March 28, 2008

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဌဆရာတော် မစ္စတာ ကိတ်လော့ခ်နှင့်တွေ့ဆုံ


အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဌဆရာတော် ဦးပညာဝံသဟာ ယနေ့မွန်းလွဲ ၂ နာခွဲမှာ နယူးဇီလန်လွတ်တော်အမတ်တစ်ဦးဖြစ်သူ မစ္စတာကိတ်လော့ခ်နှင့် တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရှိ့ရပါတယ်။ မစ္စတာကိတ်လော့ခ်ဟာ ဂရီးပါတီကဖြစ်ပြီး နယူးဇီလန်အစိုးရအဖွဲ့တော်တော်များများရဲ့ ပြောရေးဆိုခွင့်ရှိ့သူတစ်ဦးလည်းဖြစ်ကြောင်းသိရှိ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌဆရာတော် ဦးပညာဝံသဟာ နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့သို့ မနေ့က မတ်လ ၂၆ ရက်နေ့ညနေ ၃နာရီကျော်လောက်ကရောက်ရှိ့သွားခဲ့တာဖြစ်ပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူများက ကြိုဆိုခဲ့ကြပါတယ်။ ယနေ့ ညနေ ၆ နာရီမှာ နယူးဇီလန်ရောက်မြန်မာအဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်နဲ့ပတ်သက်ပြီး ရှင်းလင်းဟောပြောမှာဖြစ်ပါတယ်။ မနက်ဖြန်ခါ နေ့လည် ၁နာရီမှာ နယူးဇီလန်လွတ်တော်အမတ်များနဲ့ နိုင်ငံရေးသမားများကို သတင်းစာရှင်းလင်းပြုလုပ်မှာဖြစ်ပါတယ်။ ၂၉ ရက်နေ့ မနက် ၇နာရီမှာ နယူးဇီလန်၊ အောက်ကလန်မြို့ကနေ သြစတေးလျနိုင်ငံသို့ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်းသိရှိ့ရပါတယ်။

0 ယောက်ရဲ့ အမြင်: