May 21, 2008

ဆီပုံးထဲ..ပြေးချင်သူများ အတွက်


ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
ဆီပုံးထဲ ..လျှောက်ပြေးချင် ရင်.

ဆီပုံးထဲ..ပြေးချင်သူများ အတွက်.(ဆီပုံး ထဲတွင်သာ)

[scroll]ကိုယ်ပြောချင်သောအရာ[/scroll]

ဒါပါ ဘဲဗျာ.(အစဉ်ပြေ သလိုသုံးနိုင်ပါသည်)
အားလုံး မသောက်ဘဲ မူးနိုင်ကြပါစေ.

ကိုပါဂနာ ဘလောခ့်မှ ကူးယူဖော်ပြပါသည်။



May 9, 2008

မြန်မာပြည်သစ် တည်ဆောက်ရေးအတွက်သာ ပြင်ဆင်ကြပါစို့


ယခင်က စိတ်ဓါတ်စစ်ဆင်ရေးအကြီးအကဲ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏အာဏာ တည်မြဲ ရေးနှင့် နိုင်ငံကို အကြောက်တရားဖြင့် ဆက်လက်အုပ်ချုပ်ထားနိုင်ရေး အပေါ်တွင်သာ အာရုံထားနေသည်။

သူက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ပြည်သူများအပေါ် စိတ်ဝင်စားမှု မရှိသလို၊ ၀မ်းနည်းကြောင်းမှတ်တမ်းလည်း ဖော်ပြခဲ့ခြင်း မရှိ၊ မုန်တိုင်းကပ်ဘေးသင့် ဒေသများသို့ လှည့်လည်ကြည့်ရှုခြင်းလည်း အလျဉ်း မရှိပါ။ လွန်ခဲ့သည့် ၆-ရက် နာဂစ် ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံ၏ အဓိကကျသော ဒေသများကို ဖြတ်သန်းတိုက်ခတ်ပြီးသည့် အချိန်မှစ၍ ဗိုလ်ချုပ်မှူးကြီး လူမြင်ကွင်းမှ ပျောက်နေခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏မိသားစုဝင်များ၊ ခေါင်းမာဂိုဏ်းသား နောက်လိုက်များက သူတို့ကံကောင်းထောက်မစွာ နေပြည် တော်သို့ ကြိုတင်ပြောင်းရွှေ့ထားနိုင်ခဲ့သည့်အပေါ်တွင်ပင် ဂုဏ်ယူချီးကျူးနေကြပေလိမ့်ဦးမည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ၎င်းနေရာသို့ ၂၀၀၅ ခုနှစ်က လူထုကို ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းရွှေ့ခဲ့ခြင်းလည်း ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓါတ်ငွေ့နှင့် သဘာဝ အရင်းမြစ်များရောင်းရငွေများဖြင့် သူက ဒေါ်လာ သန်း ၁,၀၀၀ ကျော် သုံးစွဲ၍ တောတောင်ထဲတွင် မြို့တော်သစ်တည်ခဲ့သည်။ ရန်ကုန်တွင်ဆက်နေလျှင် သဘာဝကပ်ဘေးဒဏ်၊ လူထု မငြိမ် မသက်မှုများ ကြုံရနိုင်သည်၊ သို့အတွက်ကြောင့် ဤသို့ မြို့သစ်တည်ရန်လည်း သူ၏အခါပေး ဗေဒင်ယတြာဆရာများက ယခုလို တိုက်တွန်းခဲ့ကြသည်ဟု ကောလာဟလများက ဆိုကြသည်။

ဗိုလ်ချုပ်သန်းရွှေ ဆိုင်ကလုန်းနာဂစ်ဒဏ်မှ လွတ်မြောက်ခဲ့သော်လည်း၊ သူ၏ နောက်ဆုံးနေ့ရက်များဖြစ်နေပြီ ဆိုသည့် အချက်ကိုမူ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါ။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများကို သင့်လျော်သည့် မုန်တိုင်းသတိပေးမှုများ လေးလေးနက်နက် ဆောင်ရွက် ရန် ပျက်ကွက်ခဲ့ပြီးနောက်၊ ယခုအခါ ဗိုလ်ချုပ်သန်းရွှေက ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးသင့် ပြည်သူများသို့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီမရောက်နိုင်အောင် ပိတ်ပင်တားဆီးနေခြင်းဖြင့် လူသားချင်းစာနာမှုကို ချိုးဖောက်သည့် ရာဇ၀တ်မှုကြီးကို ထပ်မံကျူးလွန်နေပြီ ဖြစ်သည်။

ဤလုပ်ရပ်ဖြင့် သူက မည်သည့်လူစားမျိုး ဖြစ်သည်ကို ကမ္ဘာက သိရှိအောင်ပြသခဲ့ပြီး၊ စိတ်ဖောက်ပြန် အာဏာရူးနေသူ ဖြစ်ကြောင်းလည်း သိစေခဲ့သည်။ သူ့လူထုများကို ဓားစာခံအဖြစ် သေနတ်ထောက် ချုပ်ကိုင်ထားသူတဦးဖြစ်ပြီး၊ နိုင်ငံကို ဆက်လက်အုပ်ချုပ်ရန် လုံးဝမသင့်တော်တော့သူ တဦးလည်း ဖြစ်သည်။

ဤဆိုင်ကလုန်းမုန်တိုင်းက ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်နေကြသည်ဟု ကြွေးကြော်နေ သော ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရ၏ မျက်နှာဖုံးကိုလည်း ဆွဲခွါချလိုက်သည်။ ဤသို့ နိုင်ငံအပေါ် မုန်တိုင်းကျရောက် ဖျက်ဆီးစေ ခဲ့မှုအတွက် သူတို့တွင် လုံးဝတာဝန်ရှိပြီး၊ ဤကိစ္စအတွက် တရားသဖြင့် စီရင်ခံကြရမည် ဖြစ်သည်။

ဤစစ်အစိုးရ ပြိုကျပျက်စီးသွားပြီးနောက် မည်သို့ ဖြစ်ပေါ်လာမည်နည်းဟူသည့် မိုးပြိုမည်ကို တွေးကြောက်နေသည့် မေးခွန်းများဖြင့်လည်း စိုးရိမ် ကြောက်လန့်နေဖွယ် မရှိတော့ပါ။ နိုင်ငံတော်ကြီး ပြိုကွဲလိမ့်မည်၊ မည်သူက ဦးဆောင်ပါမည် နည်းဟူ၍လည်း ပူပန်နေရန် မလိုတော့ပါ။

ဤမေးခွန်းများကို နိုင်ငံရပ်ခြား ကျွမ်းကျင်သူများနှင့် စစ်အစိုးရ အလိုကျလိုက်ပြောနေသူများ၊ ဗိုလ်ချုပ်သန်းရွှေ အလိုကျ ဘောင်းတော်ညိတ် စိတ်တော်သိ လုပ်နေသူ အခွင့်အရေးသမားများ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘယ်အခါမှ မပျက်ကွက်ခဲ့ကြသူ ငို့ဘသမားများ ဆက်လက် ဆွေးနွေးငြင်းခုန်ကြရန် ထားလိုက်သည်က ပိုကောင်းပါသည်။

သေချာသည့်အချက်မှာ မြန်မာပြည်သူများက ဖိနှိပ်အုပ်ချုပ်နေသည့်၊ အကြင်နာတရားလုံးဝမရှိဘဲ ပြည်သူကို ဂရုမစိုက် လျစ်လျူရှုထားသည့် စစ်အစိုးရမျိုး ကို မလိုလားကြတော့ပါ။ လူထုများ၏ ဒေါသရေချိန်ကို တွက်ဆရန် အကဲဖြတ်လေ့လာ ရေးအသင်းများ၊ အကြံပေးများ စေလွှတ်နေရန် မလိုတော့ပါ။ မြန်မာပြည်သူတို့က အလွန်အကျူး စိတ်ပျက်နေကြပြီး၊ စစ်အစိုးရကို ချက်ချင်းလက်ငင်း ဖြုတ်ချဖယ်ရှားလိုနေကြပါသည်။

မိမိတို့ အဓိကထားပြောနေသည်မှာ လက်နက်ကိုင် တပ်သားများအပါအ၀င်ဖြစ်သည့် မြန်မာပြည်သူလူထု ၅၄ သန်းကို ချုပ်ကိုင်ထားသည့် တဒါဇင်မျှသော ခေါင်းမာဂိုဏ်းသားများနှင့် သူတို့၏ လက်ဝေခံများ ဖြစ်သည်။ အကယ်၍ ဤအုပ်စုကို သာ မြင်ကွင်းမှ ဖယ်ရှားလိုက်ပါက မြန်မာပြည်သူများအတွက် ဒုက္ခအပေါင်းမှ အများကြီး သက်သာသွားလိမ့်မည် ဖြစ်သည်။ သာမန်စစ်သားများနှင့် အရာရှိများလည်း လွတ်လပ် ပေါ့ပါးသွားကြပါလိမ့်မည်။

စိုးရိမ်ပူပန်နေဖွယ် မရှိပါ။ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရရှိ ခေါင်းဆောင်များနေရာတွင် အစားထိုးနိုင်ပြီး၊ နိုင်ငံကို စီမံခန့်ခွဲနိုင် သူ များစွာ ရှိနေပါသည်။ ထိုသူများမှာ လူမသိ သူမသိ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုသူများမှာ နိုင်ငံ၏ နိုင်ငံ ရေး၊ စီးပွားရေး အကျပ်အတည်းကာလများကြားထဲမှ မွေးဖွားပေးလိုက်သူများ ဖြစ်ပါသည်။

ဤနိုင်ငံခေါင်းဆောင်သစ်များသည် အိမ်အကျယ်ချုပ်၊ ထောင်အတွင်းနှင့် ပြည်ပတွင် ရှိနေကြပြီး၊ လက်ရှိ မုန်တိုင်း ကပ်ဘေးသင့် ပြည်သူများကို ကူညီနေကြသူများထဲတွင်လည်း ရှိနေကြပါသည်။

အမည်အချို့ ချရေးကြည့်ကြပါစို့။ မြန်မာပြည်တွင်းရှိနေကြသည့် ခေါင်းဆောင်အလာအလာရှိနေသူ အချို့ကို ဖော်ပြရလျှင်...

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချို၊ အလုပ်သမား အရေး လှုပ်ရှားနေသူ မစုစုနွေး၊ ရှမ်း အမျိုးသားခေါင်းဆောင် ခွန်ထွန်းဦး၊ ရခိုင် နိုင်ငံရေးခေါင်းဆောင် ဦးအေးသာအောင်... စသဖြင့် ရှိနေကြပါသည်။

အခြားခေါင်းဆောင်များတွင် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန်၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) မှ ဦးထောင်ခိုထန်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) ခေါင်းဆောင် များလည်း အပါအ၀င် ဖြစ်သည်။

ထိုမျှမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ပရောက် အစိုးရ အဖွဲ့ဝင်များသည်လည်း မြန်မာပြည်သစ် ပြန်လည်မွေးဖွားပေါ်ထွန်းရေးအတွက် တတပ်တအား ဦးဆောင်ကြိုးပမ်း နိုင်သူများ ဖြစ်ကြပါသည်။

ပြည်ပရောက်နေသူများအနက် ရှမ်း အမျိုးသမီးလှုပ်ရှားသူ နန်းချမ်ထောင်း၊ "မြန်မာနိုင်ငံ၏ မာသာ ထရီဇာ" ဟု လေးစားစွာ တင်စားခေါ်ဆိုနေကြသည့် ဒေါက်တာစင်သီယာမောင်၊ ထင်ရှားသည့် နိုင်ငံရေးသမားများနှင့် လှုပ်ရှားသူများဖြစ်ကြသည့် ဒေါက်တာသောင်းထွန်း၊ ကိုအောင်ဒင်၊ ဒေါက်တာဇော်ဦး၊ ဦးသန့်မြင့်ဦး၊ ဦးဟန်ညောင်ဝေ၊ ကိုအောင်နိုင်ဦး၊ ကိုဝင်း မင်းတို့သည်လည်း ပြည်လည်တည်ဆောက်ရေးလုပ်ငန်းတွင် အဆင်သင့် ပူးပေါင်းပါဝင်နိုင်သူများ ဖြစ်ကြပါသည်။

ဤစာရင်းများ ဆက်ရလျှင် နည်းပညာပံ့ပိုးပေးမည့် ပညာရှင်များအပိုင်းတွင် စီးပွားရေးပညာရှင်များ၊ သံအမတ်ဟောင်းများ၊ ယခင် တပ်မတော်တာဝန်ယူဖူးကြပြီး လက်ရှိစစ်အုပ်စုနှင့် ခပ်ကင်းကင်း နေနေကြသည့် စစ်တပ် အရာရှိဟောင်းများ ရှိနေ ကြပြီး ထိုသူများကလည်း မြန်မာပြည်သစ် ပြန်လည်တည်ဆောက်ရေးအတွက် ကူညီလိုကြပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထဲ၌ပင် ယခင် အဆင့်မြင့်တာဝန်ယူဖူးကြသူများ၊ စစ်အရာရှိဟောင်းများ ပါဝင်နေပြီး ထိုသူများက အပြောင်းအလဲဖြစ်ပေါ်စေရန် ရုန်းကန်လှုပ်ရှားနေကြပါသည်။ (NLD) ပါတီ၏ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ယခုအခါ အိမ်အကျယ်ချုပ် ကျခံနေရပြီး၊ အခြား အဆင့်မြင့်ခေါင်းဆောင်များနှင့် အတူ ပါတီကို ဦးဆောင် နေကြပါသည်။ ထိုမျှမက များစွာ ရှိနေပါသေးသည်။

သေချာသည့်အချက်မှာ ထိုသူများက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိသားစုနှင့် လက်တွဲဆောင်ရွက်နိုင် ကြရာ မြန်မာပြည်သူများ၏ အသက်ကို ကာကွယ်နိုင်ရုံမျှမက ဒီမိုကရေစီ၊ လွတ်လပ်ခွင့်များနှင့် ကြွယ်ဝချမ်းသာမှုများကို လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဆောင်ကျဉ်းပေးနိုင်သူများ ဖြစ်ကြပါသည်။

ထိုမျှမက အကယ်၍ အရေအတွက် ၂, ၀၀၀ မျှရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသားများကိုသာ ယနေ့ ပြန်လွှတ်ပေး ခဲ့ပါက မြန်မာနိုင်ငံကို ဦးဆောင်နိုင်သူ အမျိုးသား၊ အမျိုးသမီးများစွာ ပေါ်ထွက်လာဦးမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မည်သို့ရှိမည်နည်း။

သူက နောက်ဆုံးပြုခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံရေးအာဏာအတွက်၊ ရာထူးအတွက် မမက်မောကြောင်း ရှင်းလင်းစွာ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ အထူးသံ အီဗရာဟင် ဂမ်ဘာရီက တိတ်တဆိတ် ခိုးထုတ်ယူဆောင်လာရသည့် သူမ၏ ထုတ်ပြန်ကြေညာ ချက်တွင် " ဒီမိုကရေစီ လူမှုလူ့ဘောင်အတွင်းရှိ နိုင်ငံရေးပါတီများ၏ အရေးပါသည့် အခန်းကဏ္ဍကို လုံးဝအသိအမှတ် ပြုပါသည်။ မိမိပါတီဝင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှုများကိုလည်း လေးစားချီးကျူးပါသည်။ ပါတီ၏ အထွေထွေအတွင်းရေးမှူး တဦးအနေဖြင့် မိမိကို ပါတီ၏ မူဝါဒများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လိုလားချက်များက လမ်းညွှန်နေပါသည်။ သို့ရာတွင်လည်း ယခုအချိန်သည် ဒီမိုကရေစီ အင်အားစုများအတွင်း ညီညွတ်ရေးနှင့် သွေးစည်းညီ ညွတ်ရေး လိုအပ်နေသည့်အချိန်ဖြစ်ရာ မိမိအနေဖြင့် ဖြစ်နိုင်သမျှသော အကျယ်အပြန့်ရှိနေသည့် နိုင်ငံရေး အင်အားစုများ၏ အမြင်သဘောထားများနှင့် အကျိုးစီးပွားများကိုလည်း အမြဲတစေ လေးနက်စွာ ထည့်သွင်းစဉ်းစားရမည် မှာ မိမိတာဝန် ဖြစ်ပါသည်။ အထူးသဖြင့် မိမိတို့နိုင်ငံ၏ တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒကို ထည့်သွင်း၍ လေးနက်စွာ စဉ်းစားရန် ဖြစ်ပါသည်" ဟု ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်သန်းရွှေကို မနှိုင်းအပ်ပါ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အနေဖြင့် အာဏာကို မျှော်မှန်း ထားခြင်းလည်း မရှိပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍက ထိုထက်ပို၍ ကြီးမြင့်ပါသည်။ အမျိုးသား ရင်ကြားစေ့ရေးလုပ် ငန်းများတွင် အဓိက အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်ပါသည်။ နိုင်ငံကို ပြောင်းလဲလိုသည့် စစ်တပ်အတွင်းရှိ သဘော ထားပျော့ပြောင်းသူ စစ်အရာရှိများ၊ ဖက်ဒရယ် ပြည်ထောင်စုအတွက် တောင်းဆိုနေသူ တိုင်းရင်းသားခေါင်းဆောင်များ အကြား ဆွေးနွေးညှိနှိုင်းပေးနိုင်ပါသည်။

တိုင်းမ် (Time Magazine) မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး လူ (၁၀၀) စာရင်းတွင် မကြာသေးမီက ထည့်သွင်း ရွေးချယ်ဖော်ပြခဲ့ပြီး၊ ယခုတိုင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ ကြွယ်ဝချမ်းသာရေးနှင့် ညီညွတ် ရေးကိစ္စများတွင် လမ်းပြအလင်းတန်းသဖွယ် ဖြစ်နေပါသေးသည်။

မကြာသေးမီက အဖြစ်အပျက်များကိုကြည့်လျှင် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည်ဟု လျာထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်း၍၊ မြန်မာစစ်အစိုးရက ကြောက်မက်ဖွယ် ဆိုက်ကလုန်းမုန်တိုင်း ကပ်ဘေးဆိုးကြီး သင့်ခဲ့ရသူများအတွက် ကယ်ဆယ်ရေး၊ သက်သာချောင်ချိရေး ကိစ္စများကို အပူတပြင်း ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါ သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း မြန်မာပြည်သူများ သက်သာချောင်ချိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး၊ စစ်အစိုးရက ဆန္ဒခံယူပွဲ ရှေ့ဆက်ဆောင်ရွက်မည်ဟူသည့် ဆုံးဖြတ်ချက်အပေါ် မှတ်ချက်ချ ခဲ့ပါသေးသည်။ စစ်အစိုးရ မုန်တိုင်းဒဏ်ခံရသည့် နေရာအချို့တွင် ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းခြင်းမှအပ ကျန်နေရာများတွင် ဆက်လုပ်ခဲ့ပါသည်။

" ယနေ့ မြန်မာနိုင်ငံ ကြုံတွေ့ခံစားနေရသည့် ကပ်ဘေးဒုက္ခ အတိုင်းအဆကို ကြည့်ခြင်းအားဖြင့်၊ မည်သို့ဆိုစေ၊ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ယုံကြည်သည်မှာ ရရှိနိုင်သမျှသော အရင်းအမြစ်များ၊ စွမ်းအားများကို အရေးပေါ် တုံ့ပြန်ကူညီရေးကိစ္စများတွင်သာ စုစည်းအာရုံထားဆောင်ရွက်သည်ကသာ ပို၍ လက်တွေ့ကျ အဓိပ္ပါယ်ရှိပေ လိမ့်မည်" ဟု ကုလသမဂ္ဂ အကြီးအကဲက ထုတ်ပြန် ပြောဆိုခဲ့ပါသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ထုတ်ပြန်ကြေညာချက်တွင်လည်း မြန်မာ စစ် အစိုးရအနေဖြင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားသင့်ကြောင်းနှင့် အကူအညီပေးရေး ကြိုးပမ်းချက်များ ကို ပိတ်ဆို့နေမှုများ ရပ်တန့်သင့်ကြောင်း၊ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသို့ ကန့်သတ်ထားချက်များကို ဖယ်ရှား ရုပ်သိမ်းပေးသင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။ သို့မှသာ ၎င်းတို့က အသက်ရှင်ကျန်ရစ်သူများအတွက် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။

သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရက နားမ၀င်ခဲ့ပါ။ ဤသို့ ကျိုးကြောင်းဆီလျော်သည့် မေတ္တာရပ်ခံချက်များကို နားမထောင်နိုင်ကြပါ။ ရန်ကုန်မြို့ အပါအ၀င်၊ ဆိုင်ကလုန်း မုန်တိုင်းကပ်ဘေး အပြင်းအထန်သင့်ခဲ့ရသည့် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့နယ် (၄၇) ခုတွင် မေလ ၂၄ ရက်နေ့မှ မဲပေးရန် ရွှေ့ဆိုင်းခဲ့ခြင်းသာ ဆောင်ရွက်ခဲ့ပါသည်။

ဤသို့ ကပ်ဘေးဒုက္ခများ ခံစားနေရစဉ်မှာပင် ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ ခေါင်းမာဂိုဏ်းသား ဗိုလ်ချုပ်များ၊ ၀န်ကြီးများက သူတို့အလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုရေး လိုလားနေကြပါသေးသည်။
ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဆက်လက်တွယ်ဖက်နေပြီး၊ ၎င်းပြည်သူများ၏ တောင်းဆိုချက်များကို ငြင်းပယ်နေသမျှ၊ လူအများနှင့် တူတူတန်တန်ဖြစ်သည့် ရည်မွန်မှု ပြသရန် တောင်းဆိုနေသည့် ယဉ်ကျေးမှုရှိသော လူ့ကမ္ဘာ အသိုင်းအ၀ိုင်း ၏ တောင်းဆိုချက်များကို လျစ်လျူရှုနေသမျှ၊ မြန်မာပြည်သူများ၊ ကမ္ဘာ့ မိသားစုဝင်များ၊ အစိုးရများ ပူးပေါင်းဆောင်ရွက်၍ မြန်မာပြည်သားများ၏ အသက်များ၊ ဘ၀များနှင့် မြန်မာပြည်တခုလုံးကို ကယ်တင်နိုင်ရန် အခြားဖြစ်နိုင်သည့် နည်းလမ်း များဖြင့် ကြိုးပမ်းကြရတော့မည့် အရေးအကြီးဆုံး အချိန်သို့ ဆိုက်ရောက်နေပြီ ဖြစ်ပါကြောင်း..။

April 10, 2008

Adobe® Photoshop Express


Adobe ရဲ့ Photoshop ကို အခု အွန်လိုင်းပေါ်မှာ Adobe® Photoshop Express ဆိုပြီး စသုံးလို့ ရနေပါပြီ။ Adobe က Photoshop ကို Online မှာ သုံးလို့ရအောင် လုပ်နေတာ ၂ နှစ်နီးပါးလောက်ရှိပါပြီ။ အခုတော့ အစမ်း သဘောမျိုးရနေပါပြီ။ Photoshop မှာလို tools တွေ အစုံမပါသေးပါဘူး တချို့ပဲ ရပါတယ်။



လောလောဆယ်တော့ ကျွန်တော် အဲဒီဆိုဒ်ကိုဝင်နေတာ ၁ ပတ်လောက်ရှိပါပြီ sign up တောင် လုပ်ဖို့ခက်ပါတယ်။ Sign up လုပ်တာ free ပေမယ့် ဆိုဒ်က အားလုံး flash သုံးထားပြီး ကျွန်တော်တို့ ဆီက လိပ်က အဘိုးခေါ်တဲ့ speed နဲ့ တပတ်လောက် မရမက၀င်ကြည့်ပေမယ့် မရပဲ မနေ့ကမှ ကံကောင်းစွာ MICT Park ထဲမှာ ရသွားပါတယ်။ ရတာတောင် sign up လုပ်လို့ရရုံနဲ့ Gallery တချို့ပဲ လျှောက်ကြည့်လိုက်ရပါတယ်။ Photoshop သုံးဖို့လည်းကြံရော ကွန်နက်ရှင်ကျသွားတာ ဘာမှမလုပ်လိုက်ရတော့ဘူး။ ကျွန်တော့်ရဲ့ Photoshop Online နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ ဒါပဲခင်ဗျ။ မိတ်ဆွေတို့ဆီမှာ speed ကောင်းရင်တော့ စမ်းပြီး ကျွန်တော့်ကို ပြန်ပြောပေးပါဦး =) ။

Adobe® Photoshop Express ကို ( ဒီနေရာလေးမှာ ) စမ်းကြည့်ပါ။

Adobe® Photoshop Express ရဲ့  ကောင်းခြင်းကတော့ other sites ဆိုတဲ့နေရာမှာ (Facebook) (Picasa) (Photobucket) တို့ ကိုတပြိုင်ထဲ ၀င်ရောက်လို့ ရပါတယ်။

(Photobucket) ကတော့ Image web hosting ရပါတယ်။

Adobe® Photoshop Express beta ကို ( ကိုတေဇာ )ဘလော့က ရခဲ့တာပါ။

April 9, 2008

Firefox အတွက် Zawgyi Setting နည်းလမ်းသစ်


ကျွန်တော့်ကို ခဏခဏ ပြောနေကြတယ်....
firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးတဲ့ဗျာ..
ပြောမိတဲ့ ကျွန်တော် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး..

ကဲ... ရှိစေတော့... ရှိစေတော့...
ဒီနေ့ ထူးခြားစွာ မီးလာတာနဲ့ ထူးခြားစွာ စမ်းလိုက်တာ ထူးခြားစွာ စိုပြေသွားပါပြီ... ကဲ... firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်..


Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့...
Advanced... ဆိုတာ ကိုနှိပ်လိုက်...
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့...

အခုမှ တကယ့် နည်းသစ် စမှာ...
address bar မှာ

about:config

ဆိုတာရိုက်လိုက်...

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်...


font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်....
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ...
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

မှုရင်း ကိုစေတန်

April 6, 2008

သီးလေးသီး စင်ကာပူ ဖျော်ဖြေပွဲ




Type rest of the post here

April 4, 2008

မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်းခံရ


ချင်းမိုင်။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့တန်းမြို့တွင် ကျေးရွာတရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စီးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။


ချင်းမိုင် ခေါ် ဇင်းမယ်ခရိုင်အတွင်း၌ ရှိသော မဲ့တန်းမြို့ နောင်ဖိန်မိုင် ကျေးရွာအုပ်တွင် နေထိုင်သူများ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပါဝင်သောအဖွဲ့ကြီးက ကြာသပတေးနေ့ နံနက် ၅ နာရီခန့်လောက်က လာရောက် ဖမ်းဆီးသွားခဲ့သည်။

"ရဲက ဒီမှာ အလုပ်သမား လက်မှတ် မရှိတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သတင်းကြားတယ်။ အဲဒါ လာစစ်ဆေးတယ် ။ နောက် လက်မှတ် မရှိတဲ့လူတွေရယ် နောက် ထောက်ခံစာ မရှိဘဲနဲ့ နယ်ကျော်ပြီးတော့ အလုပ် လုပ်ကိုင်နေတဲ့ လူတွေကိုပါ ဖမ်းသွားတာပဲ" ဟု ရွှေ့ပြောင်းလုပ်သားများအကျိုး ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ ပရာဒီထာ ပရီယာ ကယော့ဖ က မဇ္ဈိမကို ပြောသည်။

"ဒီရွာလေးမှာ ခြုံအလုပ်၊ တောင်ယာအလုပ်၊ ပန်းရံ အလုပ်တို့နဲ့ လုပ်လာတာ ၃ နှစ်လောက် ရှိပြီ ဒီလိုဝင်ဖမ်းတာ တခါမှမရှိဘူး။ အခု ဒီလိုဖမ်းတာဟာ ပထမဦးဆုံးဖြစ်တယ်" ဟု သူမ က ဆက်ပြောသည်။

အဖမ်းခံရသူများအနက် ၂၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် ထိန်းသိမ်းထားပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ရှိသူ ၂၇ ဦးကိုတော့ အာမခံပေးမည်ဟု စုံစမ်း သိရှိရသည်။

နောင်ဖိုန်မိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၁ဝဝ ခန့် ရှိ၍ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျက် ရှိသည်။

ဆန္ဒပြရင် အကြမ်းဖက်ဖြိုခွင်းဖို့ အာဏာပိုင်တွေ စိုင်းပြင်း


မေလ လူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ အာဏာပိုင်တွေက ပြည်သူတွေ ဆန့်ကျင် ကန့်ကွက်တာမျိုး အဓိကရုဏ်းတွေဖြစ်လာရင် နှိမ်နင်းမှုတွေလုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်မှုတွေကို ရန်ကုန် ဦးဝိစာရလမ်း၊ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ဆက်တိုက်ပြုလုပ်
နေပြီး လူထုကို ခြောက်လှန့်နေတယ်လို့ မြို့ခံ တွေကပြောပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မေလလူထုဆန္ဒခံယူပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေအနေနဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ၊ အဓိကရုဏ်းလုပ်တာမျိုးတွေ ဖြစ်မယ်ဆိုရင် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ အဓိကရုဏ်းနှိမ်နင်းဖို့ ပြင်ဆင်ချက်တွေကို ရန်ကုန်မြို့ ဦးဝိစာရလမ်း၊ ပြည်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လှည်းတန်းလမ်း၊ ကြည့်မြင်တိုင်လမ်းတွေမှာ ည ၁၂ နာရီနောက်ပိုင်းတွေမှာ ပြုလုပ်နေတယ်ဆိုပြီး ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ တွေ့နေရတယ်။ မနေ့ကဆိုရင် ကြည့်မြင်တိုင်လမ်းတလျှောက်ပေါ့။အဓိကရုဏ်း တခုဖြစ်လာရင် နှိမ်နင်းဖို့၊ စစ်သားတွေရော၊ ရဲတွေရော။ အရှေ့ ကနေ အရပ်ဝတ်တွေနဲ့ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ သူတို့က ပြေးလိုက်၊ နောက်က လိုက်ရိုက်လိုက်၊ ခဲနဲ့ ပြန်ပစ်လိုက်ပေါ့။ အရင်ရက်တွေကလည်း ရွှေဂုံတိုင်လမ်း၊လှည်းတန်းတို့ ဦးဝိစာရလမ်းတလျှောက်တို့မှာ အမြဲတမ်းကြုံနေရတယ်။ လမ်းတွေ
ပိတ်ပြီးလုပ်တယ်။ ကားတွေလည်း သွားလို့မရဘူး။ နောက်တခုက ကားကြီးတွေနဲ့ မီးတွေထိုးထားပြီး လုပ်ကြတယ်။ အဲဒီမှာ သူတို့ပြောနေတာကတော့ တကယ့် အဓိကရုဏ်း ဖြစ်လာရင် နှိမ်နင်းဖို့ပေါ့။ နှိမ်နင်းမယ်။ ဒီလိုဖြစ်ရင် ဒီလိုနှိမ်နင်းမယ်။ နောက်တခုကလည်း ဒီဟာကို သူတို့ တပ်လှန့်တဲ့သဘောပါပဲ။ ကြိုပြီးခြောက်ထားတဲ့ သဘောပေါ့။ ပြည်သူက ဒီလိုလုပ်ရင် သူတို့ဘက်က ဒီလိုပဲ တုံ့ပြန်မယ်ဆိုတာတွေကို သူတို့ လုပ်နေကြတယ်။”

