April 9, 2008

Firefox အတွက် Zawgyi Setting နည်းလမ်းသစ်


ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်....
firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ..
ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး..

ကဲ... ရှိစေတော့... ရှိစေတော့...
ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ... ကဲ... firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်..


Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့...
Advanced... ဆိုတာ ကိုနှိပ်လိုက်...
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့...

အခုမှ တကယ့် နည်းသစ် စမှာ...
address bar မှာ

about:config

ဆိုတာရိုက်လိုက်...

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်...


font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်....
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ...
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

မှုရင်း ကိုစေတန်

0 ယောက်ရဲ့ အမြင်: