၊ အမိ ဒေါ်တင်၊ သာကေတမြို့နယ် ရန်ကုန်၊ လုပ်သက် ၆လ) သည် မျက်လုံးနှစ်ဖက် ဖူးယောင်နေကာ နှာခေါင်းဒဏ်ရာဖြင့် အညိုအမဲစွဲလျက်ရှိသည်ကို တွေ့ရသည်။ ဤအမှုကို ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (အယ်လ်အယ်လ်စီ)မှ ဦးဆောင်ပြီး မြန်မာပြည်သူများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ)၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ)တို့မှ ကွင်းဆင်းကူညီခဲ့ခြင်းဖြစ်သည်။ ယနေ့ညနေပိုင်းတွင်ပင် ဆေးကုသပြီးစီးသော ဒဏ်ရာရ အလုပ်သမား ၃ဦးအား လုံခြုံစိတ်ချရသော နေရာတခုသို့ ပို့ဆောင်ပြီး ထိုင်းနှင့်မြန်မာအ ကျိုးဆောင်အဖွဲ့များမှ ထိုင်းဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားရန် ရှိပါကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဖုတ်ဖရမြို့နယ်တွင် (သီးပင် စားပင်နှင့် ပန်း)စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြပြီး အလုပ်ရှင်များမှာ ဒေသခံ မုံး(ခေါ်) မျှော့လူမျိုးများ ဖြစ်ကြကာ လယ်ကူလီ(ခေါ်) စိုက်ပျိုးရေးအလုပ်သမားများမှာ မြန်မာ ပြည်သားများဖြစ်ကြသည်။ အလုပ်ရှင်မုံးလူမျိုးများကို မြန်မာအလုပ်သမားများက (၁) အိမ်နေရာပေးထားခြင်း၊ (၂) နေ့စားခ ၆၀-၇၀ဘတ်ပေးထားခြင်း၊ (၃) မြန်မာပြည် ဘက်မှ ၀င်လာသောမိမိတို့၏ မိသားစုနှင့် ဆွေမျိုးများအား တနွယ်ငင်၊ တစင်ပါအလုပ်ခန့် ပေးခြင်း၊ စသည်တို့အပေါ် ကျေးဇူးရှင်များအဖြစ် သဘောထားနေကြရသည်။ ဒေသခံ မုံးလူမျိုး အလုပ်ရှင်များက သေနတ်တကိုင်ကိုင်နှင့် ခြိုမ်းခြောက် အကျပ်ကိုင်မှု၊ ရာဘ(ခေါ်) မူးယစ်ဆေးတိုက်ကျွေးကာ တဖက်လှည့်ဖြင့် ထိန်းသိမ်းမှုများကို နိစ္စဓူဝ ခံနေကြရကြောင်း စုံစမ်း သိရှိရသည်။ ယခုဖြစ်ရပ် ပေါ်ပေါက်ရာ ၃၅ကီလိုမီတာကျေးရွာ နှင်းဆီခြံများရှိ မြန်မာ အလုပ်သမားများမှာ မိမိတို့လုံခြုံရေးနှင့် ဘ၀ရပ်တည်ရေးတို့အတွက် ရတက်မအေး ဖြစ်နေကြကြောင်း ကာယကံရှင်များက ရင်ဖွင့်ပြောဆိုသည်။
ဆန္ဒခံယူပွဲအတွက် နအဖ တို့ အကွက်ချလုပ်ဆောင်
ဆန္ဒခံယူပွဲအတွက် အင်တာနက်ဆိုင်များအား ကွန်ပျူတာ ၁ လုံးစီ မဲပေးခွင့်ရှိသူ စာရင်းပြုစုရန် တောင်းကြောင်း သတင်းရရှိသည်။
မကူညီနိုင်သည့် (မပေး)ဆိုင်များအား လိုင်စင်သိမ်းမည်၊ အင်တာနက်ဆိုင်များ မရှိတဲ့မြိုနယ်များဆိုလျှင် ကွန်ပျူတာ စာစီစာရိုက်ဆိုင်များမှ ပေးရ မည်။ ပြုစုထားသော မဲပေးခွင့်ရှိသူစာရင်းကို မတ်လ ၅ ရက်နေ့ကိုအပြီးပေးရမည်။စာစီစာရိုကရန် အတွက်ကိုလည်း အကူအညီပေး ရမည်။ လူထုဆန္ဒ ခံယူပွဲ အတွက်စစ်အစိုးရက ကော်မရှင်အဆင့်ဆင့်သို့ စာပို့ပေးထားသည်။ရန်ကုန်မြိုအနီးအနားမြိုနယ်များမှ အခက်အခဲ့သိပ်မတွေ့သော်လည်း နယ်များတွင် အခက် အခဲများ တွေ့နေသည်။ပြုစုထားတဲ့စာရင်းကလည်း (အေ-ဖိုး)ဆိုဒ်ဖြစ်ရမည်။နယ်များတွင်မူ စစ်တပ်ကအရာရှိအချို့က ကျောင်းဆရာများမှတဆင့် ကျောင်း သား မိဘတွေများကို မဲဆွယ်စည်းရုံးရေးတွေကိုပြုလုပ်နေသည် ။ကျောင်းဆရာမတွေ့အတွက် လိုသည့် အရာများကို ဖြည့်စည်းပေးနေသည်။
ရန်ကုန်မြို့ လူစည်ကားတဲ့နေရာတွင် အေးလွင်တို့ကဲ့သို့ မျိုးဆက်ယုတ်များမှ လက်ကမ်းစာစောင်များကို ဝေပြီးစည်းရုံးရေး လုပ်ဆောင်နေသည်၊ သူ(အမျိုး ယုတ်) တွေ့ပေးတဲ့စာစောင်များဟုဆိုကာ လူများက လုံးချေပြီးလွင့်ပစ်ကြ သဖြင့် ပြည်သူများမှ လက်မခံမှန်းသိချိန်တွင် ကားပေါ်ကနေပြီး ပစ်သွားခြင်း မျိုး လည်း လုပ်လာပါသည် ။အဲဒီအတွက်ပြည်သူတွေ့ကတော်တော်လေးကိုမကျေမနပ်ဖြစ်နေကြသည်။သတင်းစာတွင်မူ ဆန္ဒခံယူပွဲကို နှောက်ယှက်၊ စည်းရုံးမှူ များ လုပ်လျှင် ထောင်ဒဏ် ၃နှစ်(သို့) ငွေဒဏ် ၁သိန်းလိုကြော်ငြာထားပြီး သူတို့လို့တဲ့သူတွေ့ကိုတော့ လုပ်ချင်တိုင်း လုပ်ခွင့် ပေးထားပြီး ဘေးနားမှာ အစောင့် အရှောက်များတောင် ပါလိုက်သေးကြောင်း မျက်မြင်များမှပြောဆိုသည်။ ပြည်သူတွေစုမှာ အတော့်ကို မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။
March 13, 2008
Read this doc on Scribd: Making Blog