အာဏာပိုင်တွေအနေနဲ့ တညတညကို လူစည်ကားနိုင်မယ့် နေရာနှစ်ခုလောက်မှာ အခုလို လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဦးဝိစာရနဲ့ ပြည်လမ်းတလျှောက်မှာ လေ့ကျင့်တဲ့ညကဆိုရင် လမ်းထဲကကားတွေ ထွက်လို့မရသလို အပြင်က၀င်လာတဲ့ ကားတွေရော၊ လူတွေရော ၀င်လို့မရအောင် ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေအနေနဲ့ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

လေ့ကျင့်နေတဲ့ပုံစံတွေကလည်း အရေးအခင်းတခု ဖြစ်နေသလိုမျိုး ဒိုင်းတွေကာ၊ ကျားတက်ထိုးတဲ့ပုံစံတွေနဲ့ အော်ဟစ်နေတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ လေ့ကျင့်မှုမှာ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တွေက ဆန္ဒပြသူတွေလို သရုပ်ဆောင်ပြီး ပြေးလွှားနေရပါတယ်။ ရဲနဲ့စစ်တပ်ကတော့ နောက်ကနေ ပစ်ခတ်နေသလိုမျိုးတွေ လုပ်နေတာမျိုး၊ ဆန္ဒပြသူတွေက ခဲလုံးတွေနဲ့ ပစ်ပေါက်နေတဲ့ပုံစံမျိုး
လုပ်နေတာကို စစ်တပ်နဲ့ရဲက ဘယ်လိုပုံစံနဲ့ နှိမ်နင်းမလဲဆိုတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်နေရ တယ်လို့ ဆိုပါတယ်။

အရှေ့ရွှေဂုံတိုင်လမ်းနဲ့ လှည်းတန်းလမ်းမှာလုပ်တဲ့ညကဆိုရင် ပြည်သူတွေက အိမ်ထဲ တွေကနေ ပွဲကြည့်သလို ကြည့်နေကြပြီး ဒီလေ့ကျင့်မှုကို စစ်တီအီးကား ဆယ်စီး၊ဆယ့်ငါးစီးခန့်က မီးတွေထိုးပေးပြီး လေ့ကျင့်နေတယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်မှုတွေမှာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်နေတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
VOA သတင်းဌာန

April 3, 2008

အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်


အခုတလော Blog တွေမှာ အပြောင်းအလဲတွေတော်တော်ဖြစ်လာပါတယ်ဘလော့ဂါ တစ်ချို့ကတော့
အရှုံးပေး လက်မြှောက်သွားကြသလိုတစ်ချို့လဲ လမ်းပြောင်းပြီး မူလစခဲ့တဲ့ အချစ် နဲ့ စိတ်ကူးယဉ်ဘက် ပြန်ရောက် သွားကြပါတယ် သူတို့ကိုလုံးဝနားလည်ပါတယ် ဘလော့ရေးတယ်ဆိုတာ စိတ်ကူးလေးတွေကို ဝေမျှပေးချင်တဲ့ အနုပညာ စိတ်ကြောင့်ပါဘဲ ဒီတော့ ခုချိန် မှာ သွေးတွေနဲနဲကျဲသွားကြတာ သဘာဝကြတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ

ဒါပေမယ့် သွေးမအေးသွားတာ ပြည်တွင်းကလူတွေပါ ခုထိသူတို့သွေးတွေ ဆူနေတုန်း…
နာကျည်းမှုတွေမှာ သွေးညှီနံ့ စိုနေတုန်း…

ဒါကြောင့်ကျွန်တော့်ကို ပြည်တွင်းက ညီ.. ညီမလေး.. တွေဆက်သွယ်လာခဲ့ကြတယ် သူတို့ ခံစားရတာလေးတွေ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေ ယုံကြည်မှုလေးတွေကိုယ်စီနဲ့ပေါ့ဗျာ ရေးအခင်းတလျှောက်လုံးလဲ သူတို့ဘဲ ကျွန်တော့်ကို သတင်းတွေပေးခဲ့ကြတာပါ

ဒါပေမယ့် ဘလော့တော်တော်များများ မှာ အရှိန်အဟုန်ကျဆင်းလာတာနဲ့အမျှ စိတ်ဝမ်းကွဲခြင်း အားလျော့လာခြင်းတွေရှိနေပါပြီ ဒီအချိန်မှာ တိုင်းပြည် အတွင်းက ညီ...ညီမ... ငယ်တွေ အားကိုးနေရတဲ့ ဘလော့ဂါတွေ မှာ ယိုယွင်းလာတဲ့ အသွင်ကို ပြခြင်းအားဖြင့် ခလေးတွေကို စိတ်ဓါတ်ကျဆင်းစေနှိုင်ပါတယ်

ဒီတော့ ကျွန်တော်တို့ မျိုးချစ်မြန်မာ ဘလော့ကနေပြီးတော့ ပြောပြချင်တာတစ်ခုရှိပါတယ်
ဘယ်အရာတွေ ဘယ်လိုပြောင်းပြောင်း အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း ကလေးတွေကို ဦးဆောင်ပေးဖို့ ကူညီဖို့ လမ်းပြပေးဖို့ ညွှန်ကြားပေးဖို့ အတွက် အကိုအမတွေအနေနဲ့ ကျွန်တော်တို့ ဘလော့ဂါတွေမှာ လုံးဝတာဝန်ရှိတယ်လို့ ယူဆပါတယ် အခုလို ကလေးတွေကို ဦးဆောင်သူမဲ့ နေတဲ့ အချိန်မှာ ကျွန်တော်တို့ ကနေပဲ့ကိုင်ပေးပြီး ဖေးမပေးဖို့လိုအပ်နေပါပြီ ခုချိန်ကစပြီး ကျွန်တော့်ရဲ့ မိတ်ဆွေတွေအားလုံးကို တစ်ခုအသိပေးလိုပါတယ် နောက်ဆုံးတော်လှန်ရေးအတွက် လိုအပ်တဲ့ အကူအညီမှန်သမျှ ကျွန်တော်တို့ ဦးဆောင်ကူညီဖြေရှင်းပေးသွားမယ် ကျွန်တော်တို့ကိုလဲ မိမိတတ်နှိုင်သမျှ ကူညီပေးကြပါ ငွေရေးကြေးရေး နဲ့ လုံးဝမကူညီပါနဲ့ ဘယ်သူ့ပိုက်ဆံမှ မလိုချင်ပါဘူး ကျွန်တော်တို့လိုချင်တာ စာနာမှု နဲ့ ကိုယ်ချင်းစာတရားပါဘဲ
ဒီတော့ လှုပ်ရှားမှုအရှိန်အဟုန်ကို ပြည်တွင်းမြေအောက် တော်လှန်ရေး အဖွဲ့တွေကနေ စတင်တော့မှာဖြစ်ပါတယ် ပူးပေါင်းကူညီလိုသူများ ဆက်သွယ်ကြစေလိုပါတယ်

ကျွန်တော့်ကိုဆက်သွယ်ရင် ကျွန်တော်မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ကျွန်တော်ကိုတခုနားလည်ပေးစေချင်ပါတယ် ကျွန်တော့်လူတွေ လုံခြုံရေးအတွက်မို့ မေးစရာရှိတာတွေ ပြတ်ပြတ်သားသား မေးရပါလိမ့်မယ် ဒါကိုနားလည်ပေးကြပါ နောက်တစ်ခုက ဒီကိစ္စ ကို ကျွန်တော့် CBox ထဲမှာ လုံးဝမေးမြန်းခြင်းမပြုပါနဲ့ ဒီကိစ္စကို ဆီဘောက်ထဲမှာ ဘာမှဆွေးနွေးလို့မရပါဘူး
စိတ်ဝင်စားသူများ ကျွန်တော့်ကို အမည် နေရပ်လိပ်စာ ကိုယ်ရေးရာဇဝင် အပြည့်နဲ့ ဆက်သွယ်ပါ
အဲဒါတွေမပေးနှိုင်ဘူးဆိုရင် ဘာမှလဲလုပ်စရာမလိုပါဘူး ကျွန်တော် နားလည်ပါတယ်
ကျွန်တော်တို့ မိတ်ဆွေရဲ့ Biography မသိဘဲ လုံးဝ လက်မခံနှိုင်ပါဘူး
Biography ရလဲ တထစ်ချတော့ မယုံသေးပါဘူး ပြန်လိုက်ရဦးမှာပါ
ဘာလို့လဲဆိုတော့ ဆက်သွယ်သူတွေထဲမှာ နအဖ လူက အများစုပါနှိုင်လို့ပါ

အဲဒါအားလုံးကို မိတ်ဆွေတို့ လက်ခံနှိုင်မယ်ဆိုရင်တော့ တစ်ခုပြောချင်ပါတယ်

အကောင်းဆုံး မြေသြဇာ ၏ လှုပ်ရှားမှုများ အမိနိုင်ငံတော် အတွက် သင့်အား မျိုးချစ်မြန်မာ မှ အလိုရှိသည်




April 2, 2008

ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရနှင့်ပူးပေါင်းသည့်သတင်း


စစ်အစိုးရအပေါ် သဘောထားပြတ်သားသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဆေးခွင့်ဖြင့် အနားယူနေသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရ
နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်နေမှုအပေါ် NMSP က အတည်မပြုနိုင်သေးဟု ပြောသည်။

NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက လက်နက်ချလိုက်သည်ဟု ကောလာဟလများ ထွက်နေမှုအပေါ် ဗိုလ်ချုပ်အောင်နိုင်နှင့် အဆက်သွယ်မရရှိသေးသဖြင့် အတည်မပြုနိုင်ကြောင်း၊ သူသည် မွန်ပြည်သစ် လွတ်မြောက်ရေးတပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် လက်နက်ချမည်ဟု မယုံကြည်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ ဆေးကုရန် သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်နိုင်သည် လက်ရှိအချိန်အထိ NMSP နှင့် အဆက်သွယ်ပြုလုပ်ခြင်း မရှိသေးပေ။

နိုင်အောင်မငေးက “ကျနော်တို့ လှမ်းပြီး စုံစမ်းတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဘားအံမြို့နယ်၊ ခယားကျေးရွာဘက်ခြမ်းမှာ သူရောက်နေတယ်လို့ မြေပြင်သတင်းကြားရ တယ်။ ကျနော်တို့သွားပြီးစုံစမ်းတော့ သူမရှိတော့ပြန်ဘူး ဖြစ်နေတယ်လေ” ဟု ပြောသည်။

ပြီးခဲ့သည့် လလယ်ပိုင်းက ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရထံမှ လက်နက်အကူအညီအပြင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းတချို့ အကူအညီဖြင့် မွန်နယ်မြေတွင် ပြန်လည်အခြေချ မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါကိစ္စအပေါ် နိုင်အောင်မငေးက “ကျနော်တို့ ဗဟိုကော်မတီဝင်ဟောင်းတွေဖြစ်ကြတဲ့ နိုင်တင်အောင်ရော၊ ကိုစိုးမြင့်ကိုရော တိုက်ရိုက်ဆက်သွယ်တယ်။ သူတို့က ဒီကိစ္စမှာ လုံးဝ
ပါဝင်ပတ်သက်မှု မရှိဘူး၊ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမျိုးသား သစ္စာဖောက်တယောက် ဖြစ်နေမှာမို့လို့ ဒီကိစ္စမှာ ပါဝင်ကူညီမှုမရှိဘူးလို့ သူတို့ကပြောတယ်”
ဟု ပြောသည်။

စစ်အစိုးရသည် ၎င်းတို့အပေါ် ဆန့်ကျင်သော အဖွဲ့အစည်းမှန်သမျှကို ဖဲ့ထုတ်စည်းရုံးခြင်း
အပါအ၀င် နည်းမျိုးစုံနှင့် သတ်လျှိုဖြိုခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနဌာနမှ ဦးဌေးအောင်က ပြောသည်။

၎င်းက “ဥပမာအားဖြင့် ကေအန်ယူမှာဆိုလို့ရှိရင်လည်း ဗိုလ်ချုပ်ထိန်မောင်တို့ဖြစ်ခဲ့တဲ့ သာဓ ကတွေ၊ တခြားလူတွေမှာလည်း ဖြစ်ခဲ့တဲ့သာဓကတွေ အများကြီးရှိတယ်။ မွန်ပြည်သစ်ပါတီ မှာလည်း အလားတူ သူတို့ထိုးဖောက်ပြီးတော့ သဘောထားကွဲလာအောင်၊ အချင်းချင်းကြား ထဲမှာ မညီမညွတ်ဖြစ်လာအောင်၊ လုပ်နိုင်တဲ့အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်တယ်”
ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကန့်ကွက် သည့် တခုတည်းသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည်။ ။
ခေတ်ပြိုင်


ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ဒေါက်တိုင်များ


လူမှုရေးအဖွဲ့အစည်း အမည်ခံထားသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ဆောင် ချက်အမှန်ကို ပြည်သူများ သိရှိစေရန်အတွက် ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ ဒေါက် တိုင်များအမည်ရှိ စာအုပ်ကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (NDD) သုတေသန
နှင့် မှတ်တမ်းတင်ဌာနက ယမန်နေ့၌ ဖြန့်ချိ လိုက်သည်။

လူမှုရေးအဖွဲ့အစည်းအမည်ခံ အဆိုပါအဖွဲ့သည် စစ်အာဏာရှင်များ၏ အသုံးချခံဒေါက်တိုင်များ ဖြစ်နေသည့်အခြေအနေများအား ဖော်ပြထား သည့် အဆိုပါစာအုပ်တွင် ဓာတ်ပုံမှတ်တမ်းများ
နှင့် အခန်း (၅) ခန်းပါရှိသည်။

NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ကြီးကြပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်က “ဒီအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် အစစ်အမှန်တွေကို လူထုအများစု ထဲထဲဝင်ဝင် မသိကြဘူး။ အဖွဲ့ထဲ စိတ်မပါဘဲ အသုံးချခံဖြစ်နေရတဲ့ လူတွေ၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေ၊ ဝန်ထမ်းတွေလည်းပဲ စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်နောက်ကွယ်မှာ လှုပ်ရှားနေတာကို မသိကြဘူး။ အဲဒါကိုအမှန်အတိုင်း သိရှိအောင် ကျနော်တို့စုဆောင်းထားတဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံအချက်အလက်တွေ၊ ပြည်တွင်းက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ထောက်ပြပြီး သူတို့အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ရည်ရွယ်ထုတ်ဝေရတာဖြစ်တယ်” ဟု
ပြောသည်။

၁၉၉၃ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့သည် လူမှုရေး အသင်းအဖွဲ့ဖြစ်သော်
လည်း အသင်းနာယကမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး အဖွဲ့ဝင်များမှာ ထိပ်တန်းခေါင်း ဆောင်များ၊ စစ်တိုင်းမှူးများ ပါရှိကြောင်း၊ အသင်းကို နေ့စဉ်စီမံခန့်ခွဲနေသည့် အတွင်းရေးမှူး များအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် လက်ရှိ နအဖဗိုလ်ချုပ်များ၊ ဒု-ဝန်ကြီးများ၊ မြို့တော်ဝန်များကို တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အသင်းတလျှောက်လုံး လုပ်လာခဲ့မှုများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများမဟုတ်ဘဲ စစ်
အစိုးရ၏ နိုင်ငံရေးဦးတည်ချက်များအား ထောက်ခံ၊ အကောင်အထည်ဖော်ပေးသည့် လုပ်ရပ် များသာဖြစ်ကြောင်း၊ အထင်ရှားဆုံးအချက်မှာ မကြာခင်မှာပြုလုပ်မည့် စစ်အာဏာရှင်စနစ်ကို အတည်ဖြစ်စေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံလူထုဆန္ဒခံယူပွဲ၊ ၂၀၁၀ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတို့ အတွက် ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး ပြည်သူလူထုကို ခြိမ်းခြောက်စည်းရုံးမှုများလုပ်နေ
သည်ဟု ဦးဌေးအောင်က ပြောသည်။

ယင်းသို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ယင်းစနစ်၏ ဒေါက်တိုင်အဖြစ် နအဖက အကောင်အထည်ဖော်နေမှုများကို အများသိရှိရန် ယခုကဲ့သို့ စာအုပ်ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စာအုပ်အလိုရှိသူများ NDD-DRD စာတိုက်သေတ္တာအမှတ် ၁၇၉၊ မဲဆောက် စာပို့သင်္ကေတ
၆၃၁၁၀ နှင့် အီးမေးလ်လိပ်စာ ndddrd07@csloxinfo.com သို့ ဆက်သွယ်နိုင်သည်။ ။